• Follow Us on

Home မြင်းခြံ ZERO ပျောက်ကျားအဖွဲ့မှ PDF အဖွဲ့ဝင်များ ဖမ်းဆီးခံခဲ့ရ

မြင်းခြံ ZERO ပျောက်ကျားအဖွဲ့မှ PDF အဖွဲ့ဝင်များ ဖမ်းဆီးခံခဲ့ရ

Share this post

မန္တလေး၊ ဇန်နဝါရီ ၂၂ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ လှုပ်ရှားနေသည့် ZERO ပျောက်ကျားအဖွဲ့မှ PDF အဖွဲ့ဝင်များ ဖမ်းဆီးခံခဲ့ရကြောင်း ဇန်နဝါရီ ၂၂ ရက်နေ့၌ အဆိုပါ PDF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းက မြင်းခြံ ZERO ပျောက်ကျားအဖွဲ့မှ PDF အဖွဲ့ဝင် ၄ ဦး ဖမ်းဆီးခံခဲ့ရသည့် ရုပ်သံဖိုင်သည် လူမှုကွန်ယက်၌ ထွက်ပေါ်လာခဲ့သည်။

 

“မြင်းခြံ ZERO PDF အဖွဲ့ဝင်လေးဦးကို ဖမ်းဆီးထားကြောင်း” တာဝန်ရှိသူအချို့က အတည်ပြုသည်။

 

အလားတူ မြင်းခြံမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းအချို့ကို လုပ်ကြံသတ်ဖြတ်ခံ ရမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

 

Photo – မြင်းခြံ ZERO PDF အဖွဲ့ခေါင်းဆောင်

 

#PeopleMedia #ZERO

 

(unicode)


…………………………………………………….

 

မန်တလေး၊ ဇနျနဝါရီ ၂၂ (People Media)

 


 


 


 


 


 

#PeopleMedia #ZERO


Share this post