• Follow Us on
Latest News

Home မြစ်ငယ်မြို့ဈေးရှေ့၌ COVID-19 ကာကွယ်ရေးအတွက် Mask များပေးဝေနေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချို သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

မြစ်ငယ်မြို့ဈေးရှေ့၌ COVID-19 ကာကွယ်ရေးအတွက် Mask များပေးဝေနေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချို သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

ရန်ကုန်၊ ဇူလိုင် – ၁၄ (People media)

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့ ဈေးရှေ့၌ COVID-19 ကာကွယ်ရေးအတွက် Mask များ ပေးဝေနေစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သက်သက်ချိုသည် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်း၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်သက်သက်ချိုနှင့် အဖွဲ့သည် မြစ်ငယ်မြို့ ဈေးရှေ့၌ COVID19 ကာကွယ်ရေးအတွက် Mask များ ပေးဝေနေစဉ် အမျုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဒေါ်သက်သက်ချု ကို သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပါတယ်။

 

ဒေါ်သက်သက်ချိုသည် ဦးခေါင်းကို ကျည်ထိမှန်ပြီး နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

 

ထို့အတူ ဒေါ်သက်သက်ချိုနှင့် Mask များ ဝေပေးရာတွင် ပါဝင်သူ (၃)ဦးလည်း ကျည်ထိမှန် ဒဏ်ရာများ ရရှိခဲ့ပါတယ်။

 

လက်ရှိအချိန်၌ သေနတ်သမားကို သက်ဆိုင်ရာက ဖမ်းဆီးနိုင်မှု မရှိသေးပါဘူး။

 

#PeopleMedia #Mask #COVID19 #မြစ်ငယ်မြို့

 

(unicode)


………………………………………………………….

 


 


 


 


 


 


 



Share this post