• Follow Us on
Latest News

Home ျမစ္ဆုံစီမံကိန္းကို သေဘာမတူသည့္ဆႏၵ ကခ်င္ျပည္သူလူထုရင္ထဲ ကိန္းေအာင္းေနဆဲဟုဆို

ျမစ္ဆုံစီမံကိန္းကို သေဘာမတူသည့္ဆႏၵ ကခ်င္ျပည္သူလူထုရင္ထဲ ကိန္းေအာင္းေနဆဲဟုဆို

Share this post

ရန္ကုန္၊ ဇူလိုင္၂၈

ျမစ္ဆုံစီမံကိန္းကို လက္ရွိအခ်ိန္ထိ ကခ်င္တိုင္းရင္းသားႏွင့္ကခ်င္ႏိုင္ငံေရးပါတီအားလုံး လက္ခံသေဘာမတူ သည့္ ဆႏၵရင္ထဲကိန္းေအာင္းေနဆဲျဖစ္ေၾကာင္း ကခ်င္လူမႈဖြံ႕ၿဖိဳးေရးကြန္ရက္မွသိရသည္။

ျမစ္ဆုံစီမံကိန္းအေပၚ ေဒသခံမ်ား သေဘာထားႏွင့္ ပတ္သက္၍ ဇူလိုင္ ၂၈ ရက္ PEOPLE MEDIA က ဆက္ သြယ္ေမးျမန္းရာတြင္ ကခ်င္လူမႈဖြံ႕ၿဖိဳးေရးကြန္ရက္မွ အေထြေထြအတြင္းေရးမွဴး ကိုဆာဂ်ီကေျပာသည္။

“ကခ်င္ျပည္သူကဘယ္တစ္ေယာက္မွ သေဘာမတူပါဘူး။ ျမစ္ဆုံစီမံကိန္းျပန္စဖို႔ကေလ။ ျမစ္ဆုံေဒသခံကအစ ျပည္နယ္တစ္ျပည္နယ္လုံး၊ ႏိုင္ငံေရးပါတီကအစ ရပ္မိရပ္ဖ ဘယ္တစ္ေယာက္မွ ဘယ္တစ္ဖြဲ႕မွ သေဘာမတူတဲ့ အတိုင္းအတာေတာ့ရွိတယ္။ ဒါကိုေတာ့ လက္ခံႏိုင္စရာအေၾကာင္းမရွိဘူးလို႔ေျပာၿပီးသားေပါ့။ သေဘာမတူတာ က ဘာလို႔ဒီေလာက္ႀကီးတဲ့ဧရာမေရကာတာႀကီးကိုေဆာက္မလဲဆိုတဲ့ေမးခြန္းကရွိတယ္။ ေနာက္ဆက္တြဲ အက်ိဳးဆက္အေနနဲ႔ ပဋိပကၡေတြလည္းရွိတယ္။ ဒါေၾကာင့္ အသက္အိုးအိမ္စေတးရမဲ့အရာျဖစ္ေနေတာ့ ရမဲ့ အရာနဲ႔ ေပးရမဲ့အရာမတန္ဘူးေပါ့။ ဒါကို လူထုက လက္မခံႏိုင္ဘူးျဖစ္တာ’’ဟု ၎ကေျပာသည္။

အက်ယ္ေပ ၅၀၀ အျမင့္ေပ ၅၀၀ ရွိေသာ ျမစ္ဆုံေရကာတာကို ကခ်င္ျပည္နယ္တြင္ ၂၀၀၇ ခုႏွစ္က စတင္ တည္ေဆာက္ကာ ၂၀၁၇ ခုႏွစ္တြင္ အၿပီးသတ္ေဆာက္လုပ္ရန္ ရည္ရြယ္ထားေသာ္လည္း တစ္ႏိုင္ငံလုံးမွ ကန္႔ကြက္ဆႏၵထုတ္ေဖာ္မႈမ်ားေၾကာင့္ ၂၀၁၁ ခုႏွစ္တြင္ သမၼတဦးသိန္းစိန္မွ ၎လက္ထက္အတြင္း စီမံကိန္း ယာယီရပ္ဆိုင္းခဲ့သည္။

“၂၀၂၀ ေရြးေကာက္ပြဲက်ရင္ ျမစ္ဆုံစီမံကိန္းရပ္ဆိုင္းေပးမယ္ဆိုတဲ့ မဲဆြယ္ကတိက ပါလာေကာင္းပါလာႏိုင္ တယ္။ အဲဒီေတာ့ ဒီတစ္ခါေတာ့ စာခ်ဳပ္ခ်ျပမယ္ဆိုတဲ့အပိုင္းက ဘာမွထူးလာမွာမဟုတ္ဘူး။ ဒါကိုလုံး၀ရပ္ဆိုင္း ပစ္မယ္ဆိုတဲ့အပိုင္းကအဓိကက်မယ္။ဒါေပမဲ့ ျပည္သူလူထုကေတာ့ခ်င့္ခ်ိန္ၿပီးမွနားေထာင္ၾကမွာပါ” ဟု ကခ်င္လူမႈဖြံ႕ၿဖိဳးေရးကြန္ရက္မွ အေထြေထြအတြင္းေရးမွဴး ကိုဆာဂ်ီကထပ္မံေျပာသည္။
ကုန္က်ေငြအေမရိကန္ေဒၚလာ ၃ ဒသမ ၆ ဘီလီယံတန္ဖိုးရွိ ျမစ္ဆုံေရကာတာစီမံကိန္းကို တ႐ုတ္ႏိုင္ငံမွ CPI ကုမၸဏီႏွင့္ ျမန္မာႏိုင္ငံတို႔ အက်ိဳးတူပူးေပါင္းေဆာင္ရြက္ျခင္းျဖစ္ၿပီး စီမံကိန္းၿပီးစီးပါက လွ်ပ္စစ္ဓါတ္အားမဂၢါ၀ပ္ ၃၆၀၀ မွ ၆၀၀၀ အထိ ထုတ္လုပ္ႏိုင္ရန္ေမွ်ာ္မွန္းထားေၾကာင္းသိရသည္။

#PeopleMedia

(unicode)
မြစ်ဆုံစီမံကိန်းကို သဘောမတူသည့်ဆန္ဒ ကချင်ပြည်သူလူထုရင်ထဲ ကိန်းအောင်းနေဆဲဟုဆို
……………………………………………………………………..

ရန်ကုန်၊ ဇူလိုင်၂၈

မြစ်ဆုံစီမံကိန်းကို လက်ရှိအချိန်ထိ ကချင်တိုင်းရင်းသားနှင့်ကချင်နိုင်ငံရေးပါတီအားလုံး လက်ခံသဘောမတူ သည့် ဆန္ဒရင်ထဲကိန်းအောင်းနေဆဲဖြစ်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်မှသိရသည်။

မြစ်ဆုံစီမံကိန်းအပေါ် ဒေသခံများ သဘောထားနှင့် ပတ်သက်၍ ဇူလိုင် ၂၈ ရက် PEOPLE MEDIA က ဆက် သွယ်မေးမြန်းရာတွင် ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ကိုဆာဂျီကပြောသည်။

“ကချင်ပြည်သူကဘယ်တစ်ယောက်မှ သဘောမတူပါဘူး။ မြစ်ဆုံစီမံကိန်းပြန်စဖို့ကလေ။ မြစ်ဆုံဒေသခံကအစ ပြည်နယ်တစ်ပြည်နယ်လုံး၊ နိုင်ငံရေးပါတီကအစ ရပ်မိရပ်ဖ ဘယ်တစ်ယောက်မှ ဘယ်တစ်ဖွဲ့မှ သဘောမတူတဲ့ အတိုင်းအတာတော့ရှိတယ်။ ဒါကိုတော့ လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့ပြောပြီးသားပေါ့။ သဘောမတူတာ က ဘာလို့ဒီလောက်ကြီးတဲ့ဧရာမရေကာတာကြီးကိုဆောက်မလဲဆိုတဲ့မေးခွန်းကရှိတယ်။ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ပဋိပက္ခတွေလည်းရှိတယ်။ ဒါကြောင့် အသက်အိုးအိမ်စတေးရမဲ့အရာဖြစ်နေတော့ ရမဲ့ အရာနဲ့ ပေးရမဲ့အရာမတန်ဘူးပေါ့။ ဒါကို လူထုက လက်မခံနိုင်ဘူးဖြစ်တာ’’ဟု ၎င်းကပြောသည်။

အကျယ်ပေ ၅၀၀ အမြင့်ပေ ၅၀၀ ရှိသော မြစ်ဆုံရေကာတာကို ကချင်ပြည်နယ်တွင် ၂၀၀၇ ခုနှစ်က စတင် တည်ဆောက်ကာ ၂၀၁၇ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်ရန် ရည်ရွယ်ထားသော်လည်း တစ်နိုင်ငံလုံးမှ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများကြောင့် ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်မှ ၎င်းလက်ထက်အတွင်း စီမံကိန်း ယာယီရပ်ဆိုင်းခဲ့သည်။

“၂၀၂၀ ရွေးကောက်ပွဲကျရင် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပေးမယ်ဆိုတဲ့ မဲဆွယ်ကတိက ပါလာကောင်းပါလာနိုင် တယ်။ အဲဒီတော့ ဒီတစ်ခါတော့ စာချုပ်ချပြမယ်ဆိုတဲ့အပိုင်းက ဘာမှထူးလာမှာမဟုတ်ဘူး။ ဒါကိုလုံးဝရပ်ဆိုင်း ပစ်မယ်ဆိုတဲ့အပိုင်းကအဓိကကျမယ်။ဒါပေမဲ့ ပြည်သူလူထုကတော့ချင့်ချိန်ပြီးမှနားထောင်ကြမှာပါ” ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ကိုဆာဂျီကထပ်မံပြောသည်။
ကုန်ကျငွေအမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ မြစ်ဆုံရေကာတာစီမံကိန်းကို တရုတ်နိုင်ငံမှ CPI ကုမ္ပဏီနှင့် မြန်မာနိုင်ငံတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးပါက လျှပ်စစ်ဓါတ်အားမဂ္ဂါဝပ် ၃၆၀၀ မှ ၆၀၀၀ အထိ ထုတ်လုပ်နိုင်ရန်မျှော်မှန်းထားကြောင်းသိရသည်။

#PeopleMedia


Share this post