• Follow Us on

Home မြစ်ဆုံစီမံကိန်းအပေါ် ပြည်ထောင်စုဝန်ကြီးဟောင်း ဘာပြောလဲ

မြစ်ဆုံစီမံကိန်းအပေါ် ပြည်ထောင်စုဝန်ကြီးဟောင်း ဘာပြောလဲ

Share this post

“မြစ်ဆုံနဲ့ ပတ်သက်ရင် နည်းနည်းလေးတော့ အချိန်လေးတစ်ခုယူပြီး ဖြေရှင်းရ မယ်ထင်ပါတယ်။ အချိန်ယူပြီး ဖြေရှင်းရင် အဆင်ပြေသွားမယ်လို့ထင်ပါတယ်” ဦးခင်မောင်စိုး (လျှပ်စစ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဟောင်း)

 

“ပြည်သူနဲ့အစိုးရနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်ရင် လုပ်ချင်လည်းလုပ် မလုပ်ချင်လည်းမလုပ်နဲ့ တစ်ခုခုတော့ ဖြစ်လာမှာပဲ” ဦးခင် မောင်စိုး (လျှပ်စစ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဟောင်း)

 

မြစ်ဆုံစီမံကိန်းကို တပ်မတော်အစိုးရလက်ထက်၌ အကောင်အထည်ဖော်ရန် တရုတ်နှင့်မြန်မာ သဘောတူညီ ခဲ့ပါတယ်။ ထို့နောက် ဦးသိန်းစိန်အစိုးရတက် လာပြီးနောက် မြစ်ဆုံစီမံကိန်းအပေါ် မြန်မာတစ်နိုင်ငံလုံးမှ ကန့် ကွက်ခဲ့သောကြောင့် ၄င်း၏ အစိုးရသက်တမ်းအတွင်း၌ ရပ်ဆိုင်းခဲ့ပါတယ်။

 

NLD ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ကာလ၌ မြစ်ကြီးနားခရီးစဉ် ၌ ၄င်းတို့ပါတီအစိုးရဖြစ်ပါက မြစ်ဆုံစာချုပ်ကို ပြည်သူ များကို ချပြမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ လက်ရှိ အချိန်၌ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်) က မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ြ ပည်သူ များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိတော့ပါဘူး။

 

ဦးသိန်းစိန်အစိုးရလက်ထက်၌ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်းအခြေအနေများကို လူထုမီဒီယာမှ ဦးခင်မောင်စိုး (လျှပ်စစ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဟောင်း) နှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။


Share this post
https://www.facebook.com/1120229281493723/videos/388261115116140/