• Follow Us on

Home ျမစ္ဆုံစီမံကိန္း အၿပီးတုိင္ ရပ္ဆုိင္းေရး ေဆာင္ရြက္မည္ဟု ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ ေျပာဆုိ

ျမစ္ဆုံစီမံကိန္း အၿပီးတုိင္ ရပ္ဆုိင္းေရး ေဆာင္ရြက္မည္ဟု ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ ေျပာဆုိ

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၂

လာမည့္ေရြးေကာက္ပြဲ၌ ကခ်င္ျပည္နယ္ျပည္သူ႔ပါတီကုိယ္စားလွယ္မ်ားသည္ ျပည္ေထာင္စု၊ ျပည္နယ္ လႊတ္ေတာ္မ်ား၌ ေရြးေကာက္တင္ေျမာက္ျခင္းခံရလွ်င္ ျမစ္ဆုံစီမံကိန္း အၿပီးတုိင္ ရပ္ဆုိင္းေရးအတြက္ လႊတ္ေတာ္တြင္း/လႊတ္ေတာ္ျပင္ပ၌ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ပါတီဗဟုိေအာင္ႏုိင္ေရးေကာ္မတီဝင္ ဦးေနာ္ခုန္းက ေျပာပါတယ္။

“ျမစ္ဆုံစီမံကိန္း အၿပီးတုိင္ ရပ္ဆဲေရးက ပါတီရဲ႕မူဝါဒ ျဖစ္ပါတယ္”လုိ႔ ဦးေနာ္ခုန္းက ေျပာပါတယ္။

ကခ်င္ျပည္နယ္ျပည္သူ႔ပါတီအေနျဖင့္ လာမည့္ေရြးေကာက္ပြဲ၌ပါတီ၏ကုိယ္စားလွယ္မ်ား ေရြးေကာက္တင္ ေျမာက္ခံရလွ်င္ ျမစ္ဆုံစီမံကိန္း အၿပီးတုိင္ ရပ္ဆုိင္းေရး၊ ကခ်င္ျပည္နယ္ရွိ ေဒသခံမ်ား ကန္႔ကြက္သည့္ စီမံကိန္းမ်ား၊ သတၱဳတူးေဖာ္ေရးလုပ္ငန္းမ်ားကုိ ျပန္လည္စီစစ္သြားမယ္လုိ႔ ဦးေနာ္ခုန္းက ဆုိပါတယ္။

ထုိ႔အတူ ကခ်င္ျပည္နယ္၌ လူ႔အခြင့္အေရးအမ်ားဆုံး ခ်ဳိးေဖာက္ခံရသည့္ လုပ္ငန္းခြင္ျဖစ္သည့္ တရုတ္ ႏုိင္ငံသားပုိင္ တစ္ရႈးဌက္ေပ်ာစုိက္ခင္းမ်ားကုိ အရပ္ဘက္အဖြဲ႕မ်ား၊ ပါတီတာဝန္ရွိသူမ်ား ပူးေပါင္းၿပီး သုေသတနေဆာင္ရြက္၍ မူဝါဒမ်ား ခ်မွတ္အေကာင္ထည္ေဖာ္မယ္လုိ႔ ဦးေနာ္ခုန္းက ေျပာပါတယ္။

ကခ်င္ျပည္နယ္ျပည္သူ႔ပါတီသည္ ကခ်င္ျပည္နယ္အေျခအစုိက္ ေဒသအင္အားၾကီးပါတီတစ္ခုျဖစ္ၿပီး လာမည့္ေရြးေကာက္ပြဲ၌ ျပည္နယ္မဲဆႏၵနယ္ (၆၇)ေနရာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ပါတယ္။

ပါတီေအာင္ႏုိင္ေရး ရလဒ္အျဖစ္ ျပည္နယ္အဆင့္၌ မဲဆႏၵနယ္ေျမ (၃၀)ႏွင့္ျပည္ေထာင္စုအဆင့္၌ (၂၅)ေနရာ ခန္႔မွန္းထားပါတယ္။

Photo – KSPP Youth

#PeopleMedia #ဦးေနာ္ခုန္း #ကခ်င္ျပည္နယ္ျပည္သူ႔ပါတီ #2020election #KSPP

(Unicode)
မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေး ဆောင်ရွက်မည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ ပြောဆို
……………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၂

လာမည့်ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်ပြည်သူ့ပါတီကိုယ်စားလှယ်များသည် ပြည်ထောင်စု၊ ပြည်နယ် လွှတ်တော်များ၌ ရွေးကောက်တင်မြောက်ခြင်းခံရလျှင် မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေးအတွက် လွှတ်တော်တွင်း/လွှတ်တော်ပြင်ပ၌ ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီဗဟိုအောင်နိုင်ရေးကော်မတီဝင် ဦးနော်ခုန်းက ပြောပါတယ်။

“မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆဲရေးက ပါတီရဲ့မူဝါဒ ဖြစ်ပါတယ်”လို့ ဦးနော်ခုန်းက ပြောပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် လာမည့်ရွေးကောက်ပွဲ၌ပါတီ၏ကိုယ်စားလှယ်များ ရွေးကောက်တင် မြောက်ခံရလျှင် မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရေး၊ ကချင်ပြည်နယ်ရှိ ဒေသခံများ ကန့်ကွက်သည့် စီမံကိန်းများ၊ သတ္တုတူးဖော်ရေးလုပ်ငန်းများကို ပြန်လည်စီစစ်သွားမယ်လို့ ဦးနော်ခုန်းက ဆိုပါတယ်။

ထို့အတူ ကချင်ပြည်နယ်၌ လူ့အခွင့်အရေးအများဆုံး ချိုးဖောက်ခံရသည့် လုပ်ငန်းခွင်ဖြစ်သည့် တရုတ် နိုင်ငံသားပိုင် တစ်ရှုးဌက်ပျောစိုက်ခင်းများကို အရပ်ဘက်အဖွဲ့များ၊ ပါတီတာဝန်ရှိသူများ ပူးပေါင်းပြီး သုသေတနဆောင်ရွက်၍ မူဝါဒများ ချမှတ်အကောင်ထည်ဖော်မယ်လို့ ဦးနော်ခုန်းက ပြောပါတယ်။

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် ကချင်ပြည်နယ်အခြေအစိုက် ဒေသအင်အားကြီးပါတီတစ်ခုဖြစ်ပြီး လာမည့်ရွေးကောက်ပွဲ၌ ပြည်နယ်မဲဆန္ဒနယ် (၆၇)နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ပါတီအောင်နိုင်ရေး ရလဒ်အဖြစ် ပြည်နယ်အဆင့်၌ မဲဆန္ဒနယ်မြေ (၃၀)နှင့်ပြည်ထောင်စုအဆင့်၌ (၂၅)နေရာ ခန့်မှန်းထားပါတယ်။

Photo – KSPP Youth

#PeopleMedia #ဦးနော်ခုန်း #ကချင်ပြည်နယ်ပြည်သူ့ပါတီ #2020election #KSPP


Share this post