• Follow Us on

Home ျမစ္ဆုံ စီမံကိန္းႏွင့္ ပတ္သက္သည့္ အေရးကိစၥမ်ားကို တိတိက်က် ေျဖရွင္းေပးရန္ ေဒသခံမ်ားလိုလား

ျမစ္ဆုံ စီမံကိန္းႏွင့္ ပတ္သက္သည့္ အေရးကိစၥမ်ားကို တိတိက်က် ေျဖရွင္းေပးရန္ ေဒသခံမ်ားလိုလား

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၃၀
လက္ရွိအစိုးရ၏ ၂၀၁၅ ေရြးေကာက္ပြဲ ကတိကဝတ္ျဖစ္တဲ့ ျမစ္ဆုံ စီမံကိန္းႏွင့္ ပတ္သက္တဲ့ အေရးကိစၥေတြကို တိတိက်က် ေျဖရွင္းေပးဖို႔ ျမစ္ႀကီးနားၿမိဳ႕နယ္ ဧရာဝတီျမစ္ဆုံ ေဒသခံမ်ားက လိုလားေနပါတယ္။
၂၀၁၅ ေရြးေကာက္ပြဲမတိုင္မီကာလတြင္ ေပးခဲ့တဲ့ လက္ရွိအစိုးအရ၏ ျမစ္ဆုံႏွင့္ ပတ္သက္သည့္ ကတိကဝတ္မ်ားမွာ ယခု ၂၀၂၀ ေရြးေကာက္ပြဲ ရွိေတာ့မယ့္အခ်ိန္အထိ ေရေရရာရာ ေျဖရွင္းေပးျခင္းမရွိတဲ့အတြက္ လက္ရွိ အစိုးရသက္တမ္းကာလအတြင္း ျမစ္ဆုံအေရး ကိစၥေတြကို တိတိက်က်ေျဖရွင္းေစခ်င္တယ္ဟု ေဒၚလုရာက ေျပာပါတယ္။
ဒီကေန႔မွာေတာ့ ျမစ္ဆုံစီမံကိန္းရပ္ဆိုင္းခဲ့သည့္ ၉ ႏွစ္ျပည့္ အထိမ္းအမွတ္ဆိုၿပီး ျမစ္ဆုံေဒသခံမ်ား စုေပါင္းကာ ၎တို႔ရဲ့ ရြာေဟာင္းမွာ ျခဳံႏြယ္ပိတ္ေပါင္း ရွင္းလင္းေရး ျပဳလုပ္ခဲ့ၾကပါတယ္။
အခုလို ျပဳလုပ္ရတာဟာ လက္ရွိအစိုးရကို ျမစ္ဆုံစီမံကိန္းႏွင့္ ပတ္သက္ၿပီး ေပးထားခဲ့တဲ့ ကတိကဝတ္ ေတြကို သတိေပးလိုတဲ့ အေနနဲ႔ လုပ္ေဆာင္ရျခင္းျဖစ္တယ္လို႔ ျမစ္ဆုံေဒသခံ ေဒၚလုရာက ဆက္လက္ ေျပာျပပါတယ္။
ဒီေန႔ တန္ဖဲရြာေဟာင္းမွာ ျပဳလုပ္တဲ့ ရွင္းလင္းေရးျပဳလုပ္ရာမွာ ပါဝင္သူ လူငယ္တစ္ဦးျဖစ္တဲ့ ျမစ္ဆုံေဒသခံတစ္ဦးျဖစ္သူ ကိုဆြတ္ရိန္ေနာ္ေနာ္ ကလဲ အခုလို ေျပာပါတယ္။
“စီမံကိန္း လုပ္မယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ ေျပာင္းခဲ့ရတယ္၊ စီမံကိန္း မျဖစ္ေတာ့ဘူး ဆိုရင္လဲ က်ေနာ္တို႔ ဒီမွာ ျပန္ေနခ်င္တယ္၊ ဒါေၾကာင့္ က်ေနာ္တို႔ရြာကို သန႔္သန႔္ရွင္းရွင္းေလးျဖစ္ေအာင္ လာ ေရာက္ ရွင္းလင္းတာ ျဖစ္ပါတယ္” လို႔ ဆိုပါတယ္။
ဒီကေန႔ စက္တင္ဘာလ မနက္ပိုင္းကေန စတင္ၿပီး ျမစ္ဆုံေဒသခံ လူငယ္အေယာက္ ၃၀ တို႔က တန္ဖဲ ၎တို႔ရဲ့ ရြာေဟာင္းမွာ ရွိေနတဲ့ ခ်ဳံႏြယ္ျမက္ပင္မ်ား ရွင္းလင္းေရးမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။
၂၀၁၁ ခုႏွစ္ စက္တင္ဘာလ ၃၀ ရက္ေန႔မွာ သမၼတ ဦးသိန္းစိန္က ၎၏ သမၼတရာထူးသက္တမ္း (၂၀၁၁ – ၂၀၁၆) အတြင္း ျမစ္ဆုံစီမံကိန္းအား ရပ္ဆိုင္းထားမည္ဟု ေၾကညာကာ ရပ္ဆိုင္းထားခဲ့ပါတယ္။
အစိုးရျဖစ္လၽွင္ ျမစ္ဆုံစီမံကိန္းနဲ႔ပတ္သက္ၿပီး ပြင့္လင္းျမင္သာစြာ ခ်ျပမည့္ ဟု ေႂကြးေၾကာ္ ကတိေပးခဲ့တဲ့ လက္ရွိအစိုးရကို ျမစ္ဆုံ စီမံကိန္းနဲ႔ ပတ္သက္တဲ့ အေရးကိစၥေတြ တိတိက်က် ရွင္းရွင္းလင္းလင္း ေျဖရွင္းေပးဖို႔ ယခုလို ေဒသခံျပည္သူမ်ားက လိုလားေနေသာ္လည္း လက္ရွိ အစိုးရကေတာ့ ယခုအခ်ိန္အထိ ေရေရရာရာ ေျဖရွင္းေပးျခင္း မရွိေသးပါဘူး။
သက္ေဝ
#PeopleMedia #EPN #ျမစ္ဆုံ

(unicode)

မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သည့် အရေးကိစ္စများကို တိတိကျကျ ဖြေရှင်းပေးရန် ဒေသခံများလိုလား
မြစ်ကြီးနား၊ စက်တင်ဘာ ၃၀
လက်ရှိအစိုးရ၏ ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်တဲ့ မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်တဲ့ အရေးကိစ္စတွေကို တိတိကျကျ ဖြေရှင်းပေးဖို့ မြစ်ကြီးနားမြို့နယ် ဧရာဝတီမြစ်ဆုံ ဒေသခံများက လိုလားနေပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကာလတွင် ပေးခဲ့တဲ့ လက်ရှိအစိုးအရ၏ မြစ်ဆုံနှင့် ပတ်သက်သည့် ကတိကဝတ်များမှာ ယခု ၂၀၂၀ ရွေးကောက်ပွဲ ရှိတော့မယ့်အချိန်အထိ ရေရေရာရာ ဖြေရှင်းပေးခြင်းမရှိတဲ့အတွက် လက်ရှိ အစိုးရသက်တမ်းကာလအတွင်း မြစ်ဆုံအရေး ကိစ္စတွေကို တိတိကျကျဖြေရှင်းစေချင်တယ်ဟု ဒေါ်လုရာက ပြောပါတယ်။
ဒီကနေ့မှာတော့ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းခဲ့သည့် ၉ နှစ်ပြည့် အထိမ်းအမှတ်ဆိုပြီး မြစ်ဆုံဒေသခံများ စုပေါင်းကာ ၎င်းတို့ရဲ့ ရွာဟောင်းမှာ ခြုံနွယ်ပိတ်ပေါင်း ရှင်းလင်းရေး ပြုလုပ်ခဲ့ကြပါတယ်။
အခုလို ပြုလုပ်ရတာဟာ လက်ရှိအစိုးရကို မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ပေးထားခဲ့တဲ့ ကတိကဝတ် တွေကို သတိပေးလိုတဲ့ အနေနဲ့ လုပ်ဆောင်ရခြင်းဖြစ်တယ်လို့ မြစ်ဆုံဒေသခံ ဒေါ်လုရာက ဆက်လက် ပြောပြပါတယ်။
ဒီနေ့ တန်ဖဲရွာဟောင်းမှာ ပြုလုပ်တဲ့ ရှင်းလင်းရေးပြုလုပ်ရာမှာ ပါဝင်သူ လူငယ်တစ်ဦးဖြစ်တဲ့ မြစ်ဆုံဒေသခံတစ်ဦးဖြစ်သူ ကိုဆွတ်ရိန်နော်နော် ကလဲ အခုလို ပြောပါတယ်။
“စီမံကိန်း လုပ်မယ်ဆိုပြီးတော့ ကျနော်တို့ ပြောင်းခဲ့ရတယ်၊ စီမံကိန်း မဖြစ်တော့ဘူး ဆိုရင်လဲ ကျနော်တို့ ဒီမှာ ပြန်နေချင်တယ်၊ ဒါကြောင့် ကျနော်တို့ရွာကို သန့်သန့်ရှင်းရှင်းလေးဖြစ်အောင် လာ ရောက် ရှင်းလင်းတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒီကနေ့ စက်တင်ဘာလ မနက်ပိုင်းကနေ စတင်ပြီး မြစ်ဆုံဒေသခံ လူငယ်အယောက် ၃၀ တို့က တန်ဖဲ ၎င်းတို့ရဲ့ ရွာဟောင်းမှာ ရှိနေတဲ့ ချုံနွယ်မြက်ပင်များ ရှင်းလင်းရေးများ ပြုလုပ်ခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က ၎င်း၏ သမ္မတရာထူးသက်တမ်း (၂၀၁၁ – ၂၀၁၆) အတွင်း မြစ်ဆုံစီမံကိန်းအား ရပ်ဆိုင်းထားမည်ဟု ကြေညာကာ ရပ်ဆိုင်းထားခဲ့ပါတယ်။
အစိုးရဖြစ်လျှင် မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ချပြမည့် ဟု ကြွေးကြော် ကတိပေးခဲ့တဲ့ လက်ရှိအစိုးရကို မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေ တိတိကျကျ ရှင်းရှင်းလင်းလင်း ဖြေရှင်းပေးဖို့ ယခုလို ဒေသခံပြည်သူများက လိုလားနေသော်လည်း လက်ရှိ အစိုးရကတော့ ယခုအချိန်အထိ ရေရေရာရာ ဖြေရှင်းပေးခြင်း မရှိသေးပါဘူး။
သက်ဝေ

Share this post