• Follow Us on

Home ျမစ္ညာတြင္ တ႐ုတ္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကိုကာမိရန္ ျဗဟၼပုတၱရျမစ္တြင္ တမံတည္ေဆာက္ေရး အိႏၵိယစီစဥ္ေန

ျမစ္ညာတြင္ တ႐ုတ္ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကိုကာမိရန္ ျဗဟၼပုတၱရျမစ္တြင္ တမံတည္ေဆာက္ေရး အိႏၵိယစီစဥ္ေန

Share this post

နယူးေဒလီ၊ ဒီဇင္ဘာ ၂
 
ျဗဟၼပုတၱရျမစ္အပိုင္းတပိုင္းတြင္ တ႐ုတ္ႏိုင္ငံက တမံမ်ားတည္ေဆာက္ရန္႐ွိေနေၾကာင္း သတင္းမ်ားတြင္ ေဖာ္ျပၿပီးေနာက္ အိႏၵိယႏိုင္ငံကလည္း လူေနထိုင္မႈနည္းသည့္ႏိုင္ငံအေ႐ွ႕ပိုင္းျပည္နယ္တြင္ ၁၀ ဂစ္ဂါ၀က္ (GW)ထုတ္ေပးႏိုင္သည့္ ေရအားလွ်ပ္စစ္စီမံကိန္းတည္ေဆာက္ရန္စီစဥ္ေနသည္ဟု အိႏၵိယအရာ႐ွိ တေယာက္က အဂၤါေန႔တြင္ေျပာသည္။
 
ယာလံုဆန္ဘိုဟု တ႐ုတ္တြင္သိၾကသည့္ျမစ္သည္ တိဗက္မွအိႏၵိယႏိုင္ငံ၊ အ႐ြန္နာခ်ယ္ပရာေဒ့႐ွ္ျပည္နယ္သို႔ စီးဆင္းၿပီး အာသံမွဘဂၤလားေဒ့႐ွ္သို႔ဆက္လက္စီးဆင္းသည္။ တ႐ုတ္စီမံကိန္းမ်ားေၾကာင့္ အိႏၵိယတြင္ ႐ုတ္တရက္ေရႀကီးမႈမ်ားသို႔ ေရ႐ွားပါးမႈမ်ားျဖစ္မည္ကို အိႏၵိယအာဏာပိုင္မ်ားက စိုးရိမ္ေနၾကသည္။
 
အိႏၵိယႏိုင္ငံ၏စီမံကိန္းသည္ တ႐ုတ္တမံမ်ား၏ျမစ္ေရစီးေၾကာင္းအေပၚဆိုးက်ိဳးသက္ေရာက္မႈေလ်ာ့ပါးေစရန္ ႀကီးမားေသာေရေလွာင္ကန္ကိုဖန္တီးႏိုင္မည္ဟု အိႏၵိယေရအရင္းျမစ္၀န္ႀကီးဌာနမွအရာ႐ွိႀကီး တီအက္စ္ မာရာ က ႐ိုက္တာသတင္းေအဂ်င္စီကိုေျပာသည္။
 
တ႐ုတ္ႏွင့္အိႏၵိယႏိုင္ငံတို႔ၾကား သံတမန္ဆက္ဆံေရးသည္ အနိမ့္ဆံုးအဆင့္ေရာက္ေနၿပီး အေနာက္ဟိမ၀ႏၲာ နယ္စပ္တြင္ လေပါင္းမ်ားစြာထိပ္တိုက္ေတြ႕ဆံုမႈမ်ား႐ွိေနသည္။ ျဗဟၼပုတၱရျမစ္တြင္ တမံေဆာက္ပါက ေနာက္ထပ္အဆင့္တခုအထိထပ္မံဆိုး႐ြားသြားႏိုင္သည္ဟု ေလ့လာသံုးသပ္သူတခ်ိဳ႕က သတိေပးေနသည္။
 
ျဗဟၼပုတၱရျမစ္တြင္ ၆၀ ဂစ္ဂါ၀က္႐ွိမည့္ေရအားလွ်ပ္စစ္စက္႐ံုတည္ေဆာက္မည္ဟု အႀကီးတန္းအရာ႐ွိတေ ယာက္ကိုကိုးကားၿပီး တ႐ုတ္အစိုးရမီဒီယာမ်ားကေဖာ္ျပသည္။
 
Ref : ‘ India plans dam on Brahmaputra to offset Chinese construction upstream
 
#PeopleMedia
 
(unicode)
မြစ်ညာတွင် တရုတ်ဆောက်လုပ်ရေးလုပ်ငန်းများကိုကာမိရန် ဗြဟ္မပုတ္တရမြစ်တွင် တမံတည်ဆောက်ရေး အိန္ဒိယစီစဉ်နေ
………………………………………………..
 
နယူးဒေလီ၊ ဒီဇင်ဘာ ၂
 
ဗြဟ္မပုတ္တရမြစ်အပိုင်းတပိုင်းတွင် တရုတ်နိုင်ငံက တမံများတည်ဆောက်ရန်ရှိနေကြောင်း သတင်းများတွင် ဖော်ပြပြီးနောက် အိန္ဒိယနိုင်ငံကလည်း လူနေထိုင်မှုနည်းသည့်နိုင်ငံအရှေ့ပိုင်းပြည်နယ်တွင် ၁၀ ဂစ်ဂါဝက် (GW)ထုတ်ပေးနိုင်သည့် ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရန်စီစဉ်နေသည်ဟု အိန္ဒိယအရာရှိ တယောက်က အင်္ဂါနေ့တွင်ပြောသည်။
 
ယာလုံဆန်ဘိုဟု တရုတ်တွင်သိကြသည့်မြစ်သည် တိဗက်မှအိန္ဒိယနိုင်ငံ၊ အရွန်နာချယ်ပရာဒေ့ရှ်ပြည်နယ်သို့ စီးဆင်းပြီး အာသံမှဘင်္ဂလားဒေ့ရှ်သို့ဆက်လက်စီးဆင်းသည်။ တရုတ်စီမံကိန်းများကြောင့် အိန္ဒိယတွင် ရုတ်တရက်ရေကြီးမှုများသို့ ရေရှားပါးမှုများဖြစ်မည်ကို အိန္ဒိယအာဏာပိုင်များက စိုးရိမ်နေကြသည်။
 
အိန္ဒိယနိုင်ငံ၏စီမံကိန်းသည် တရုတ်တမံများ၏မြစ်ရေစီးကြောင်းအပေါ်ဆိုးကျိုးသက်ရောက်မှုလျော့ပါးစေရန် ကြီးမားသောရေလှောင်ကန်ကိုဖန်တီးနိုင်မည်ဟု အိန္ဒိယရေအရင်းမြစ်ဝန်ကြီးဌာနမှအရာရှိကြီး တီအက်စ် မာရာ က ရိုက်တာသတင်းအေဂျင်စီကိုပြောသည်။
 
တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေးသည် အနိမ့်ဆုံးအဆင့်ရောက်နေပြီး အနောက်ဟိမဝန္တာ နယ်စပ်တွင် လပေါင်းများစွာထိပ်တိုက်တွေ့ဆုံမှုများရှိနေသည်။ ဗြဟ္မပုတ္တရမြစ်တွင် တမံဆောက်ပါက နောက်ထပ်အဆင့်တခုအထိထပ်မံဆိုးရွားသွားနိုင်သည်ဟု လေ့လာသုံးသပ်သူတချို့က သတိပေးနေသည်။
 
ဗြဟ္မပုတ္တရမြစ်တွင် ၆၀ ဂစ်ဂါဝက်ရှိမည့်ရေအားလျှပ်စစ်စက်ရုံတည်ဆောက်မည်ဟု အကြီးတန်းအရာရှိတေ ယာက်ကိုကိုးကားပြီး တရုတ်အစိုးရမီဒီယာများကဖော်ပြသည်။
 
Ref : ‘ India plans dam on Brahmaputra to offset Chinese construction upstream
 
#PeopleMedia

Share this post