• Follow Us on

Home ျမစ္သားၿမိဳ႕ရွိ အာရွအုတ္စက္႐ုံ မီးေလာင္မႈျဖစ္စဥ္၌ အုတ္လုပ္ငန္း ပညာရွင္ တ႐ုတ္နိုင္ငံသားကို အမႈဖြင့္

ျမစ္သားၿမိဳ႕ရွိ အာရွအုတ္စက္႐ုံ မီးေလာင္မႈျဖစ္စဥ္၌ အုတ္လုပ္ငန္း ပညာရွင္ တ႐ုတ္နိုင္ငံသားကို အမႈဖြင့္

Share this post

မႏၲေလး၊စက္တင္ဘာ-၂၂

မႏၲေလးတိုင္းေဒသႀကီး၊ျမစ္သားၿမိဳ႕နယ္ ၊ ျမင္းၿခံ-မႏၲေလး ကားလမ္း အနီး၊ ေပါက္ၿမိဳင္ေက်း႐ြာ အနီးရွိ အာရွ အုတ္စက္႐ုံ ၌ စက္တင္ဘာလ ၂၂ ရက္ နံနက္ ၅ နာရီ (ခန့္) တြင္ ျဖစ္ပြားခဲ့ေသာ မီးေလာင္မႈ တစ္ခု ႏွင့္ ပတ္သက္၍ တ႐ုတ္နိုင္ငံသား အုတ္ဖုတ္ပညာရွင္ တစ္ဦး ကို အမႈဖြင့္ခဲ့သည္။

အာရွေ႐ႊအုတ္စက္႐ုံ မီးေလာင္မႈ ျဖစ္စဥ္မွာ အုတ္လုပ္ငန္း ပညာရွင္ တ႐ုတ္လူမ်ိဳး LIU HANZE သည္ အုတ္ဖုတ္ရာ ၌ အသုံးျပဳသည့္ အုတ္စက္အတြင္း ရွိေက်ာက္မီးေသြး မီးအပူခ်ိန္ကို ကြန္ပ်ဴတာစနစ္ျဖင့္ အပူခ်ိန္ထိန္းညွိေပးရာ အပူခ်ိန္လြန္ကဲၿပီး အုတ္စက္နံရံ ၌ ကာရံထားသည့္ ပလပ္စတစ္နံရံ မွတစ္ဆင့္ စက္႐ုံ ၏ အမိုးသို႔ မီးကူးစက္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း မႏၲေလးတိုင္း ေဒသႀကီး မီးသတ္ဦးစီးဌာန ကသိရသည္။

အုတ္စက္႐ုံ မီးေလာင္ကြၽမ္းမႈကို မီးသတ္ယာဥ္ ၁၀ စီး ႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္ ၃၉ ဦး ျဖင့္ ၄၅ မိနစ္ေက်ာ္ ၾကာျမင့္ေအာင္ မီးၿငိမ္းသတ္ခဲ့ရၿပီး နံနက္ ၅ နာရီ ၄၈ မိနစ္တြင္ မီးၿငိမ္းခဲ့ျခင္းျဖစ္သည္။

အဆိုပါ မီးေလာင္ကြၽမ္းမႈေၾကာင့္ ေငြက်ပ္ ၁၃၄၄၀၀၀ ခန႔္ မီးေလာင္ဆုံးရႈံးပ်က္စီးခဲ့ၿပီး လူႏွင့္တိရိစာၦန္ ထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေၾကာင္း သိရသည္။

မီးေလာင္မႈ ျဖစ္စဥ္ႏွင့္ စပ္လ်ဥ္း၍ တ႐ုတ္လူမ်ိဳးLIU HANZE အား ျမစ္သားၿမိဳ႕မရဲစခန္းမွ (ပ) ၃၃၉/၂၀၂၀၊ရာဇသတ္ႀကီးပုဒ္မ-၂၈၅ ျဖင့္အမႈဖြင့္အေရးယူထားေၾကာင္း သိရၿပီး LIU HANZE သည္ တ႐ုတ္နိုင္ငံ၊ စီခြၽမ္းျပည္နယ္၊ က်င္းထန္ၿမိဳ႕တြင္ ေနထိုင္သူ တစ္ဦး ျဖစ္ေၾကာင္း မီးသတ္ဦးစီး ဌာနမွတ္တမ္းမ်ားအရ သိရသည္။

Photo-တိုင္း မီးသတ္

ေနေသာ္(မန္း)

#PeopleMedia #ျမစ္သားၿမိဳ႕ #တ႐ုတ္နိုင္ငံသား

[Unicode]
မြစ်သားမြို့ရှိ အာရှအုတ်စက်ရုံ မီးလောင်မှုဖြစ်စဉ်၌ အုတ်လုပ်ငန်း ပညာရှင် တရုတ်နိုင်ငံသားကို အမှုဖွင့်

မန္တလေး၊စက်တင်ဘာ-၂၂

မန္တလေးတိုင်းဒေသကြီး၊မြစ်သားမြို့နယ် ၊ မြင်းခြံ-မန္တလေး ကားလမ်း အနီး၊ ပေါက်မြိုင်ကျေးရွာ အနီးရှိ အာရှ အုတ်စက်ရုံ ၌ စက်တင်ဘာလ ၂၂ ရက် နံနက် ၅ နာရီ (ခန့်) တွင် ဖြစ်ပွားခဲ့သော မီးလောင်မှု တစ်ခု နှင့် ပတ်သက်၍ တရုတ်နိုင်ငံသား အုတ်ဖုတ်ပညာရှင် တစ်ဦး ကို အမှုဖွင့်ခဲ့သည်။

အာရှရွှေအုတ်စက်ရုံ မီးလောင်မှု ဖြစ်စဉ်မှာ အုတ်လုပ်ငန်း ပညာရှင် တရုတ်လူမျိုး LIU HANZE သည် အုတ်ဖုတ်ရာ ၌ အသုံးပြုသည့် အုတ်စက်အတွင်း ရှိကျောက်မီးသွေး မီးအပူချိန်ကို ကွန်ပျူတာစနစ်ဖြင့် အပူချိန်ထိန်းညှိပေးရာ အပူချိန်လွန်ကဲပြီး အုတ်စက်နံရံ ၌ ကာရံထားသည့် ပလပ်စတစ်နံရံ မှတစ်ဆင့် စက်ရုံ ၏ အမိုးသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန ကသိရသည်။

အုတ်စက်ရုံ မီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၁၀ စီး နှင့် မီးသတ်တပ်ဖွဲ့ဝင် ၃၉ ဦး ဖြင့် ၄၅ မိနစ်ကျော် ကြာမြင့်အောင် မီးငြိမ်းသတ်ခဲ့ရပြီး နံနက် ၅ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ငွေကျပ် ၁၃၄၄၀၀၀ ခန့် မီးလောင်ဆုံးရှုံးပျက်စီးခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ တရုတ်လူမျိုးLIU HANZE အား မြစ်သားမြို့မရဲစခန်းမှ (ပ) ၃၃၉/၂၀၂၀၊ရာဇသတ်ကြီးပုဒ်မ-၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရပြီး LIU HANZE သည် တရုတ်နိုင်ငံ၊ စီချွမ်းပြည်နယ်၊ ကျင်းထန်မြို့တွင် နေထိုင်သူ တစ်ဦး ဖြစ်ကြောင်း မီးသတ်ဦးစီး ဌာနမှတ်တမ်းများအရ သိရသည်။

Photo-တိုင်း မီးသတ်

နေသော်(မန်း)

#PeopleMedia #မြစ်သားမြို့ #တရုတ်နိုင်ငံသား


Share this post