• Follow Us on

Home မြစ်ကြီးနားခရိုင်တရားရုံးဝင်းအတွင်း လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ် ထိခိုက်ဒဏ်ရာရရှိသူမရှိ

မြစ်ကြီးနားခရိုင်တရားရုံးဝင်းအတွင်း လက်လုပ်ဗုံး ပေါက်ကွဲမှုဖြစ် ထိခိုက်ဒဏ်ရာရရှိသူမရှိ

Share this post

မြစ်ကြီးနား၊ နိုဝင်ဘာ ၃၀ (People Media)

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ခရိုင်တရားရုံးဝင်းအတွင်းတွင် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲမှု နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

 

ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ခရိုင်ရုံးအတွင်းရှိ သက်သေခံဆိုင်ကယ်များထားသည့်နေရာမှ လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

“မနက်ပိုင်းက ဖြစ်တာ အသံကတော့ တော်တော်ကျယ်တယ် ဝန်ထမ်းတွေ တစ်ယောက်မှမရှိတဲ့အချိန်ဆို တော့ ဒဏ်ရာရရှိသူမရှိဘူး။ ရုံးအကာအရံတွေကတော့ ပေါက်ကွဲမှုအရှိန်ကြောင့် ပျက်စီးမှုတချို့တော့ရှိခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းကလဲ မြစ်ကြီးနားရှိ မြို့ပေါ်ရပ်ကွက်တချို့မှာ ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့် ပစ်ခတ်မှုဖြစ်စဉ် တချို့ရှိပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်းသိရပါတယ်။

 

Photo – CJ

 

#PeopleMedia #မြစ်ကြီးနား #ခရိုင်တရားရုံး

 

(unicode)


………………………………………………………..

 


 


 


 


 


 

Photo – CJ

 



Share this post