• Follow Us on

Home မြစ်ကြီးနားစီးပွားရေးဘဏ်ရှေ့ ကားလမ်းမကြီးဘေးတွင် မိုင်းကွဲ

မြစ်ကြီးနားစီးပွားရေးဘဏ်ရှေ့ ကားလမ်းမကြီးဘေးတွင် မိုင်းကွဲ

Share this post

မြစ်ကြီးနား၊ စက်တင်ဘာ ၂၀ (People Media)

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့ ကားလမ်းမကြီးတွင် ယနေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက်  ၉ နာရီခွဲအချိန်ခန့်ကဖြစ်ပွားခဲ့ပြီး ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်၌ ဖြစ်ပွားခဲ့ကြောင်း စီးပွားရေးဘဏ်အနီးတွင် နေထိုင်သည့်အမျိုးသားတစ်ဦးက ဆိုသည်။

 

“မနက် ကိုးနာရီခွဲလောက်မှာဟုတ်တယ်။ အသံကတော့အကျယ်ကြီးပဲ မြေကြီးတောင်တုန်တယ်။ စီးပွားရေး ဘဏ်ဟိုဘက်ခြမ်းလမ်းမကြီးဘက်မှာ ပေါက်ကွဲတာဟုတ်တယ်။ အသံမိုင်းလို့တော့ ပြောကြတယ်” ဟု ယင်းအမျိုးသားက ပြောသည်။

 

အဆိုပါ အသံမိုင်းဟုယူဆရသည့် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်မှုမရှိကြောင်းလည်း သိရသည်။

 

ယင်းပေါက်ကွဲမှုကြောင့် မြစ်ကြီးနားစီးပွားရေးဘဏ်ရှေ့တွင် လမ်းပိတ်ကာ အသွားအလာပြုသည့် ပြည်သူများ အား စစ်ဆေးမှုများရှိခဲ့ပြီး ယခုနေ့လယ်ပိုင်းတွင်ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

မိုးညို(EPN)

 

#PeopleMedia #EPN #မြစ်ကြီးနား #စီးပွားရေးဘဏ်

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 



Share this post