• Follow Us on

Home မြစ်ကြီးနားတွင် ကားတစ်စီးကို တားဆီးရာ ရပ်မပေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

မြစ်ကြီးနားတွင် ကားတစ်စီးကို တားဆီးရာ ရပ်မပေးသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

Share this post

မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၇ (People Media)

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်းရှေ့တွင် အိမ်စီးကားတစ်စီးကို လုံခြုံရေးလှည့်ကင်းအဖွဲ့က စစ်ဆေးမေးမြန်းရန် တားဆီးရာ ရပ်မပေးပဲ မောင်းပြေးသဖြင့် အဆိုပါကားမှာ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံခဲ့ ရကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် စီတာပူမနောကွင်းရှေ့ မြစ်ကြီးနား-ဝိုင်းမော်လမ်းမ ကြီးအတိုင်း မောင်းနင်လာသည့် (Mark II) ကားအမျိုးအစားကို လုံခြုံရေးအရ စစ်ဆေးမြန်းမေးရန် တားဆီးရာ ကားမရပ်ဘဲ အရှိန်ဖြင့် မောင်းပြေးခဲ့သဖြင့် နယ်ထိန်းလှည့်ကင်းအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

 

ဖြစ်စဉ်အနီးတွင် နေထိုင်သည့် မျက်မြင်တွေ့သူတစ်ဦးက ”လူကတော့ တစ်ယောက်ပဲ အမျိုးသားဟုတ်တယ်။ သေနတ်နဲ့ပစ်တော့ မနောကွင်းနဲ့ သိပ်မဝေးဘူး အနီးနားမှာပဲ ကျည်ထိသွားတယ်ထင်တယ် ဖမ်းမိသွားတယ်” ဟု အမည်မဖော်လိုသည့် မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောဆိုသည်။

 

အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သံချပ်ကာယာဉ်များဖြင့် မြို့အတွင်းလှည့်ကင်းလှည့်မှုများ ဖြစ်ခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

 

မိုးညို(EPN)

 

#PeopleMedia #EPN #မြစ်ကြီးနားမြို့

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 



Share this post