• Follow Us on
Latest News

Home မြစ်ကြီးနားတွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၈၆ ဦးထိ အရေးယူထား


Share this post






ညီညီ


(unicode)
မြစ်ကြီးနားတွင် ညမထွက်ရအမိန့် မလိုက်နာသူ ၁၈၆ ဦးထိ အရေးယူထား
………………………………………

မြစ်ကြီးနား၊ စက်တင်ဘာ ၁၂

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် COVID ကာ လအတွင်း ညမထွက်ရ အမိန့်မလိုက်နာသူ ၁၈၆ ဦးထိ အရေးယူဆောင်ရွထား ကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးမှ သိရသည်။

မြစ်ကြီးနားမြို့တွင် ဧပြီလမှ စ၍ စက်တင်ဘာလအထိ ညမထွက်ရ အမိန့် ကျူးလွန်သူ မ ၂၆ ဦးနှင့် ကျား ၁၆၀ ထိရှိပြီး ကျား ၂၈ ဦးနှင့် မ ၃ ဦး စုစုပေါင်း ၃၁ ဦးတို့ကို ဒဏ်ငွေ ၅ သောင်း အထိ ပေးဆောင်အရေးယူဆောင်ရွက်ခဲ့ပြီး ကျား ၈၃ ဦးနှင့် မ ၇ ဦး စုစုပေါင်း ၉၀ ဦးတို့ကို ထောင် ဒဏ် တစ်လစီ ချမှတ်အရေးယူဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် ကျား ၄၉ ဦးနှင့် မ ၁၆ ဦးတို့ကို တရားရုံးက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးမှသိရသည်။

အဆိုပါ အရေးယူခဲ့သူများထဲမှ အများစုမှ အသက် ၂၀မှ ၃၅ နှစ်ကြားအများဆုံး ဖြစ်ပြီး ၎င်းတို့သည် အကြောင်းအမျိုးမျိုးကြောင့် ညမထွက်ရ တားမြစ်ချက်ကို ချိုးဖောက်ပြီး အပြင် သို့ သွားလာခဲ့သူများ ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် နာရေးကိစ္စဆောင်ရွက် သူများမှအပ မည်သူမဆို နေ့စဉ် ည ၁၂နာရီမှ နံနက် ၄ နာရီအတွင်း မြစ်ကြီးနားမြို့နယ်အတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ စုဝေးခြင်းများကို မပြုလုပ်ရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ ထုတ်ပြန်ထားသည်။

ညီညီ

#PeopleMedia #EPN #COVID19 #မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့


Share this post