• Follow Us on

Home ျမစ္ႀကီးနားတြင္ ယခုရက္ပိုင္းအတြင္း ခရမ္းခ်ဉ္သီးေစ်း သိသိသာသာ ျမင့္တက္လ်က္ရွိ

ျမစ္ႀကီးနားတြင္ ယခုရက္ပိုင္းအတြင္း ခရမ္းခ်ဉ္သီးေစ်း သိသိသာသာ ျမင့္တက္လ်က္ရွိ

Share this post

EPN

ျမစ္ႀကီးနား၊ စက္တင္ဘာ ၁၄

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕ အ အေျခခံစားေသာက္ကုန္ ေစ်းကြက္တြင္ ယခုရက္ပိုင္း အတြင္း ခရမ္းခ်ဉ္သီးေစ်းမွာ သိသိသာသာ ျမင့္တက္လ်က္ရွိေၾကာင္း ျမစ္ႀကီးနားေစ်းရွိ ရမ္းခ်ဉ္သီး ေစ်းသည္အခ်ိဳ႕ထံမွ သိရသည္။

ယခုလို ခရမ္းခ်ဉ္သီး ေစ်းျမင့္တက္သြားရျခင္းမွာ COVID ဒုတိယလႈိင္းေၾကာင္း ျမင့္တက္သြားျခင္း မဟုတ္ေၾကာင္းႏွင့္ ေစ်းျမင့္တက္ရျခင္းကို ၿမိဳ႕မေစ်းမွ ေစ်းသည္တစ္ဦးက အခုလို ေျပာသည္။

“အခုရက္ပိုင္းအတြင္း ခရမ္းခ်ဉ္သီး ေစ်းျမင့္တက္ သြားတာကေတာ့ ကြၽန္မတို႔ သိရသေလာက္ကေတာ့ အခု ကြၽန္မတို႔ ေရာင္းခ်ေနတဲ့ခရမ္းခ်ဉ္သီးကို ရွမ္းျပည္နယ္ အင္းေလးဘက္က ခရမ္းခ်ဉ္သီးစိုက္ပ်ိဳးသူေတြကေန တိုက္႐ိုက္ မႏၲေလးေစ်းကြက္ကို တင္ပို႔တာျဖစ္တယ္။ ဒီႏွစ္မွာေတာ့ အဲ့လို မဟုတ္ဘဲ ကုန္သည္ ပြဲစားေတြက အကုန္ဝယ္လိုက္ၿပီး ေစ်းကြက္ကို ေရာက္တာဆိုေတာ့ အခုလို ေစ်းျမင့္တက္ရတာျဖစ္တယ္”လို႔ ၎က ဆိုသည္။

ပုံမွန္အခ်ိန္တြင္ ေဒသအေခၚ ဗမာခရမ္းခ်ဉ္သီး တစ္ပိႆာလွ်င္ ၁၈၀၀ မွ ၂၀၀၀ က်ပ္ အထိသာ ရွိၿပီး ယခုရက္ပိုင္းတြင္မူ တစ္ပိႆာကို ၂၄၀၀ မွ ၃၀၀၀ က်ပ္အထိ ျမင့္တက္လ်က္ရွိသည္ဟု သိရသည္။

“ခရမ္းခ်ဉ္သီး ေစ်းက ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္က စၿပီးေစ်း သိသိသာသာ ျမင့္တက္သြားတာေၾကာင့္အေရာင္းအဝယ္ေစ်းကြက္မွာလည္း ေအးစက္ေနၿပီး ေရာင္းအားက်ဆင္းေနတယ္လို႔” ခရမ္းခ်ဥ္သီးေရာင္းခ်သူ တစ္ဦးကလည္း ေျပာျပသည္။

အေျခခံစားေသာက္ကုန္ေသာက္ေတြ ထဲတြင္ ပါဝင္သည့္ ဆန္၊ ဆီ၊ ဆား င႐ုတ္၊ ၾကက္သြန္၊ အာလူး စသည့္ ကုန္ပစၥည္းမ်ားမွာ ေစ်းႏႈန္း သိသိသာသာျမင့္တက္မႈ မရွိဘဲ ခရမ္းခ်ဉ္သီး တစ္ခုတည္းသာ သိသိသာသာျမင့္တက္လ်က္ရွိေၾကာင္း ျမစ္ႀကီးနားၿမိဳ႕ေပၚရွိ ရပ္ကြက္ေစ်းတစ္ခ်ိဳ႕မွလည္း စုံစမ္း သိရသည္။

ျမစ္ႀကီးနားတြင္ ယခုရက္ပိုင္းအတြင္း ခရမ္းခ်ဉ္သီးေစ်း သိသိသာသာ ျမင့္တက္ခဲ့ၿပီး လတ္တေလာအတြင္း ေစ်းက်ဆင္းသြားမွာ မဟုတ္ေသးေၾကာင္း ယုဇနရပ္ကြက္ ေစ်းသည္တစ္ဦးကလည္း သုံးသပ္ေျပာဆိုသည္။

ျမစ္ႀကီးနားသို႔ ခရမ္းခ်ဉ္သီးတင္ပို႔မႈ အမ်ားဆုံးမွာ ရွမ္းျပည္နယ္မွ ျဖစ္ၿပီး အင္းေလး၊ ရြာငံ ဘက္မွ အမ်ားဆုံး ျဖစ္ေၾကာင္း ခရမ္းခ်ဥ္သီးဒိုင္မ်ားထံမွ သိရသည္။

သတင္း – ညီညီ(EPN)

ဓါတ္ပုံ – မင္းမင္း

#PeopleMedia #EPN #ျမစ္ႀကီးနား

(unicode)
မြစ်ကြီးနားတွင် ယခုရက်ပိုင်းအတွင်း ခရမ်းချဉ်သီးဈေး သိသိသာသာ မြင့်တက်လျက်ရှိ
…………………………………………………

EPN

မြစ်ကြီးနား၊ စက်တင်ဘာ ၁၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အ အခြေခံစားသောက်ကုန် ဈေးကွက်တွင် ယခုရက်ပိုင်း အတွင်း ခရမ်းချဉ်သီးဈေးမှာ သိသိသာသာ မြင့်တက်လျက်ရှိကြောင်း မြစ်ကြီးနားဈေးရှိ ရမ်းချဉ်သီး ဈေးသည်အချို့ထံမှ သိရသည်။

ယခုလို ခရမ်းချဉ်သီး ဈေးမြင့်တက်သွားရခြင်းမှာ COVID ဒုတိယလှိုင်းကြောင်း မြင့်တက်သွားခြင်း မဟုတ်ကြောင်းနှင့် ဈေးမြင့်တက်ရခြင်းကို မြို့မဈေးမှ ဈေးသည်တစ်ဦးက အခုလို ပြောသည်။

“အခုရက်ပိုင်းအတွင်း ခရမ်းချဉ်သီး ဈေးမြင့်တက် သွားတာကတော့ ကျွန်မတို့ သိရသလောက်ကတော့ အခု ကျွန်မတို့ ရောင်းချနေတဲ့ခရမ်းချဉ်သီးကို ရှမ်းပြည်နယ် အင်းလေးဘက်က ခရမ်းချဉ်သီးစိုက်ပျိုးသူတွေကနေ တိုက်ရိုက် မန္တလေးဈေးကွက်ကို တင်ပို့တာဖြစ်တယ်။ ဒီနှစ်မှာတော့ အဲ့လို မဟုတ်ဘဲ ကုန်သည် ပွဲစားတွေက အကုန်ဝယ်လိုက်ပြီး ဈေးကွက်ကို ရောက်တာဆိုတော့ အခုလို ဈေးမြင့်တက်ရတာဖြစ်တယ်”လို့ ၎င်းက ဆိုသည်။

ပုံမှန်အချိန်တွင် ဒေသအခေါ် ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၈၀၀ မှ ၂၀၀၀ ကျပ် အထိသာ ရှိပြီး ယခုရက်ပိုင်းတွင်မူ တစ်ပိဿာကို ၂၄၀၀ မှ ၃၀၀၀ ကျပ်အထိ မြင့်တက်လျက်ရှိသည်ဟု သိရသည်။

“ခရမ်းချဉ်သီး ဈေးက ပြီးခဲ့တဲ့ တစ်ပတ်လောက်က စပြီးဈေး သိသိသာသာ မြင့်တက်သွားတာကြောင့်အရောင်းအဝယ်ဈေးကွက်မှာလည်း အေးစက်နေပြီး ရောင်းအားကျဆင်းနေတယ်လို့” ခရမ်းချဉ်သီးရောင်းချသူ တစ်ဦးကလည်း ပြောပြသည်။

အခြေခံစားသောက်ကုန်သောက်တွေ ထဲတွင် ပါဝင်သည့် ဆန်၊ ဆီ၊ ဆား ငရုတ်၊ ကြက်သွန်၊ အာလူး စသည့် ကုန်ပစ္စည်းများမှာ ဈေးနှုန်း သိသိသာသာမြင့်တက်မှု မရှိဘဲ ခရမ်းချဉ်သီး တစ်ခုတည်းသာ သိသိသာသာမြင့်တက်လျက်ရှိကြောင်း မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်ဈေးတစ်ချို့မှလည်း စုံစမ်း သိရသည်။

မြစ်ကြီးနားတွင် ယခုရက်ပိုင်းအတွင်း ခရမ်းချဉ်သီးဈေး သိသိသာသာ မြင့်တက်ခဲ့ပြီး လတ်တလောအတွင်း ဈေးကျဆင်းသွားမှာ မဟုတ်သေးကြောင်း ယုဇနရပ်ကွက် ဈေးသည်တစ်ဦးကလည်း သုံးသပ်ပြောဆိုသည်။

မြစ်ကြီးနားသို့ ခရမ်းချဉ်သီးတင်ပို့မှု အများဆုံးမှာ ရှမ်းပြည်နယ်မှ ဖြစ်ပြီး အင်းလေး၊ ရွာငံ ဘက်မှ အများဆုံး ဖြစ်ကြောင်း ခရမ်းချဉ်သီးဒိုင်များထံမှ သိရသည်။

သတင်း – ညီညီ(EPN)

ဓါတ်ပုံ – မင်းမင်း

#PeopleMedia #EPN #မြစ်ကြီးနား


Share this post