• Follow Us on

Home ျမစ္ႀကီးနားတြင္ လူႀကီး၊ လူငယ္ ၁၀၀ ဦး ျပည္ခိုင္ၿဖိဳးပါတီသို႔ဝင္ေရာက္

ျမစ္ႀကီးနားတြင္ လူႀကီး၊ လူငယ္ ၁၀၀ ဦး ျပည္ခိုင္ၿဖိဳးပါတီသို႔ဝင္ေရာက္

Share this post

EPN
ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၂၂

ျမစ္ႀကီးနားတြင္ ယေန႔၊ ေအာက္တိုဘာ ၂၂ ရက္ေန႔၊ နံနက္ပိုင္းက လူႀကီး၊ လူငယ္ ၁၀၀ ဦး ျပည္ခိုင္ၿဖိဳးပါတီသို႔ဝင္ေရာက္လာေၾကာင္း USDP ျမစ္ႀကီးနားၿမိဳ႕နယ္႐ုံးမွ သိရသည္။

ျမစ္ႀကီးနားၿမိဳ႕၊ ရမ္ပူရပ္ကြက္၌ ေအာက္တိုဘာလ ၂၂ ယေန႔၊ နံနက္ပိုင္းက ျပည္ခိုင္ၿဖိဳးပါတီ ရပ္/ေက်း ပါတီ႐ုံးဆိုင္းဘုတ္ဖြင့္ပြဲ အခမ္းအနားႏွင့္ ေရေႏြးၾကမ္းစကားဝိုင္းကို က်င္းပျပဳလုပ္ခဲ့ၿပီး ယင္းအခမ္းအနားတြင္ ပါတီဝင္အျဖစ္ ရမ္ပူရပ္ကြက္မွ လူႀကီး၊ လူငယ္ ၁၀၀ ဦး အသစ္ ၀င္ေရာက္လာခဲ့ေၾကာင္း ဦးၫြန္႔ဝင္းက ေျပာျပသည္။

“ဒီေန႔ မနက္ပိုင္းက ျမစ္ႀကီးနားၿမိဳ႕ ရမ္ပူရပ္ကြက္မွာ က်ေနာ္တို႔ ပါတီရဲ႕ ရပ္/ေက်းပါတီ႐ုံးဆိုင္းဘုတ္ပြဲနဲ႔ ေရေႏြးၾကမ္း စကားဝိုင္းကို ျပဳလုပ္ခဲ့ပါတယ္။ အဲ့ဒီအခမ္းအနားမွာပဲရမ္ပူရပ္ကြက္က လူႀကီး၊ လူငယ္ စုစုေပါင္း ၁၀၀ ဦး ပါတီသို႔ ၀င္ေရာက္လာခဲ့ပါတယ္” ဟု ၄င္းက ေျပာျပသည္။

၂၀၁၈ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ လစ္လပ္မဲဆႏၵနယ္တစ္ခုျဖစ္သည့္ ကခ်င္ျပည္နယ္ အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္- ၂ (ျမစ္ႀကီးနား)တြင္ ျပည္ခိုင္ၿဖိဳးပါတီ အႏိုင္ရရွိခဲ့ေၾကာင္းႏွင့္ ေနာက္လာမည့္ ေရြးေကာက္ပြဲမ်ားတြင္ ျမစ္ႀကီးနားၿမိဳ႕နယ္တြင္ ျပည္ခိုင္ၿဖိဳးပါတီအေနႏွင့္ အႏိုင္ရရွိဖို႔ ယုံၾကည္​လွ်က္ရွိေၾကာင္း ယင္းပါတီ၏ ၿမိဳ႕နယ္ ဥကၠ႒ ဦးၫြန္႔ဝင္းထံမွ သိရသည္။

ကိုၿဖိဳး

(unicode)
မြစ်ကြီးနားတွင် လူကြီး၊ လူငယ် ၁၀၀ ဦး ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၂၂

မြစ်ကြီးနားတွင် ယနေ့၊ အောက်တိုဘာ ၂၂ ရက်နေ့၊ နံနက်ပိုင်းက လူကြီး၊ လူငယ် ၁၀၀ ဦး ပြည်ခိုင်ဖြိုးပါတီသို့ဝင်ရောက်လာကြောင်း USDP မြစ်ကြီးနားမြို့နယ်ရုံးမှ သိရသည်။

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၌ အောက်တိုဘာလ ၂၂ ယနေ့၊ နံနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး ပါတီရုံးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားနှင့် ရေနွေးကြမ်းစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် ပါတီဝင်အဖြစ် ရမ်ပူရပ်ကွက်မှ လူကြီး၊ လူငယ် ၁၀၀ ဦး အသစ် ၀င်ရောက်လာခဲ့ကြောင်း ဦးညွန့်ဝင်းက ပြောပြသည်။

“ဒီနေ့ မနက်ပိုင်းက မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ ကျနော်တို့ ပါတီရဲ့ ရပ်/ကျေးပါတီရုံးဆိုင်းဘုတ်ပွဲနဲ့ ရေနွေးကြမ်း စကားဝိုင်းကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားမှာပဲရမ်ပူရပ်ကွက်က လူကြီး၊ လူငယ် စုစုပေါင်း ၁၀၀ ဦး ပါတီသို့ ၀င်ရောက်လာခဲ့ပါတယ်” ဟု ၄င်းက ပြောပြသည်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်တစ်ခုဖြစ်သည့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်- ၂ (မြစ်ကြီးနား)တွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိခဲ့ကြောင်းနှင့် နောက်လာမည့် ရွေးကောက်ပွဲများတွင် မြစ်ကြီးနားမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီအနေနှင့် အနိုင်ရရှိဖို့ ယုံကြည်လျှက်ရှိကြောင်း ယင်းပါတီ၏ မြို့နယ် ဥက္ကဋ္ဌ ဦးညွန့်ဝင်းထံမှ သိရသည်။

ကိုဖြိုး


Share this post