• Follow Us on

Home ျမစ္ႀကီးနားမွ ခရီးသည္တင္ ေျပးဆြဲေနသည့္ မီးရထားသုံးစီးရပ္နား

ျမစ္ႀကီးနားမွ ခရီးသည္တင္ ေျပးဆြဲေနသည့္ မီးရထားသုံးစီးရပ္နား

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၁၃

ျမစ္ႀကီးနားၿမိဳ႕မွ ျပည္နယ္အတြင္းႏွင့္ ျပည္နယ္ျပင္ပသို႔ ေျပးဆြဲေနသည့္ ခရီးသည္တင္ မီးရ ထားသုံးစီးကို စက္တင္ဘာလ ၁၃ ရက္ေန႔ကေနစၿပီး ယာယီရပ္နားထားေၾကာင္း သိရသည္။

Covid-19 ဒုတိယလႈိင္းရဲ႕ ေရာဂါပ်ံ႕ပြားမႈကို ကာကြယ္သည့္အေနျဖင့္ က်န္းမာေရးႏွင့္ ပူး
ေပါင္းကာ အခုလို ခရီးသည္တင္ ရထား အခ်ိဳ႕ကို ရပ္နားျခင္းျဖစ္ေၾကာင္း ျမစ္ႀကီးနားရထား ဘူတာ႐ုံပိုင္ခ်ဳပ္ ဦးခင္ေသာ္က ေျပာသည္။

“ကြၽန္ေတာ္တို႔က လက္ရွိမွာေတာ့ မိုးညႇင္း(၁)(၂)RBE မီးရထား၊ အမွတ္(၅၆) အစုံေဒသေခၚ အထူးျမန္ရထား၊ အမွတ္(၅၈) အစုံေဒသေခၚ မႏၲလာရထားေတြကို ရပ္နားထားတာျဖစ္ၿပီး အမွတ္(၄၁)အဆန္၊ အမွတ္(၄၂)အစုံ ရထားေတြကို ရပ္နားထားတာမရွိေသးဘူး” ဟု ၎ ကေျပာသည္။

လက္ရွိ ရပ္နားထားျခင္းမရွိဘဲ ပုံမွန္ေျပးဆြဲေန သည့္ မီးရထားမ်ားကိုလည္း ကိုဗစ္-၁၉ စည္းကမ္းခ်က္မ်ားအတိုင္း ထိုင္ခုံမ်ားကို တစ္ခုံျခား ၍ ခရီးသည္မ်ားကို ထိုင္ခိုင္းၿပီး၊ ခရီးသည္မ်ားကို လက္ေဆးဖို႔ ၊ ကိုဗစ္ႏိုင္းတင္း ကာကြယ္ေရးအသိပညာရဖို႔လက္ကမ္းစာေစာင္မ်ားကိုလည္း ေဝငွေပးၿပီး မီးရထားလက္မွတ္ေစ်းႏႈန္း ကလည္းေျပာင္းလဲျခင္းမရွိေၾကာင္း သိရသည္။

ေကသီ

#PeopleMedia #EPN #ျမစ္ႀကီးနား

(unicode)
မြစ်ကြီးနားမှ ခရီးသည်တင် ပြေးဆွဲနေသည့် မီးရထားသုံးစီးရပ်နား
………………………………………………..

မြစ်ကြီးနား၊ စက်တင်ဘာ ၁၃

မြစ်ကြီးနားမြို့မှ ပြည်နယ်အတွင်းနှင့် ပြည်နယ်ပြင်ပသို့ ပြေးဆွဲနေသည့် ခရီးသည်တင် မီးရ ထားသုံးစီးကို စက်တင်ဘာလ ၁၃ ရက်နေ့ကနေစပြီး ယာယီရပ်နားထားကြောင်း သိရသည်။

Covid-19 ဒုတိယလှိုင်းရဲ့ ရောဂါပျံ့ပွားမှုကို ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးနှင့် ပူး
ပေါင်းကာ အခုလို ခရီးသည်တင် ရထား အချို့ကို ရပ်နားခြင်းဖြစ်ကြောင်း မြစ်ကြီးနားရထား ဘူတာရုံပိုင်ချုပ် ဦးခင်သော်က ပြောသည်။

“ကျွန်တော်တို့က လက်ရှိမှာတော့ မိုးညှင်း(၁)(၂)RBE မီးရထား၊ အမှတ်(၅၆) အစုံဒေသခေါ် အထူးမြန်ရထား၊ အမှတ်(၅၈) အစုံဒေသခေါ် မန္တလာရထားတွေကို ရပ်နားထားတာဖြစ်ပြီး အမှတ်(၄၁)အဆန်၊ အမှတ်(၄၂)အစုံ ရထားတွေကို ရပ်နားထားတာမရှိသေးဘူး” ဟု ၎င်း ကပြောသည်။

လက်ရှိ ရပ်နားထားခြင်းမရှိဘဲ ပုံမှန်ပြေးဆွဲနေ သည့် မီးရထားများကိုလည်း ကိုဗစ်-၁၉ စည်းကမ်းချက်များအတိုင်း ထိုင်ခုံများကို တစ်ခုံခြား ၍ ခရီးသည်များကို ထိုင်ခိုင်းပြီး၊ ခရီးသည်များကို လက်ဆေးဖို့ ၊ ကိုဗစ်နိုင်းတင်း ကာကွယ်ရေးအသိပညာရဖို့လက်ကမ်းစာစောင်များကိုလည်း ဝေငှပေးပြီး မီးရထားလက်မှတ်စျေးနှုန်း ကလည်းပြောင်းလဲခြင်းမရှိကြောင်း သိရသည်။

ကေသီ

#PeopleMedia #EPN #မြစ်ကြီးနား


Share this post