• Follow Us on

Home ျမစ္ႀကီးနားရွိ ဧရာဝတီဘဏ္အနီးတြင္ ေငြက်ပ္သိန္း ၂၀၀လုယူသြားသူအား ရဲတပ္ဖြဲ႕မွ စုံစမ္းေနဆဲ

ျမစ္ႀကီးနားရွိ ဧရာဝတီဘဏ္အနီးတြင္ ေငြက်ပ္သိန္း ၂၀၀လုယူသြားသူအား ရဲတပ္ဖြဲ႕မွ စုံစမ္းေနဆဲ

Share this post

ျမစ္ႀကီးနား၊ နိုဝင္ဘာ ၂၈

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ ဧရာဝတီဘဏ္အနီးတြင္ ယမန့္ေန႕က ျမန္မာက်ပ္ေငြ သိန္း ၂၀၀ ေက်ာ္ လုယက္ထြက္ေျပးသြားသူကို ဖမ္းဆီးနိုင္ရန္ ရဲတပ္ဖြဲ႕မွ စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕မရဲစခန္းမွ သိရသည္။

လုယက္ခံရမႈျဖစ္စဥ္မွာ နို၀င္ဘာလ ၂၇ ရက္၊ နံနက္ (၁၀)နာရီခြဲအခ်ိန္က ေအးေစတီရပ္ကြက္ ေနထိုင္သူ ေဒၚဇင္မိုင္ေအာင္သည္ ျမန္မာ့စီးပြားေရးဘဏ္မွ သိန္း ၂၀၀ ကိုထုတ္ယူ၍ ဧရာဝတီဘဏ္တြင္ အပ္ႏွံရန္ ကားျဖင့္ယူေဆာင္သြားၿပီး ဘဏ္ႏွင့္ ကပ္လွ်က္ လမ္းၾကားအေရာက္တြင္ အဆိုပါ ေငြထုတ္ကို ယဥ္ေမာင္းျဖစ္သူက ကိုင္ၿပီး ကားေပၚမွဆင္းလာစဥ္ လမ္းၾကားထဲသို႔ ဆိုင္ကယ္တစ္စီး ေမာင္းဝင္လာၿပီး ေငြထုတ္အား လုယူခံရျခင္းျဖစ္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕မရဲစခန္းမွသိရသည္။

ေငြက်ပ္သိန္း ၂၀၀ လုယူခံသည့္ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေဒၚဇင္မိုင္ေအာင္က ၿမိဳ႕မရဲစခန္းတြင္ ယမန္ေန႕က အမႈဖြင့္တိုင္တန္းထားၿပီး ရာဇသတ္ႀကီးပုဒ္မ ၃၈၂ ျဖင့္ အေရးယူေဆာင္႐ြက္သြားရန္ ရဲတပ္ဖြဲ႕မွ စုံစမ္းစစ္ေဆးေနဆဲ ျဖစ္ေၾကာင္းသိရသည္။

ျမစ္ႀကီးနားၿမိဳ႕ေပၚ၌ ယခုကဲ့သို႔ေသာ လုယက္မႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိၿပီး ယင္းအမႈကို က်ဴးလြန္သူမ်ားမွာ သက္ ၁၉ ႏွစ္မွ ၃၀ ဝန္းက်င္ အ႐ြယ္လူလတ္ပိုင္းမ်ားျဖစ္ေၾကာင္း ၿမိဳ႕မရဲစခန္းမွ သိရသည္။

လြမ္းေအာင္

[Unicode]
မြစ်ကြီးနားရှိ ဧရာဝတီဘဏ်အနီးတွင် ငွေကျပ်သိန်း ၂၀၀လုယူသွားသူအား ရဲတပ်ဖွဲ့မှ စုံစမ်းနေဆဲ

မြစ်ကြီးနား၊ နိုဝင်ဘာ ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာဝတီဘဏ်အနီးတွင် ယမန့်နေ့က မြန်မာကျပ်ငွေ သိန်း ၂၀၀ ကျော် လုယက်ထွက်ပြေးသွားသူကို ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း မြစ်ကြီးနားမြို့မရဲစခန်းမှ သိရသည်။

လုယက်ခံရမှုဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၇ ရက်၊ နံနက် (၁၀)နာရီခွဲအချိန်က အေးစေတီရပ်ကွက် နေထိုင်သူ ဒေါ်ဇင်မိုင်အောင်သည် မြန်မာ့စီးပွားရေးဘဏ်မှ သိန်း ၂၀၀ ကိုထုတ်ယူ၍ ဧရာဝတီဘဏ်တွင် အပ်နှံရန် ကားဖြင့်ယူဆောင်သွားပြီး ဘဏ်နှင့် ကပ်လျှက် လမ်းကြားအရောက်တွင် အဆိုပါ ငွေထုတ်ကို ယဉ်မောင်းဖြစ်သူက ကိုင်ပြီး ကားပေါ်မှဆင်းလာစဉ် လမ်းကြားထဲသို့ ဆိုင်ကယ်တစ်စီး မောင်းဝင်လာပြီး ငွေထုတ်အား လုယူခံရခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့မရဲစခန်းမှသိရသည်။

ငွေကျပ်သိန်း ၂၀၀ လုယူခံသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေါ်ဇင်မိုင်အောင်က မြို့မရဲစခန်းတွင် ယမန်နေ့က အမှုဖွင့်တိုင်တန်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အရေးယူဆောင်ရွက်သွားရန် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနားမြို့ပေါ်၌ ယခုကဲ့သို့သော လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ယင်းအမှုကို ကျူးလွန်သူများမှာ သက် ၁၉ နှစ်မှ ၃၀ ဝန်းကျင် အရွယ်လူလတ်ပိုင်းများဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

လွမ်းအောင်

#PeopleMedia #EPN #AyeyarawdyBank


Share this post