• Follow Us on

Home ျမစ္ႀကီးနားသို႔ လာမည့္ ေလေၾကာင္း ခရီးသည္မ်ား ခုႏွစ္ရက္တိတိ Quarantine ဝင္ရမည္၊ တစ္ရက္လၽွင္ ငါးေသာင္း (သို႔) ငါးေထာင္ ႏႈန္းျဖင့္ ႏွစ္သက္ရာ Quarantine Centre ေရြးခ်ယ္ ဝင္ေရာက္နိုင္သည္

ျမစ္ႀကီးနားသို႔ လာမည့္ ေလေၾကာင္း ခရီးသည္မ်ား ခုႏွစ္ရက္တိတိ Quarantine ဝင္ရမည္၊ တစ္ရက္လၽွင္ ငါးေသာင္း (သို႔) ငါးေထာင္ ႏႈန္းျဖင့္ ႏွစ္သက္ရာ Quarantine Centre ေရြးခ်ယ္ ဝင္ေရာက္နိုင္သည္

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၁၇ (People Media)

ျမစ္ႀကီးနားသို႔ လာေရာက္ၾကမည့္ ေလေၾကာင္း ခရီးသည္မ်ားအေနႏွင့္ ၇ ရက္တိတိ Quarantine ဝင္ေရာက္ ရမည္ ျဖစ္ၿပီး တစ္ရက္လၽွင္ ငါးေသာင္း (သို႔မဟုတ္) ငါးေထာင္ တန္ Quarantine Centre သို႔ ႏွစ္သက္ရာ ေရြးခ်ယ္ ဝင္ေရာက္နိုင္ေၾကာင္း ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး တာဝန္ရွိသူက ေျပာသည္။

ရန္ကုန္၊ မႏၲေလးႏွင့္ ပူတာအိုမွ ျမစ္ႀကီးနားသို႔ ေလေၾကာင္းလိုင္းျဖင့္ ဝင္ေရာက္လာၾကသူမ်ား ကို ျမစ္ႀကီးနား ေလဆိပ္တြင္ က်န္းမာေရး စစ္ေဆးေပးမည္ ျဖစ္ေၾကာင္း၊ ၎တို႔ အေနႏွင့္ သြားေရာက္လိုသည့္ Quarantine အတြက္ သီးသန႔္စာရင္းခြဲေပးမည္ ျဖစ္ေၾကာင္း၊ Hotel Quarantine အတြက္ တစ္ရက္လၽွင္ ငါးေသာင္း ႏႈန္း ေပးသြင္းရမည္ ျဖစ္ေၾကာင္းႏွင့္ Facility Quarantine သာ ဝင္ေရာက္မည္ ဆိုပါက တစ္ရက္လၽွင္ ငါးေထာင္ ႏႈန္း ေပးသြင္းရမည္ ျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းက ဆိုသည္။

“ဝင္ေရာက္လာတဲ့ သူေတြကို ကၽြန္ေတာ္တို႔က က်န္းမာေရး စစ္ေဆးမွာျဖစ္ပါတယ္။ စစ္ၿပီးရင္ေတာ့ သူတို႔ေတြ ဝင္ေရာက္လိုတဲ့ Quarantine အတြက္ စာရင္းခြဲေပးပါမယ္၊ ဟိုတယ္ မတတ္နိုင္တဲ့သူေတြအတြက္ Facility စီစဥ္ ေပးထားပါတယ္၊ အနည္းဆုံး ခုႏွစ္ရက္ ဝင္ရမွာျဖစ္ပါတယ္” ဟု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ေျပာသည္။

Hotel ၌ Quarnatine ဝင္ေရာက္မည့္သူမ်ားအတြက္ တစ္ရက္လၽွင္ ငါးေသာင္းႏႈန္းျဖင့္ ေပးသြင္းရမည္ ျဖစ္ေသာ္လည္း ၇ ရက္စာအတြက္ စုစုေပါင္း သုံးသိန္းတစ္ေသာင္းငါးေထာင္သာ ေပးသြင္းရ

မည္ ျဖစ္ေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးက ထည့္သြင္းေျပာဆိုခဲ့သည္။

ျမစ္ႀကီးနားသို႔ ေလေၾကာင္းခရီးျဖင့္ ေရာက္ရွိလာၾကသူမ်ားကို က်န္းမာေရး စစ္ေဆးေပးမည္ ျဖစ္ၿပီး Hotel Quarantine အတြက္ ျမစ္ႀကီးနားၿမိဳ႕ေပၚက ဟိုတယ္မဒီရာ၊ ျမစ္ဆုံဟိုတယ္၊ ပန္းစပရင္းဟိုတယ္၊ ဝမ္ေသာ့ ဟိုတယ္၊ အမ္ဘာပဲေလ့စ္ဟိုတယ္ စသည့္ ဟိုတယ္ငါးခုႏွင့္ Facility Quarantine အတြက္ ျမစ္ႀကီးနား တကၠသိုလ္က ဖုန္ကန္ရာဇီေဆာင္ (အမ်ိဳးသားေဆာင္)ႏွင့္ ခါကာဘိုရာဇီေဆာင္ (အမ်ိဳးသမီးေဆာင္)တို႔၌ ေနရာ ခ်ထားေပးရန္ စီစဥ္ေပးထားသည္။

ကိုဗစ္ဒုတိယလွိုင္းအတြင္း ပိတ္ထားသည့္ ျပည္တြင္း ေလေၾကာင္းလွိုင္းမ်ားကို (ဒီဇင္ဘာ ၁၆)ရက္ေန႔က စတင္ ေျပးဆြဲခြင့္ျပဳထားျခင္း ျဖစ္သည္။

ေလေၾကာင္းျဖင့္ ေရာက္ရွိလာမည့္ ခရီးသည္မ်ားအတြက္ ျမစ္ႀကီးနားေလဆိပ္၌ က်န္းမာေရးဦးစီးဌာန၊ ေထြအုပ္၊ ဟိုတယ္ခရီးသြားဦးစီးဌာန၊ ေလေၾကာင္းရဲတပ္ဖြဲ႕ႏွင့္ သက္ဆိုင္ရာလူမႈအဖြဲ႕အစည္းမ်ားက က်န္းမာေရး စစ္ေဆးမႈ လုပ္ငန္းမ်ားကို ေန႔စဥ္ေဆာင္ရြက္ေပးသြားမည္ျဖစ္သည္။

သတင္ း- လြမ္းေအာင္

photo – ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္

#PeopleMedia #ကခ်င္ျပည္နယ္

(unicode)
မြစ်ကြီးနားသို့ လာမည့် လေကြောင်း ခရီးသည်များ ခုနှစ်ရက်တိတိ Quarantine ဝင်ရမည်၊ တစ်ရက်လျှင် ငါးသောင်း (သို့) ငါးထောင် နှုန်းဖြင့် နှစ်သက်ရာ Quarantine Centre ရွေးချယ် ဝင်ရောက်နိုင်သည် ……………………………………….
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၇ (People Media) မြစ်ကြီးနားသို့ လာရောက်ကြမည့် လေကြောင်း ခရီးသည်များအနေနှင့် ၇ ရက်တိတိ Quarantine ဝင်ရောက် ရမည် ဖြစ်ပြီး တစ်ရက်လျှင် ငါးသောင်း (သို့မဟုတ်) ငါးထောင် တန် Quarantine Centre သို့ နှစ်သက်ရာ ရွေးချယ် ဝင်ရောက်နိုင်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက ပြောသည်။ ရန်ကုန်၊ မန္တလေးနှင့် ပူတာအိုမှ မြစ်ကြီးနားသို့ လေကြောင်းလိုင်းဖြင့် ဝင်ရောက်လာကြသူများ ကို မြစ်ကြီးနား လေဆိပ်တွင် ကျန်းမာရေး စစ်ဆေးပေးမည် ဖြစ်ကြောင်း၊ ၎င်းတို့ အနေနှင့် သွားရောက်လိုသည့် Quarantine အတွက် သီးသန့်စာရင်းခွဲပေးမည် ဖြစ်ကြောင်း၊ Hotel Quarantine အတွက် တစ်ရက်လျှင် ငါးသောင်း နှုန်း ပေးသွင်းရမည် ဖြစ်ကြောင်းနှင့် Facility Quarantine သာ ဝင်ရောက်မည် ဆိုပါက တစ်ရက်လျှင် ငါးထောင် နှုန်း ပေးသွင်းရမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ဆိုသည်။ “ဝင်ရောက်လာတဲ့ သူတွေကို ကျွန်တော်တို့က ကျန်းမာရေး စစ်ဆေးမှာဖြစ်ပါတယ်။ စစ်ပြီးရင်တော့ သူတို့တွေ ဝင်ရောက်လိုတဲ့ Quarantine အတွက် စာရင်းခွဲပေးပါမယ်၊ ဟိုတယ် မတတ်နိုင်တဲ့သူတွေအတွက် Facility စီစဉ် ပေးထားပါတယ်၊ အနည်းဆုံး ခုနှစ်ရက် ဝင်ရမှာဖြစ်ပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။ Hotel ၌ Quarnatine ဝင်ရောက်မည့်သူများအတွက် တစ်ရက်လျှင် ငါးသောင်းနှုန်းဖြင့် ပေးသွင်းရမည် ဖြစ်သော်လည်း ၇ ရက်စာအတွက် စုစုပေါင်း သုံးသိန်းတစ်သောင်းငါးထောင်သာ ပေးသွင်းရမည် ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ထည့်သွင်းပြောဆိုခဲ့သည်။ မြစ်ကြီးနားသို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာကြသူများကို ကျန်းမာရေး စစ်ဆေးပေးမည် ဖြစ်ပြီး Hotel Quarantine အတွက် မြစ်ကြီးနားမြို့ပေါ်က ဟိုတယ်မဒီရာ၊ မြစ်ဆုံဟိုတယ်၊ ပန်းစပရင်းဟိုတယ်၊ ဝမ်သော့ ဟိုတယ်၊ အမ်ဘာပဲလေ့စ်ဟိုတယ် စသည့် ဟိုတယ်ငါးခုနှင့် Facility Quarantine အတွက် မြစ်ကြီးနား တက္ကသိုလ်က ဖုန်ကန်ရာဇီဆောင် (အမျိုးသားဆောင်)နှင့် ခါကာဘိုရာဇီဆောင် (အမျိုးသမီးဆောင်)တို့၌ နေရာ ချထားပေးရန် စီစဉ်ပေးထားသည်။ ကိုဗစ်ဒုတိယလှိုင်းအတွင်း ပိတ်ထားသည့် ပြည်တွင်း လေကြောင်းလှိုင်းများကို (ဒီဇင်ဘာ ၁၆)ရက်နေ့က စတင် ပြေးဆွဲခွင့်ပြုထားခြင်း ဖြစ်သည်။ လေကြောင်းဖြင့် ရောက်ရှိလာမည့် ခရီးသည်များအတွက် မြစ်ကြီးနားလေဆိပ်၌ ကျန်းမာရေးဦးစီးဌာန၊ ထွေအုပ်၊ ဟိုတယ်ခရီးသွားဦးစီးဌာန၊ လေကြောင်းရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများက ကျန်းမာရေး စစ်ဆေးမှု လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ သတင် း- လွမ်းအောင်
photo – ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
#PeopleMedia #ကချင်ပြည်နယ်


Share this post