• Follow Us on

Home ျမစ္ႀကီးနားျပည္သူ႔ေဆး႐ုံက COVID-19 Case 144 ယေန႔ ေဆး႐ုံ ဆင္းခြင့္ရ

ျမစ္ႀကီးနားျပည္သူ႔ေဆး႐ုံက COVID-19 Case 144 ယေန႔ ေဆး႐ုံ ဆင္းခြင့္ရ

Share this post

ျမစ္ႀကီးနား၊ ေမ ၁၁

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားျပည္သူ႔ေဆး႐ုံႀကီးတြင္ အထူးၾကပ္မတ္ကုသမႈခံယူခဲ့သည့္ Case 144 လူနာတြင္ ေရာဂါပိုးထပ္မေတြ႕ရေသာေၾကာင့္ ယေန႔ ေမလ(၁၁) ရက္ေန႔တြင္ ေဆး႐ုံက ဆင္းခြင့္ေပးလိုက္ၿပီျဖစ္သည္။

၎၏ ေဆးစစ္ခ်က္အေျဖမွာ ေမလ(၅)ေန႔က ပထမဆုံးအႀကိမ္ Negative ထြက္ထားၿပီး (၄၈) နာရီအၾကာ ေမလ(၈)ရက္ေန႔ နံနက္ပိုင္းက ဒုတိယအႀကိမ္ထပ္မံစစ္ေဆးခဲ့ရာ ေရာဂါပိုးထပ္မေတြ႕ေသာေၾကာင့္ ယခုကဲ့သို႔ ေဆး႐ုံမွ ဆင္းခြင့္ေပးလိုက္ေၾကာင္း ျမစ္ႀကီးနားျပည္သူ႔ေဆး႐ုံႀကီးမွ သိရသည္။

ေဆး႐ုံဆင္းခြင့္ရသည့္ Case 144 ကို Facility Quarantine ဝင္မည့္သူမ်ားထားရန္သတ္မွတ္ထားသည့္ သား ဖြားသင္တန္းေက်ာင္းတြင္ ပို႔ေဆာင္ထားၿပီး ႏွစ္ပတ္ၾကာဆက္လက္ေစာင့္ၾကည့္သြားမည္ျဖစ္ေၾကာင္း ျမစ္ႀကီး နားျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာဘုန္းေမာ္က ဆိုသည္။

“ေဆး႐ုံဆင္းခြင့္ေပးတယ္ဆိုေပမယ့္ ကြာရန္တင္းမွာ ႏွစ္ပတ္ဆက္ေနရမယ္။ အဲ့ဒီႏွစ္ပတ္ျပည့္ရင္ေတာ့ ေဆး႐ုံ ကို ေနာက္ဆက္တြဲျပန္လာျပရမယ္ ဒီခ်ိန္မွ က်န္းမာတယ္ ဘာမွမျဖစ္ဘူးဆိုရင္မွ သူ႔ကိုေရာဂါပိုးကင္းစင္ၿပီလို႔ သတ္မွတ္ၿပီး လူေတြၾကားထဲမွာသြားလာလို႔ရမယ္”ဟု ေဒါက္တာဘုန္းေမာ္ကေျပာသည္။

ယေန႔ ေဆး႐ုံဆင္းခြင့္ရ Case 144 သည္ မိုးညႇင္းၿမိဳ႕ကျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီး လိႈင္သာယာၿမိဳ႕နယ္တြင္ အလုပ္လုပ္ကိုင္ခဲ့ဖူး၍ မိုးညႇင္းသို႔ျပန္ေရာက္လာခ်ိန္တြင္ Quarantine အျဖစ္ထားရွိရာမွ ကိုဗစ္ ၁၉ ေရာဂါပိုး ေတြ႔ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ဧၿပီ ၂၄ ရက္ေန႔က ထုတ္ျပန္ထားသည္။

လြမ္းေအာင္

#PeopleMedia #COVID #ျမစ္ႀကီးနား

(Unicode)
မြစ်ကြီးနားပြည်သူ့ဆေးရုံက COVID-19 Case 144 ယနေ့ ဆေးရုံ ဆင်းခွင့်ရ
………………………………………………………

မြစ်ကြီးနား၊ မေ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှုခံယူခဲ့သည့် Case 144 လူနာတွင် ရောဂါပိုးထပ်မတွေ့ရသောကြောင့် ယနေ့ မေလ(၁၁) ရက်နေ့တွင် ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီဖြစ်သည်။

၎င်း၏ ဆေးစစ်ချက်အဖြေမှာ မေလ(၅)နေ့က ပထမဆုံးအကြိမ် Negative ထွက်ထားပြီး (၄၈) နာရီအကြာ မေလ(၈)ရက်နေ့ နံနက်ပိုင်းက ဒုတိယအကြိမ်ထပ်မံစစ်ဆေးခဲ့ရာ ရောဂါပိုးထပ်မတွေ့သောကြောင့် ယခုကဲ့သို့ ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ဆေးရုံဆင်းခွင့်ရသည့် Case 144 ကို Facility Quarantine ဝင်မည့်သူများထားရန်သတ်မှတ်ထားသည့် သား ဖွားသင်တန်းကျောင်းတွင် ပို့ဆောင်ထားပြီး နှစ်ပတ်ကြာဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြစ်ကြီး နားပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်က ဆိုသည်။

“ဆေးရုံဆင်းခွင့်ပေးတယ်ဆိုပေမယ့် ကွာရန်တင်းမှာ နှစ်ပတ်ဆက်နေရမယ်။ အဲ့ဒီနှစ်ပတ်ပြည့်ရင်တော့ ဆေးရုံ ကို နောက်ဆက်တွဲပြန်လာပြရမယ် ဒီချိန်မှ ကျန်းမာတယ် ဘာမှမဖြစ်ဘူးဆိုရင်မှ သူ့ကိုရောဂါပိုးကင်းစင်ပြီလို့ သတ်မှတ်ပြီး လူတွေကြားထဲမှာသွားလာလို့ရမယ်”ဟု ဒေါက်တာဘုန်းမော်ကပြောသည်။

ယနေ့ ဆေးရုံဆင်းခွင့်ရ Case 144 သည် မိုးညှင်းမြို့ကဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် အလုပ်လုပ်ကိုင်ခဲ့ဖူး၍ မိုးညှင်းသို့ပြန်ရောက်လာချိန်တွင် Quarantine အဖြစ်ထားရှိရာမှ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

လွမ်းအောင်

#PeopleMedia #COVID #မြစ်ကြီးနား


Share this post