• Follow Us on

Home ျမစ္ႀကီးနား၌ က်ပ္သိန္းေပါင္း တစ္ေသာင္းကိုးေထာင္ေက်ာ္ အကုန္က်ခံကာ တည္ေဆာက္မယ့္ ေရကူးကန္အ တြက္ တင္ဒါ အဆိုျပဳကုမၸဏီမ်ားကို စိစစ္ေန

ျမစ္ႀကီးနား၌ က်ပ္သိန္းေပါင္း တစ္ေသာင္းကိုးေထာင္ေက်ာ္ အကုန္က်ခံကာ တည္ေဆာက္မယ့္ ေရကူးကန္အ တြက္ တင္ဒါ အဆိုျပဳကုမၸဏီမ်ားကို စိစစ္ေန

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕တြင္ က်ပ္သိန္းေပါင္း ၁၉၀၀၀ ကုန္က်ခံတည္ေဆာက္သြားမည့္ ေရကူးကန္အ တြက္ တင္ဒါအဆိုျပဳထားသည့္ ကုမၸဏီ ၅ ခုကို စိစစ္ေရြးခ်ယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း ျပည္နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ သိရသည္။
 
အဆိုပါ ေရကူးကန္ကို ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္ ျပည္ေထာင္စု ေငြလုံးေငြရင္းဘတ္ဂ်တ္ျဖင့္ ကခ်င္ျပည္ နယ္အားကစားႏွင့္ ကာယပညာဦးစီးဌာနက ဦးစီးကာ သီတာရပ္ကြက္ရွိ ၿငိမ္းခ်မ္းသာယာ ကားဝင္းေဟာင္း ေနရာတြင္တည္ေဆာက္သြားမည္ျဖစ္ၿပီး ယင္းေရကူးကန္ တည္ေဆာက္ရန္အတြက္လာေရာက္ ေလၽွာက္ထား သည့္ကုမၸဏီ ၅ခု ရွိၿပီး ယင္းကုမၸဏီ ၅ ခုအနက္ အဆင့္သတ္မွတ္ခ်က္မ်ားႏွင့္ကိုက္ညီမည့္ ကုမၸဏီတစ္ခုကို စိစစ္ေရြးခ်ယ္ေရးလုပ္ငန္းေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာန၊ ညြန္ၾကားေရးမွဴး ဦးေအာင္သူကဆိုသည္။
 
“တင္ဒါက မၿပီးေသးဘူး ကၽြန္ေတာ္တို႔ ျပန္ၿပီးေတာ့မွ စီစစ္ေနတယ္။ ပထမဦးဆုံး သူတို႔ရဲ႕ Profile ေတြစစ္ တယ္။ ၿပီးရင္သူတို႔ တင္တဲ့ေစ်းႏႈန္းေတြ စစ္တယ္ စစ္ၿပီးေတာ့ ကၽြန္ေတာ္တို႔ ဘုတ္ျပန္ထိုင္တယ္။ ဒီၾကားထဲမွာ ကုမၸဏီ ၃ ခုကို ေရြးခ်ယ္ၿပီးေတာ့မွ ေနာက္ဆုံး တစ္ခါထပ္ေရြးခ်ယ္မယ္၊ မၿပီးျပတ္ေသးဘူး။ ဒီေရကူးကန္က တိုင္းနဲ႔ ျပည္နယ္မွာ အႀကီးဆုံးျဖစ္မွာဆိုေတာ့ နည္းပညာအရေရာ လုပ္ရမယ့္လုပ္ငန္းပမာဏအရ ေရာႀကီး တယ္ ေနာက္ၿပီး ျပည္နယ္ရဲ႕ ပုံရိပ္၊ ဌာနရဲ႕ပုံရိပ္ေတြျဖစ္တဲ့အတြက္ လြယ္လြယ္ေတာ့ ေရြးခ်ယ္ၿပီးေပးမွာ မဟုတ္ဘူး စိတ္တိုင္းက် စိစစ္ေရြးခ်ယ္ၿပီးမွ ေပးဖို႔လုပ္ေနပါတယ္” ဟု ျပည္နယ္ အားကာမွဴး ဦးေအာင္သူက ေျပာသည္။
 
အဆိုပါ ေရကူးကန္တည္ေဆာက္ရန္အတြက္ ေအာက္တိုဘာလ (၁၀) ရက္ေန႔မွ နိုဝင္ဘာလ (၂၀)ရက္ ေန႔အထိ ျမန္မာ့အလင္းသတင္းစာမွ အိတ္ဖြင့္တင္ဒါေၾကာ္ျငာထည့္သြင္းေခၚယူခဲ့ၿပီး YZW ကုမၸဏီ၊ စိန္ပန္းရိပ္ ကုမၸဏီ၊ ျမန္မာမိတ္ကာဟုမ္းကုမၸဏီ၊ KSID ကုမၸဏီႏွင့္ Eagle Dragon ကုမၸဏီ စသည့္ကုမၸဏီမ်ားက လာေရာက္ေလွ်ာက္ထားၿပီး တင္ဒါဖြင့္ေဖာက္ျခင္းလုပ္ငန္းကို ဒီဇင္ဘာလ (၁၁) ရက္ေန႔က ေဆာင္ရြက္ ၿပီးစီးခဲ့ေၾကာင္းသိရသည္။
 
အဆိုပါ ေရကူးကန္တြင္ ေရကူးလမ္းဆယ္လမ္းအထိ ပါဝင္မည္ျဖစ္ၿပီး အလ်ား (၅၀)မီတာ၊ အနံ(၁၅)မီတာႏွင့္ ေရကူးကန္ေဘးေလၽွာက္လမ္း၊ ပြဲၾကည့္စင္၊ ေရကူးဝတ္စုံမ်ားငွါးရမ္း ေရာင္းခ်မည့္ ဆိုင္ခန္းမ်ား၊ အမ်ိဳးသား အမ်ိဳးသမီး အဝတ္လဲခန္းမ်ား၊ ပစၥည္းမ်ားသိမ္းဆည္းမည့္ ေလာ့ကာခန္းမ်ား၊ ေရကူးနည္းျပေနမည့္ အေဆာင္၊ အစည္းအေဝးခန္းမ၊ သင္တန္းခန္းမမ်ားပါထည့္သြင္းတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
 
လြမ္းေအာင္
 
#PeopleMedia #ေရကူးကန္ #ျမစ္ႀကီးနား
 
(unicode)
မြစ်ကြီးနား၌ ကျပ်သိန်းပေါင်း တစ်သောင်းကိုးထောင်ကျော် အကုန်ကျခံကာ တည်ဆောက်မယ့် ရေကူးကန်အ တွက် တင်ဒါ အဆိုပြုကုမ္ပဏီများကို စိစစ်နေ
…………………………………………………………….
 
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျပ်သိန်းပေါင်း ၁၉၀၀၀ ကုန်ကျခံတည်ဆောက်သွားမည့် ရေကူးကန်အ တွက် တင်ဒါအဆိုပြုထားသည့် ကုမ္ပဏီ ၅ ခုကို စိစစ်ရွေးချယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
 
အဆိုပါ ရေကူးကန်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းဘတ်ဂျတ်ဖြင့် ကချင်ပြည် နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဦးစီးကာ သီတာရပ်ကွက်ရှိ ငြိမ်းချမ်းသာယာ ကားဝင်းဟောင်း နေရာတွင်တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းရေကူးကန် တည်ဆောက်ရန်အတွက်လာရောက် လျှောက်ထား သည့်ကုမ္ပဏီ ၅ခု ရှိပြီး ယင်းကုမ္ပဏီ ၅ ခုအနက် အဆင့်သတ်မှတ်ချက်များနှင့်ကိုက်ညီမည့် ကုမ္ပဏီတစ်ခုကို စိစစ်ရွေးချယ်ရေးလုပ်ငန်းဆောင်ရွက်နေဆဲဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးအောင်သူကဆိုသည်။
 
“တင်ဒါက မပြီးသေးဘူး ကျွန်တော်တို့ ပြန်ပြီးတော့မှ စီစစ်နေတယ်။ ပထမဦးဆုံး သူတို့ရဲ့ Profile တွေစစ် တယ်။ ပြီးရင်သူတို့ တင်တဲ့စျေးနှုန်းတွေ စစ်တယ် စစ်ပြီးတော့ ကျွန်တော်တို့ ဘုတ်ပြန်ထိုင်တယ်။ ဒီကြားထဲမှာ ကုမ္ပဏီ ၃ ခုကို ရွေးချယ်ပြီးတော့မှ နောက်ဆုံး တစ်ခါထပ်ရွေးချယ်မယ်၊ မပြီးပြတ်သေးဘူး။ ဒီရေကူးကန်က တိုင်းနဲ့ ပြည်နယ်မှာ အကြီးဆုံးဖြစ်မှာဆိုတော့ နည်းပညာအရရော လုပ်ရမယ့်လုပ်ငန်းပမာဏအရ ရောကြီး တယ် နောက်ပြီး ပြည်နယ်ရဲ့ ပုံရိပ်၊ ဌာနရဲ့ပုံရိပ်တွေဖြစ်တဲ့အတွက် လွယ်လွယ်တော့ ရွေးချယ်ပြီးပေးမှာ မဟုတ်ဘူး စိတ်တိုင်းကျ စိစစ်ရွေးချယ်ပြီးမှ ပေးဖို့လုပ်နေပါတယ်” ဟု ပြည်နယ် အားကာမှူး ဦးအောင်သူက ပြောသည်။
 
အဆိုပါ ရေကူးကန်တည်ဆောက်ရန်အတွက် အောက်တိုဘာလ (၁၀) ရက်နေ့မှ နိုဝင်ဘာလ (၂၀)ရက် နေ့အထိ မြန်မာ့အလင်းသတင်းစာမှ အိတ်ဖွင့်တင်ဒါကြော်ငြာထည့်သွင်းခေါ်ယူခဲ့ပြီး YZW ကုမ္ပဏီ၊ စိန်ပန်းရိပ် ကုမ္ပဏီ၊ မြန်မာမိတ်ကာဟုမ်းကုမ္ပဏီ၊ KSID ကုမ္ပဏီနှင့် Eagle Dragon ကုမ္ပဏီ စသည့်ကုမ္ပဏီများက လာရောက်လျှောက်ထားပြီး တင်ဒါဖွင့်ဖောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၁၁) ရက်နေ့က ဆောင်ရွက် ပြီးစီးခဲ့ကြောင်းသိရသည်။
 
အဆိုပါ ရေကူးကန်တွင် ရေကူးလမ်းဆယ်လမ်းအထိ ပါဝင်မည်ဖြစ်ပြီး အလျား (၅၀)မီတာ၊ အနံ(၁၅)မီတာနှင့် ရေကူးကန်ဘေးလျှောက်လမ်း၊ ပွဲကြည့်စင်၊ ရေကူးဝတ်စုံများငှါးရမ်း ရောင်းချမည့် ဆိုင်ခန်းများ၊ အမျိုးသား အမျိုးသမီး အဝတ်လဲခန်းများ၊ ပစ္စည်းများသိမ်းဆည်းမည့် လော့ကာခန်းများ၊ ရေကူးနည်းပြနေမည့် အဆောင်၊ အစည်းအဝေးခန်းမ၊ သင်တန်းခန်းမများပါထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
လွမ်းအောင်
 
#PeopleMedia #ရေကူးကန#မြစ်ကြီးနား

Share this post