• Follow Us on
Latest News

Home ျမစ္ႀကီးနား၌ ေဗာက္အိုး၊ မီးရႉးမီးပန္း ေရာင္းခ်သူ သုံးဦး ဖမ္းဆီးအေရးယူ

ျမစ္ႀကီးနား၌ ေဗာက္အိုး၊ မီးရႉးမီးပန္း ေရာင္းခ်သူ သုံးဦး ဖမ္းဆီးအေရးယူ

Share this post

ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၂၇

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၌ ေဗာက္အိုး၊ မီးရႉးမီးပန္းေရာင္းခ် သုံးဦးကို ယမန္ေန႔ (ေအာက္တိုဘာလ ၂၇)ရက္ေန႔က ဖမ္းဆီး အေရးယူထားေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ သိရသည္။

သီတင္းကၽြတ္ကာလ ေဗာက္အိုး၊ မီးရွိူးမီးပန္းမ်ား ေရာင္းခ်ျခင္း၊ ေဖာက္ခြဲျခင္း မျပဳလုပ္ၾကရန္ ျမစ္ႀကီးနားၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး႐ုံးက ေၾကညာထားၿပီျဖစ္ၿပီး ယင္း အမိန္႔ကို လိုက္နာမႈ ရွိ၊ မရွိ ေရွာင္တခင္လိုက္လံ စစ္ေဆးရာမွ ရမ္ပူ ရပ္ကြက္မွ တစ္ဦး၊ မန္ခိန္မွ တစ္ဦး၊ ရွမ္းစုေတာင္ မွ တစ္ဦး စုစုေပါင္း သုံးဦးတို႔ကို ​ျမစ္ႀကီးနားၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးသန္းဝင္းကတရားလို ျပဳလုပ္တရားစြဲဆိုထားေၾကာင္း သိရသည္။

“ဒီသတင္းကၽြတ္မွာ ေဗာက္အိုး၊ မီးရႉးမီးပန္း ေရာင္းတဲ့ လူသုံးေယာက္ကို မေန႔က ဖမ္းတယ္ ဒီေန႔ပဲတရားစြဲ တင္လိုက္ၿပီ ” ဟု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဥိီးသန္းဝင္းကေျပာသည္။

အဆိုပါ ဖမ္းဆီးအေရးယူထားသည့္ သုံးဦးကို ျမစ္ႀကီးနားၿမိဳ႕အမွတ္ (၁)ရဲစခန္း၌ ဥေပဒပုဒ္မ -၁၈၈ အရ အေရးယူ ေဆာင္ရြက္ထားေၾကာင္းသိရသည္။

သီတင္းကၽြတ္က ာလအတြင္း ယခုကဲ့သို႔ ေဗာက္အိုး၊ မီးရႉးမီးပန္း ေရာင္းခ်သူႏွင့္ ေဖာက္ခြဲသူမ်ားကို လည္း ေရွာင္တခင္စစ္ေဆးအေရးယူသြားမည္ ျဖစ္ေၾကာင္းျမစ္ႀကီးနားၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမႉး ႐ုံးမွသိရသည္။

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္း ေဗ်ာက္အိုးေဖာက္ျခင္း၊မီရႉးမီးပန္း ပစ္လြတ္ျခင္း ေရာင္းခ်ျခင္းမျပဳလုပ္ၾကရန္ အမိန္႔ေၾကညာစာကိုေအာက္တိုဘာလ (၂၀)ရက္ေန႔က ႀကီးနားၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးက ​ထုတ္ျပန္ထားသည္။

ယင္းအမိန္႔ ေၾကညာစာ၌ ေဗာက္အိုးေဖာက္ျခင္း၊ မီးရႉးမီးပန္းေစလႊတ္ျခင္းသည္ မီးေဘးအႏၲရာယ္ကိုစိုးရိမ္ရၿပီး၊ ျပည္သူမ်ားအထိတ္တလန္႔ျဖစ္ေစသည့္အျပင္ တရားဥပေဒ စိုးမိုးေရးႏွင့္ ရပ္ရြာေအးခ်မ္းသာယာေရးကို ထိခိုက္ေစသည့္အတြက္ တားျမစ္ရျခင္း ျဖစ္ေၾကာင္း ယင္း​ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပပါရွိသည္။

လြမ္းေအာင္

#PeopleMedia #ျမစ္ႀကီးနားၿမိဳ႕ #ေဗာက္အိုးမီးရႉးမီးပန္း

(unicode)
မြစ်ကြီးနား၌ ဗောက်အိုး၊ မီးရှူးမီးပန်း ရောင်းချသူ သုံးဦး ဖမ်းဆီးအရေးယူ ………………………………………………………
မြစ်ကြီးနား၊ အောက်တိုဘာ ၂၇ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဗောက်အိုး၊ မီးရှူးမီးပန်းရောင်းချ သုံးဦးကို ယမန်နေ့ (အောက်တိုဘာလ ၂၇)ရက်နေ့က ဖမ်းဆီး အရေးယူထားကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ သီတင်းကျွတ်ကာလ ဗောက်အိုး၊ မီးရှိူးမီးပန်းများ ရောင်းချခြင်း၊ ဖောက်ခွဲခြင်း မပြုလုပ်ကြရန် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ကြေညာထားပြီဖြစ်ပြီး ယင်း အမိန့်ကို လိုက်နာမှု ရှိ၊ မရှိ ရှောင်တခင်လိုက်လံ စစ်ဆေးရာမှ ရမ်ပူ ရပ်ကွက်မှ တစ်ဦး၊ မန်ခိန်မှ တစ်ဦး၊ ရှမ်းစုတောင် မှ တစ်ဦး စုစုပေါင်း သုံးဦးတို့ကို ​မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းကတရားလို ပြုလုပ်တရားစွဲဆိုထားကြောင်း သိရသည်။ “ဒီသတင်းကျွတ်မှာ ဗောက်အိုး၊ မီးရှူးမီးပန်း ရောင်းတဲ့ လူသုံးယောက်ကို မနေ့က ဖမ်းတယ် ဒီနေ့ပဲတရားစွဲ တင်လိုက်ပြီ ” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဥိီးသန်းဝင်းကပြောသည်။ အဆိုပါ ဖမ်းဆီးအရေးယူထားသည့် သုံးဦးကို မြစ်ကြီးနားမြို့အမှတ် (၁)ရဲစခန်း၌ ဥပေဒပုဒ်မ -၁၈၈ အရ အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။ သီတင်းကျွတ်က ာလအတွင်း ယခုကဲ့သို့ ဗောက်အိုး၊ မီးရှူးမီးပန်း ရောင်းချသူနှင့် ဖောက်ခွဲသူများကို လည်း ရှောင်တခင်စစ်ဆေးအရေးယူသွားမည် ဖြစ်ကြောင်းမြစ်ကြီးနားမြို့နယ်အုပ်ချုပ် ရေးမှူး ရုံးမှသိရသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း ဗျောက်အိုးဖောက်ခြင်း၊မီရှူးမီးပန်း ပစ်လွတ်ခြင်း ရောင်းချခြင်းမပြုလုပ်ကြရန် အမိန့်ကြေညာစာကိုအောက်တိုဘာလ (၂၀)ရက်နေ့က ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ​ထုတ်ပြန်ထားသည်။ ယင်းအမိန့် ကြေညာစာ၌ ဗောက်အိုးဖောက်ခြင်း၊ မီးရှူးမီးပန်းစေလွှတ်ခြင်းသည် မီးဘေးအန္တရာယ်ကိုစိုးရိမ်ရပြီး၊ ပြည်သူများအထိတ်တလန့်ဖြစ်စေသည့်အပြင် တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အတွက် တားမြစ်ရခြင်း ဖြစ်ကြောင်း ယင်း​ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ လွမ်းအောင်
#PeopleMedia #မြစ်ကြီးနားမြို့ #ဗောက်အိုးမီးရှူးမီးပန်း


Share this post