• Follow Us on

Home ျမစ္ႀကီးနား၌ KTVႏွင့္ Club တို႔ကို ေရွာင္တခင္ စစ္ေဆးမည္၊ ဖြင့္လွစ္ေနေၾကာင္း ေတြ႕ရွိက ထိေရာက္စြာ အေရးယူမည္

ျမစ္ႀကီးနား၌ KTVႏွင့္ Club တို႔ကို ေရွာင္တခင္ စစ္ေဆးမည္၊ ဖြင့္လွစ္ေနေၾကာင္း ေတြ႕ရွိက ထိေရာက္စြာ အေရးယူမည္

Share this post

ျမစ္ႀကီးနား၊ ၾသဂုတ္ ၂၈

ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕နယ္ အတြင္း၌ KTV ႏွင့္ Club တို႔ကို ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္သြား မည္ျဖစ္ၿပီး ဖြင့္လွစ္ေနေၾကာင္း ေတြ႕ရွိက ထိေရာက္စြာ အေရးယူမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ျမစ္ႀကီး နားၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွ သိရသည္။

ကိုဗစ္ – ၁၉ ထိန္းခ်ဳပ္ကာကြယ္ေရး လမ္းစဉ္အရ လက္ရွိတြင္ KTVႏွင့္ Club တို႔ကို တရားဝင္ဖြင့္လွစ္ခြင့္ ယာယီရပ္ဆိုင္းထားၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ သက္ဆိုင္ရာဌာနမ်ားက ေရွာင္တခင္လိုက္လံစစ္ေဆး သြားမည္ျဖစ္ရာ ဖြင့္လွစ္ေနေၾကာင္းေတြ႕ရွိပါက ထိေရာက္စြာအေရးယူမည္ဟု ျမစ္ႀကီးနားၿမိဳ႕နယ္ အုပ္ခ်ဳပ္ ေရးမွဴး ဦးသန္းဝင္းက ဆိုသည္။

”KTV၊ CLUB တို႔ကို ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးမယ္၊ စစ္ေဆးလို႔ ဖြင့္ေနတာေတြ႕ရင္ ပထမအဆင့္ လိုင္စင္႐ုပ္သိမ္းမယ္၊ ဒုတိယအဆင့္ ထပ္ဖြင့္တယ္ဆိုရင္ေတာ့ ဥပေဒအရ အေရးယူေဆာင္ရြက္ဖို႔ ၫြန္ၾကားထားၿပီးသား ျဖစ္ပါတယ္” ဟု ဦးသန္းဝင္းက ေျပာသည္။

ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးမႈမ်ား မျပဳလုပ္မီ လုပ္ငန္းရွင္မ်ားအား ျမစ္ႀကီးနားၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးသို႔ ေခၚယူကာ ႀကိဳတင္အသိေပးျခင္းႏွင့္ လုပ္ငန္းရွင္မ်ား ကိုယ္တိုင္ ခံဝန္ကတိလက္မွတ္ေရး ထိုးထားၿပီ ျဖစ္ေၾကာင္း သိရသည္။

ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရး ကန္သတ္ခ်က္မ်ားကို ဧၿပီလကတည္းက Bar၊ Club၊ KTV တို႔ကို ဖြင့္လွစ္ခြင့္ ယာယီပိတ္ ထားခဲ့ေသာ္လည္း လက္ရွိတြင္ Bar ႏွင့္ စားေသာက္ဆိုင္ မ်ားကို ည(၁၁) နာရီအထိ ဖြင့္လွစ္ခြင့္ ေပးထားေၾကာင္း သိရသည္။

လြမ္းေအာင္

#PeopleMedia

(unicode)
မြစ်ကြီးနား၌ KTVနှင့် Club တို့ကို ရှောင်တခင် စစ်ဆေးမည်၊ ဖွင့်လှစ်နေကြောင်း တွေ့ရှိက ထိရောက်စွာ အရေးယူမည်
…………………………………………………

မြစ်ကြီးနား၊ ဩဂုတ် ၂၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အတွင်း၌ KTV နှင့် Club တို့ကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်သွား မည်ဖြစ်ပြီး ဖွင့်လှစ်နေကြောင်း တွေ့ရှိက ထိရောက်စွာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြစ်ကြီး နားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ကိုဗစ် – ၁၉ ထိန်းချုပ်ကာကွယ်ရေး လမ်းစဉ်အရ လက်ရှိတွင် KTVနှင့် Club တို့ကို တရားဝင်ဖွင့်လှစ်ခွင့် ယာယီရပ်ဆိုင်းထားပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများက ရှောင်တခင်လိုက်လံစစ်ဆေး သွားမည်ဖြစ်ရာ ဖွင့်လှစ်နေကြောင်းတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ် ရေးမှူး ဦးသန်းဝင်းက ဆိုသည်။

”KTV၊ CLUB တို့ကို ရှောင်တခင် ဝင်ရောက်စစ်ဆေးမယ်၊ စစ်ဆေးလို့ ဖွင့်နေတာတွေ့ရင် ပထမအဆင့် လိုင်စင်ရုပ်သိမ်းမယ်၊ ဒုတိယအဆင့် ထပ်ဖွင့်တယ်ဆိုရင်တော့ ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ ညွန်ကြားထားပြီးသား ဖြစ်ပါတယ်” ဟု ဦးသန်းဝင်းက ပြောသည်။

ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ မပြုလုပ်မီ လုပ်ငန်းရှင်များအား မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူကာ ကြိုတင်အသိပေးခြင်းနှင့် လုပ်ငန်းရှင်များ ကိုယ်တိုင် ခံဝန်ကတိလက်မှတ်ရေး ထိုးထားပြီ ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကန်သတ်ချက်များကို ဧပြီလကတည်းက Bar၊ Club၊ KTV တို့ကို ဖွင့်လှစ်ခွင့် ယာယီပိတ် ထားခဲ့သော်လည်း လက်ရှိတွင် Bar နှင့် စားသောက်ဆိုင် များကို ည(၁၁) နာရီအထိ ဖွင့်လှစ်ခွင့် ပေးထားကြောင်း သိရသည်။

လွမ်းအောင်

#PeopleMedia


Share this post