• Follow Us on

Home ျမစ္ႀကီးနားၿမိဳ႕တြင္ ဆိုင္ကယ္ႏွင့္ ရထားတိုက္မိ၍ ဆိုင္ကယ္ေမာင္းႏွ င္သူ ပြဲခ်င္းၿပီး ေသဆုံး

ျမစ္ႀကီးနားၿမိဳ႕တြင္ ဆိုင္ကယ္ႏွင့္ ရထားတိုက္မိ၍ ဆိုင္ကယ္ေမာင္းႏွ င္သူ ပြဲခ်င္းၿပီး ေသဆုံး

Share this post

ျမစ္ႀကီးနား၊ ဩဂုတ္ ၁၄

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခ႐ိုင္၊ ျမစ္ႀကီးနားၿမိဳ႕နယ္၊ နန္းေကြ႕ေက်းရြာ နယ္ေျမ ၁ ရထားလမ္းမိုင္တိုင္အမွတ္ (၇၁၆/၂၁၂၂) တြင္ ဆိုင္ကယ္ႏွင့္ ရထားတိုက္မိ၍ ဆိုင္ကယ္ ေမာင္းသူ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီး ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေသဆုံးသူမွာ ေက်ာ္ၿဖိဳးေအာင္ (၂၈)ႏွစ္၊ (ဘ)ဦးဝင္းသိန္း၊ နန္႔ေကြ႕ေက်းရြာ၊ ျမစ္ႀကီးနားၿမိဳ႕နယ္ေနသူ ျဖစ္ၿပီး ၄င္းသည္ ျသဂုတ္လ ၁၃ ရက္ေန႔ နံနက္ပိုင္းက ဇနီးျဖစ္သူႏွင့္ အတူ 125 ဆိုင္ကယ္ ေမာင္းႏွင္လာရာ နန္းေကြ႕ ေက်းရြာ၊ နယ္ေျမ (၁)၊ ရထားလမ္း မိုင္တိုင္ အမွတ္ (၇၁၆/၂၁၂၂) အေရာက္တြင္ ရထားလမ္းအား ျဖတ္ကူးစဉ္ မိုးညႇင္းဘက္မွ ျမစ္ႀကီးနားဘက္သို႔ စက္ေခါင္းေမာင္း ဦးထိန္ဝင္း ေမာင္းႏွင္သည့္ RBE-5048 ကားရထားႏွင့္ တိုက္မိသျဖင့္ ေက်ာ္ၿဖိဳးေအာင္တြင္ ဦးေခါင္း ေနာက္ေစ့ဒဏ္ရာရရွိကာ အခင္းျဖစ္ ေနရာ၌ ေသဆုံးသြားခဲ့ၿပီး ၄င္း၏ဇနီး မနႏၵာတြင္လည္း ပြန္းပဲ့ဒဏ္ရာ (မစိုးရိမ္ရ) ရရွိခဲ့ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားရာသို႔ ျမစ္ႀကီးနားနယ္ေျမ ရဲစခန္းမွဴး ရဲအုပ္ ႏိုင္ဝင္း ဦးစီးသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဆိုင္ကယ္အား မဆင္မျခင္ ေမာင္းႏွင္သူ ေက်ာ္ၿဖိဳးေအာင္အား အမွတ္(၁)တပ္ဖြဲ႕ခြဲ၊ ဌာနခ်ဳပ္တပ္ခြဲ၊ ျမစ္ႀကီးနားရထားရဲစခန္း၏ (ပ)၇/၂၀၂၀ မီးရထား ပို႔ေဆာင္ေရးလုပ္ငန္း ဥပေဒ ပုဒ္မ ၈၅ ျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

လူေမာ္

#PeopleMedia

(unicode)
မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်နှင့် ရထားတိုက်မိ၍ ဆိုင်ကယ်မောင်းနှ င်သူ ပွဲချင်းပြီး သေဆုံး
………………………………………………

မြစ်ကြီးနား၊ ဩဂုတ် ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ နန်းကွေ့ကျေးရွာ နယ်မြေ ၁ ရထားလမ်းမိုင်တိုင်အမှတ် (၇၁၆/၂၁၂၂) တွင် ဆိုင်ကယ်နှင့် ရထားတိုက်မိ၍ ဆိုင်ကယ် မောင်းသူ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ကျော်ဖြိုးအောင် (၂၈)နှစ်၊ (ဘ)ဦးဝင်းသိန်း၊ နန့်ကွေ့ကျေးရွာ၊ မြစ်ကြီးနားမြို့နယ်နေသူ ဖြစ်ပြီး ၄င်းသည် သြဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ဇနီးဖြစ်သူနှင့် အတူ 125 ဆိုင်ကယ် မောင်းနှင်လာရာ နန်းကွေ့ ကျေးရွာ၊ နယ်မြေ (၁)၊ ရထားလမ်း မိုင်တိုင် အမှတ် (၇၁၆/၂၁၂၂) အရောက်တွင် ရထားလမ်းအား ဖြတ်ကူးစဉ် မိုးညှင်းဘက်မှ မြစ်ကြီးနားဘက်သို့ စက်ခေါင်းမောင်း ဦးထိန်ဝင်း မောင်းနှင်သည့် RBE-5048 ကားရထားနှင့် တိုက်မိသဖြင့် ကျော်ဖြိုးအောင်တွင် ဦးခေါင်း နောက်စေ့ဒဏ်ရာရရှိကာ အခင်းဖြစ် နေရာ၌ သေဆုံးသွားခဲ့ပြီး ၄င်း၏ဇနီး မနန္ဒာတွင်လည်း ပွန်းပဲ့ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ မြစ်ကြီးနားနယ်မြေ ရဲစခန်းမှူး ရဲအုပ် နိုင်ဝင်း ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်သူ ကျော်ဖြိုးအောင်အား အမှတ်(၁)တပ်ဖွဲ့ခွဲ၊ ဌာနချုပ်တပ်ခွဲ၊ မြစ်ကြီးနားရထားရဲစခန်း၏ (ပ)ရ/၂၀၂၀ မီးရထား ပို့ဆောင်ရေးလုပ်ငန်း ဥပဒေ ပုဒ်မ ၈၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

လူမော်

#PeopleMedia


Share this post