• Follow Us on

Home မြစ်ကြီးနားမြို့တွင် တပ်မတော် ထောက်ခံပွဲပြုလုပ်

မြစ်ကြီးနားမြို့တွင် တပ်မတော် ထောက်ခံပွဲပြုလုပ်

Share this post

မြစ်ကြီးနား၊ ဇန်နဝါရီ ၃၁ (People Media)

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရနှင့် မြန်မာ့တပ်မတော်အား ကြိုဆို ကြောင်း ထောက်ခံပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်သူများသည် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို မြို့သစ်ကြီးရပ်ကွက် အောင်ဇေရန်အောင်ဘုရားရှေ့တွင် စုဝေး၍ လီဒိုလမ်းမကြီး အတိုင်း၊ ရေတွင်းကွေ့လမ်းဆုံအထိ အင်အား (၂၀၀) ခန့်ဖြင့် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရ သည်။

 

“NUG၊ CRPH အလိုမရှိ၊ တပ်မတော်ဖြိုခွဲသူတို့ရန်သူ၊ နိုင်ငံတော်ကို ထိန်းသိမ်းစောင့်ရှောက်သော မြန်မာ့တပ်မ တော်ကို ကြိုဆိုထောက်ခံပါသည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ကြိုဆိုထောက်ခံပါသည်” ဟူသော  စာတန်းပါ ဗီနိုင်းများကိုကိုင်ဆောင်၍ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

 

အလားတူ ရန်ကြီးအောင်ရပ်ကွက်၊ အံတော်ရှင်သမိုင်းဝင်စေတီတော်မြတ်ကြီးရှေ့တွင် စုရပ်အဖြစ် သတ်မှတ် ကာ ပြည်ထောင်စုလမ်းမကြီး-မြို့မရပ်ကွက်၊ သခင်နတ်ဖေလမ်း-ဆမားလမ်းတစ်လျှောက်၊ ရန်ကြီးအောင် ရပ်ကွက်အထိ အင်အား (၂၀၀) ခန့်ဖြင့် ထောက်ခံပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း အင်အား (၅၀၀) ခန့်ဖြင့် တပ်မတော် ထောက် ခံပွဲကို အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှာ လီဒိုလမ်းတစ်လျှောက် ရေတွင်းကွေ့လမ်းဆုံအထိ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

 

ပန်ပန်(EPN)

 

#PeopleMedia #မြစ်ကြီးနားမြို့

 

(unicode)


………………………………………

 


 


 


 


 


 


 


 



Share this post