• Follow Us on

Home ျမစ္ႀကီးနားၿမိဳ႕နယ္ႏွင့္ အင္ဂ်န္းယန္ ၿမိဳ႕နယ္ခ်င္းဆက္ မလိချမစ္ကူး တံတားတည္ေဆာက္ရန္ ျပည္နယ္အစိုးရ စီစဥ္ေန

ျမစ္ႀကီးနားၿမိဳ႕နယ္ႏွင့္ အင္ဂ်န္းယန္ ၿမိဳ႕နယ္ခ်င္းဆက္ မလိချမစ္ကူး တံတားတည္ေဆာက္ရန္ ျပည္နယ္အစိုးရ စီစဥ္ေန

Share this post

အင္ဂ်န္းယန္၊ နိုဝင္ဘာ ၂၀

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခရိုင္၊ အင္ဂ်န္းယန္ၿမိဳ႕နယ္သို႔သြားသည့္ မလိချမစ္ကူး တံတားတည္ ေဆာက္ရန္ ကခ်င္ျပည္နယ္အစိုးရ စီစဥ္ေနၿပီျဖစ္သည္။

မလိချမစ္သည္ ျမစ္ႀကီးနားၿမိဳ႕နယ္ႏွင့္ အင္ဂ်န္းယန္ ၿမိဳ႕နယ္ ႏွစ္ခုကိုပိုင္းျခားေပးထားသည့္ ျမစ္ျဖစ္ၿပီး ယင္းၿမိဳ႕နယ္ႏွစ္ခုကို ဆက္သြယ္ေပးမည့္ မလိချမစ္ကူးတံတား တည္ေဆာက္သြားရန္က ကခ်င္ျပည္နယ္အစိုးရ စီစဥ္ေနေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕ ညြန္ၾကားေရးမႉး ဦးေဇာ္ေဇာ္က ဆိုသည္။

“ဟုတ္ကဲ့ အဲ့ဒီဟာက အစီအစဥ္ရွိပါတယ္၊ ဒီ ၂၀၂၀-၂၀၂၁ ဘတ္ဂ်တ္မွာေတာ့ မပါေသးဘူး ထင္တယ္ တည္ေဆာက္ဖို႔ေတာ့ ရွိတယ္။ ေရွ႕ႏွစ္ေတာ့ အင္ဂ်န္းယန္ တံတားတည္ေဆာက္ဖို႔ ျဖစ္သြားပါၿပီ။” ဟု ျပည္နယ္အစိုးရအဖြဲ ညြန္ၾကားေရးမႉး ဦးေဇာ္ေဇာ္က ေျပာသည္။

လက္ရွိတြင္ အင္ဂ်န္းယန္ၿမိဳ႕နယ္သို႔သြားမည္ဆိုပါက ေမချမစ္ကို အက်ယ္ေပ(၂၀)၊ အရွည္ေပ(၄၀)ရွိသည့္ စက္ေလွျဖင့္ျဖတ္ကူးရၿပီး လူတစ္ဦးလ်င္(၅၀၀)က်ပ္၊ ဆိုင္ကယ္တစ္စီးလၽွင္ (၁၀၀၀)က်ပ္၊ လူစီးကားတစ္စီး (၃၀၀၀၀) က်ပ္ႏွင့္ ကုန္ပစၥည္းတင္သည့္ကားမ်ားကိုမႈ ပစၥည္းတန္ခ်ိန္ေပၚမူတည္၍ ေကာက္ခံလ်က္ရွိသည္။

“ဟိုဘက္ကမ္းဒီဘက္ကို ေရႀကီးတယ္ဆိုရင္ေတာ့ အထက္ကို ဆန္တက္ၿပီးမွ ကမ္းကိုျပန္စုန္ၿပီး ကပ္ရတာဆိုေတာ့ မိနစ္ေလးဆယ္ ေလာက္ၾကာတယ္။ ေရေလ်ာ့တဲ့ အခ်ိန္ဆိုရင္ေတာ့ ဟိုဘက္ကမ္း ဒီဘက္ကမ္းကို ဒဲ့ျဖတ္ရတာဆိုေတာ မိနစ္အစိတ္ေလာက္ နာရီဝက္ေလာက္ေတာ့ သြား ၾကာတာေပါ့”ဟု အင္ဂ်န္းယန္ၿမိဳ႕နယ္ ဒုအုပ္ခ်ဳပ္ေရးမႉး ဦးသန္းစိုးကေျပာသည္။

လက္ရွိတြင္ ေမချမစ္ကူးတံတားမရွိသည့္အတြက္ အင္ဂ်န္းယန္ၿမိဳ႕နယ္ အတြင္းက ေဒသခံျပည္သူမ်ား၏ လူေနမႈဘဝဖြံ့ၿဖိဳးတိုးတက္မႈ ေႏွာက္ေႏွးေနၿပီး ယင္းျမစ္ကူးတံတား တည္ေဆာက္ေပးမည္ ဆိုပါကေဒသခံျပည္သူမ်ား၏ လူေနမႈဘဝဖြံ့ၿဖိဳးတိုးတက္မႈအတြက္ မ်ားစြာ အေထာက္အကူျပဳမည္ ျဖစ္ေၾကာင္း ေဒသခံတစ္ဦးက ေျပာသည္။

“ဒီျမစ္ကူးတံတားေလးကိ နိုင္ငံေတာ္အစိုးရအေန နဲ႔လုပ္ေပးနိုင္ရင္ေတာ့ ကၽြန္ေတာ္တို႔ အင္ဂ်န္းယန္ ၿမိဳ႕နယ္ေဒသခံျပည္သူမ်ား အတြက္ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္မယ့္အျပင္ ဌာနဆိုင္ရာေတြၿပီးရင္ ၿမိဳ႕နယ္ အတြင္းက ျပည္သူေတြရဲ့ ပညာေရး၊ က်န္းမာေရး၊ လူမႈေရး အခက္အခဲေတြကို လိုအပ္သည္ထက္ပိုၿပီးေတာ့မွ ျမန္ဆန္ၿပီး ေဆာင္ရြက္ေပးနိုင္မယ္လို႔ယုံၾကည္ပါတယ္”ဟု အင္ဂ်န္းယန္ေဒသခံ တစ္ဦးက ေျပာသည္။

လူဦးေရ (၈၀၀၀)ေက်ာ္ရွိသည့္ အင္ဂ်န္းယန္ၿမိဳ႕နယ္တြင္ ၿမိဳ႕ေပၚ(၄) ရပ္ကြက္ႏွင့္ ေက်းရြာ၊ ေက်းရြာအုပ္ေပါင္း (၆၃)စုရွိသည့္ အနက္ လက္ရွိတြင္ နယ္ေျမလုံျခဳံေရးအရ ၿမိဳ႕ေပၚ(၄)ရပ္ကြက္ႏွင့္ ေက်းရြာ အုပ္စု ႏွစ္စု၊ ေက်းရြာေပါင္း(၁၀)ရြာတြင္သာ ဝင္ထြက္သြားလာခြင့္ ရွိသည္။

လြမ္းေအာင္

#PeopleMedia #အင္ဂ်န္းယန္ #ေဆာက္လုပ္ေရး

(unicode)
မြစ်ကြီးနားမြို့နယ်နှင့် အင်ဂျန်းယန် မြို့နယ်ချင်းဆက် မလိခမြစ်ကူး တံတားတည်ဆောက်ရန် ပြည်နယ်အစိုးရ စီစဉ်နေ ………………………………………
အင်ဂျန်းယန်၊ နိုဝင်ဘာ ၂၀ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်သို့သွားသည့် မလိခမြစ်ကူး တံတားတည် ဆောက်ရန် ကချင်ပြည်နယ်အစိုးရ စီစဉ်နေပြီဖြစ်သည်။ မလိခမြစ်သည် မြစ်ကြီးနားမြို့နယ်နှင့် အင်ဂျန်းယန် မြို့နယ် နှစ်ခုကိုပိုင်းခြားပေးထားသည့် မြစ်ဖြစ်ပြီး ယင်းမြို့နယ်နှစ်ခုကို ဆက်သွယ်ပေးမည့် မလိခမြစ်ကူးတံတား တည်ဆောက်သွားရန်က ကချင်ပြည်နယ်အစိုးရ စီစဉ်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးဇော်ဇော်က ဆိုသည်။ “ဟုတ်ကဲ့ အဲ့ဒီဟာက အစီအစဉ်ရှိပါတယ်၊ ဒီ ၂၀၂၀-၂၀၂၁ ဘတ်ဂျတ်မှာတော့ မပါသေးဘူး ထင်တယ် တည်ဆောက်ဖို့တော့ ရှိတယ်။ ရှေ့နှစ်တော့ အင်ဂျန်းယန် တံတားတည်ဆောက်ဖို့ ဖြစ်သွားပါပြီ။” ဟု ပြည်နယ်အစိုးရအဖွဲ ညွန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။ လက်ရှိတွင် အင်ဂျန်းယန်မြို့နယ်သို့သွားမည်ဆိုပါက မေခမြစ်ကို အကျယ်ပေ(၂၀)၊ အရှည်ပေ(၄၀)ရှိသည့် စက်လှေဖြင့်ဖြတ်ကူးရပြီး လူတစ်ဦးလျင်(၅၀၀)ကျပ်၊ ဆိုင်ကယ်တစ်စီးလျှင် (၁၀၀၀)ကျပ်၊ လူစီးကားတစ်စီး (၃၀၀၀၀) ကျပ်နှင့် ကုန်ပစ္စည်းတင်သည့်ကားများကိုမှု ပစ္စည်းတန်ချိန်ပေါ်မူတည်၍ ကောက်ခံလျက်ရှိသည်။ “ဟိုဘက်ကမ်းဒီဘက်ကို ရေကြီးတယ်ဆိုရင်တော့ အထက်ကို ဆန်တက်ပြီးမှ ကမ်းကိုပြန်စုန်ပြီး ကပ်ရတာဆိုတော့ မိနစ်လေးဆယ် လောက်ကြာတယ်။ ရေလျော့တဲ့ အချိန်ဆိုရင်တော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းကို ဒဲ့ဖြတ်ရတာဆိုတော မိနစ်အစိတ်လောက် နာရီဝက်လောက်တော့ သွား ကြာတာပေါ့”ဟု အင်ဂျန်းယန်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးသန်းစိုးကပြောသည်။ လက်ရှိတွင် မေခမြစ်ကူးတံတားမရှိသည့်အတွက် အင်ဂျန်းယန်မြို့နယ် အတွင်းက ဒေသခံပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှု နှောက်နှေးနေပြီး ယင်းမြစ်ကူးတံတား တည်ဆောက်ပေးမည် ဆိုပါကဒေသခံပြည်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒီမြစ်ကူးတံတားလေးကိ နိုင်ငံတော်အစိုးရအနေ နဲ့လုပ်ပေးနိုင်ရင်တော့ ကျွန်တော်တို့ အင်ဂျန်းယန် မြို့နယ်ဒေသခံပြည်သူများ အတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မယ့်အပြင် ဌာနဆိုင်ရာတွေပြီးရင် မြို့နယ် အတွင်းက ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အခက်အခဲတွေကို လိုအပ်သည်ထက်ပိုပြီးတော့မှ မြန်ဆန်ပြီး ဆောင်ရွက်ပေးနိုင်မယ်လို့ယုံကြည်ပါတယ်”ဟု အင်ဂျန်းယန်ဒေသခံ တစ်ဦးက ပြောသည်။ လူဦးရေ (၈၀၀၀)ကျော်ရှိသည့် အင်ဂျန်းယန်မြို့နယ်တွင် မြို့ပေါ်(၄) ရပ်ကွက်နှင့် ကျေးရွာ၊ ကျေးရွာအုပ်ပေါင်း (၆၃)စုရှိသည့် အနက် လက်ရှိတွင် နယ်မြေလုံခြုံရေးအရ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု နှစ်စု၊ ကျေးရွာပေါင်း(၁၀)ရွာတွင်သာ ဝင်ထွက်သွားလာခွင့် ရှိသည်။ လွမ်းအောင်
#PeopleMedia #အင်ဂျန်းယန် #ဆောက်လုပ်ရေး


Share this post