• Follow Us on

Home မြစ်ကြီးနားမြို့ရှိ သွေးကြောပိတ်လူနာကို မန္တလေးမြို့သို့ ပို့ဆောင်ပေးခဲ့သည့် လူမှုကူညီရေးယာဉ် ပစ်ခတ်ခံရပြီး ယာဉ်မောင်းဖြစ်သူ သေဆုံး

မြစ်ကြီးနားမြို့ရှိ သွေးကြောပိတ်လူနာကို မန္တလေးမြို့သို့ ပို့ဆောင်ပေးခဲ့သည့် လူမှုကူညီရေးယာဉ် ပစ်ခတ်ခံရပြီး ယာဉ်မောင်းဖြစ်သူ သေဆုံး

Share this post

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁ (People Media)

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရင်စိန်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေရသည့် လူနာတစ်ဦးကို မန္တလေးမြို့သို့ ဆေးကုသရန် ပို့ဆောင်ပေးသည့် လူမှုကူညီရေးယာဉ်သည် ယနေ့ နံနက်ပိုင်းက ထီးချိုင့်မြို့နယ် အတွင်း၌ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနား-အင်းတော်-ထီးချိုင့်-မန္တလေး ကားလမ်း ထီးချိုင့်မြို့နယ်အပိုင်၌ လူမှုကူညီရေးယာဉ်တစ်စီးသည် လူနာပို့ဆောင်စဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

 

“လူနာကို လိုက်ပို့တာက လူမှုကူညီရေးအသင်းက ယာဉ်မောင်းရယ်၊ အကူရယ်ပါ။ ပြီးတော့ လူနာရဲ့ မိသား စုဝင်တွေပါတယ်။ ထီးချိုင့်မြို့နယ်အပိုင်ထဲမှာ ဒေသလက်နက်ကိုင်အဖွဲ့က ယာဉ်ကို တားပြီး ယာဉ်မောင်းကို ပစ်သတ်ခဲ့တာ” လို့ ထီးချိုင့်မြို့နယ် မြို့ခံတစ်ဦးက ပြောပါတယ်။

 

ပစ်ခတ်ခံရသည့် လူမှုကူညီရေးယာဉ်သည် မြစ်ကြီးနားမြို့ ဧရာဝတီဂရုဏာ လူမှုရှာဖွေကယ်ဆယ်ရေး အသင်းပိုင်ယာဉ်ဖြစ်ကြောင်း သိရပါတယ်။

 

ဒီလို စစ်ဘက်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ လူမှုကူညီရေးယာဉ်တွေကို မပစ်ခတ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ အ လားတူ စစ်ကိုင်းတိုင်းဒေသကြီး၌ လူမှုကူညီရေးယာဉ်အချို့ မိုင်းဆွဲတိုက်ခိုက်ခြင်း ခံနေရသလို လူမှုကူညီရေး ယာဉ်အချို့လည်း ပျောက်ဆုံးလျက်ရှိနေပါတယ်။

 

#PeopleMedia #မြစ်ကြီးနားမြို့

 

(unicode)


……………………………………………………………

 


 


 


 


 


 


 



Share this post