• Follow Us on

Home ျမစ္ႀကီးနားၿမိဳ႕ရွိ KTV ဆိုင္တစ္ခု အေရးယူ

ျမစ္ႀကီးနားၿမိဳ႕ရွိ KTV ဆိုင္တစ္ခု အေရးယူ

Share this post

 
ျမစ္ႀကီးနား၊ စက္တင္ဘာ ၄
 
ျမစ္ႀကီးနားၿမိဳ႕ တပ္ကုန္းရပ္ကြက္ အေရွ႕ေျမာက္နယ္ေျမ၊ ခ်မ္းမူးလမ္းသြယ္ ၁၁မွာ ဖြင့္လွစ္ ထားေသာ မယ္လိုဒီ KTV ဆိုင္ကို ကိုဗစ္ ကာ လ သတ္မွတ္ထားသည့္ စည္းကမ္းခ်က္အတိုင္းမလိုက္နာဘဲ ဖြင့္လွစ္ေနသည္ကို ေတြ႕ရွိရသျဖင့္ ဥပေဒအတိုင္း အေရးယူထားေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ မွဴး႐ုံးမွ သိရသည္။
 
ကိုဗစ္ေရာဂါေၾကာင့္ KTV ဆိုင္မ်ား ပိတ္ထားရန္ ၫြန္ၾကားခ်က္မ်ားကို လိုက္နာမႈရွိမရွိ ၿမိဳ႕တြင္း စစ္ေဆးရာ ယင္းမယ္လိုဒီဆိုင္သည္ ဖြင့္လွစ္ေနသည္ကို ေတြ႕ရွိရသည့္အတြက္ ယင္းဆိုင္ရွင္ကို သဘာဝေဘးအႏၲ ရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ ၂၅ အရ အေရးယူးထားေၾကာင္း ျမစ္ႀကီးနား ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးျမင့္မိုးက ေျပာသည္။
 
“ညက ၿမိဳ႕ထဲမွာ ေကတီဗြီဆိုင္ေတြ ဖြင့္မဖြင့္ လိုက္စစ္တဲ့အခါမွာ ေတြ႕လို႔ အေရးယူလိုက္တယ္” ဟု ရဲမွဴးက ေျပာသည္။
 
အဆိုပါ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ ၂၅ အရ ျပစ္မႈထင္ရွားပါက ၃ ႏွစ္ထက္ မပို ေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္သည္ဟု ျပ႒ာန္းထားသည္။
 
ျမစ္ႀကီးနားၿမိဳ႕နယ္အတြင္း KTV ႏွင့္ Club ဆိုင္မ်ားကို ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ၿပီး ဖြင့္လွစ္ေနေၾကာင္း ေတြ႕ရွိပါက ဥပေဒအတိုင္း ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းဝင္းက ေျပာသည္။
 
ထိုသို႔ ေရွာင္တခင္စစ္ေဆးမႈမ်ား မျပဳလုပ္မီ လုပ္ငန္းရွင္မ်ားကို ျမစ္ႀကီးနားၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ ေရးမွဴး႐ုံးသို႔ ေခၚယူကာ ႀကိဳတင္အသိေပးျခင္းႏွင့္ လုပ္ငန္းရွင္မ်ားကိုယ္တိုင္ ခံဝန္ကတိလက္မွတ္မ်ား ေရးထိုးထားၿပီးျဖစ္ေၾကာင္း သိရသည္။
 
ေကသီ
 
ပုံ – ျမစ္ႀကီးနားၿမိဳ႕ ျမင္ကြင္း
 
#PeopleMedia #ျမစ္ႀကီးနား
 
(unicode)
မြစ်ကြီးနားမြို့ရှိ KTV ဆိုင်တစ်ခု အရေးယူ
…………………………
 
မြစ်ကြီးနား၊ စက်တင်ဘာ ၄
 
မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် အရှေ့မြောက်နယ်မြေ၊ ချမ်းမူးလမ်းသွယ် ၁၁မှာ ဖွင့်လှစ် ထားသော မယ်လိုဒီ KTV ဆိုင်ကို ကိုဗစ် ကာ လ သတ်မှတ်ထားသည့် စည်းကမ်းချက်အတိုင်းမလိုက်နာဘဲ ဖွင့်လှစ်နေသည်ကို တွေ့ရှိရသဖြင့် ဥပဒေအတိုင်း အရေးယူထားကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။
 
ကိုဗစ်ရောဂါကြောင့် KTV ဆိုင်များ ပိတ်ထားရန် ညွန်ကြားချက်များကို လိုက်နာမှုရှိမရှိ မြို့တွင်း စစ်ဆေးရာ ယင်းမယ်လိုဒီဆိုင်သည် ဖွင့်လှစ်နေသည်ကို တွေ့ရှိရသည့်အတွက် ယင်းဆိုင်ရှင်ကို သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ အရေးယူးထားကြောင်း မြစ်ကြီးနား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးက ပြောသည်။
 
“ညက မြို့ထဲမှာ ကေတီဗွီဆိုင်တွေ ဖွင့်မဖွင့် လိုက်စစ်တဲ့အခါမှာ တွေ့လို့ အရေးယူလိုက်တယ်” ဟု ရဲမှူးက ပြောသည်။
 
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ ပြစ်မှုထင်ရှားပါက ၃ နှစ်ထက် မပို သော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
 
မြစ်ကြီးနားမြို့နယ်အတွင်း KTV နှင့် Club ဆိုင်များကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဖွင့်လှစ်နေကြောင်း တွေ့ရှိပါက ဥပဒေအတိုင်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။
 
ထိုသို့ ရှောင်တခင်စစ်ဆေးမှုများ မပြုလုပ်မီ လုပ်ငန်းရှင်များကို မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံးသို့ ခေါ်ယူကာ ကြိုတင်အသိပေးခြင်းနှင့် လုပ်ငန်းရှင်များကိုယ်တိုင် ခံဝန်ကတိလက်မှတ်များ ရေးထိုးထားပြီးဖြစ်ကြောင်း သိရသည်။
 
ကေသီ
 
ပုံ – မြစ်ကြီးနားမြို့ မြင်ကွင်း
 
#PeopleMedia #မြစ်ကြီးနား

Share this post