• Follow Us on

Home မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားအနီးရှိ ကွန်ကရစ်ဓာတ်တိုင်တစ်တိုင် မိုင်းခွဲခံရ

မြစ်ကြီးနားမြို့၊ ဗလမင်းထင် တံတားအနီးရှိ ကွန်ကရစ်ဓာတ်တိုင်တစ်တိုင် မိုင်းခွဲခံရ

Share this post

မြစ်ကြီးနား၊ မတ် ၁၄

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီးရှိ ကွန်ကရစ်ဓာတ်တိုင်တစ်တိုင်ကို ယမန်နေ့ ညပိုင်းက လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

 

ယမန်နေ့ည ၇ နာရီအချိန်ခန့်တွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ဗလမင်းထင်တံတားအနီး မြစ်ကြီးနား- ဗန်းမော်သွား ကားလမ်းမကြီးပေါ်ရှိ ကွန်ကရစ်ဓာတ်တိုင်တစ်တိုင်အား လက်လုပ်မိုင်းဖြင့် လာရောက် ဖောက်ခွဲဖျက်ဆီးသွားကြောင်း စီတာပူရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။

 

အဆိုပါဖောက်ခွဲမှုဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျူးလွန်ခဲ့သည့် တရားခံများ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

 

ကေကေ

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 


 


 

#PeopleMedia


Share this post