• Follow Us on

Home မြစ်ကြီးနားမြို့၊ အင်ခိုင်ဘွမ်တောင်ပေါ်၌ ဘုရားတည်ခြင်းကိစ္စကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ကချင်လူငယ် အဖွဲ့အစည်းများ ထုတ်ပြန်

မြစ်ကြီးနားမြို့၊ အင်ခိုင်ဘွမ်တောင်ပေါ်၌ ဘုရားတည်ခြင်းကိစ္စကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ကချင်လူငယ် အဖွဲ့အစည်းများ ထုတ်ပြန်

Share this post

ကချင်၊ ဇန်နဝါရီ ၁၉ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အင်ခိုင်ဘွမ်တောင်ပေါ်၌ ဘုရားတည်ခြင်းကိစ္စကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း ကချင်ပြည်နယ်အခြေစိုက် လူငယ်အဖွဲ့အစည်းများက ထုတ်ပြန်လိုက်သည်။

အင်ခိုင်ဘွမ်တောင်တွင် ဘုရားတည်ဆောက်နေမှုကို ကချင်ပြည်သူလူထုများ၊ ကချင်လူငယ်အဖွဲ့များ၊ ကချင်အ မျိုးသားကွန်ဂရက်ပါတီ (KNC)တို့မှ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် ဘုရားတည်ဆောက်မှုအား ပြီးခဲ့ သည့်ရက်ပိုင်းအတွင်း ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်။

“ဝန်ကြီးချုပ်နဲ့ ကချင်လူငယ်အဖွဲ့တွေ အားလုံးသွားတွေ့တော့ သူပြောတာက ဒီကိစ္စကို ရပ်ဆိုင်းဖို့ ပြောလိုက် ပြီတဲ့ အဲ့တော့ ကျွန်တော်တို့က ပြန်မေးတော့ ယာယီရပ်ဆိုင်းခိုင်းတာလား အပြီးတိုင်ရပ်ဆိုင်းခိုင်းတာလို့ မေး တော့။ ဒဲ့ကြီးတော့ ဖြေသွားတာ မဟုတ်ဘူး။ စိတ်ချရတဲ့အခြေအနေလောက်ထိကိုတော့ ရပ်ခိုင်းလိုက်ပြီလို့ ပြောတယ်။ ကျွန်တော်တို့လည်း စဉ်းစားလိုက်တော့ စိတ်ချရတဲ့အခြေအနေဆိုတော့ လုံးဝရပ်ဆိုင်းခိုင်းလိုက် ပြီလို့ မှတ်ယူလိုက်ပါတယ်” ဟု ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ချုပ် (JLH-Federation) ဥက္ကဋ္ဌ ကိုဆိုင်မျိုး ဆန်က People Media သို့ ပြောသည်။

ကချင်လူငယ်အဖွဲ့အစည်းများ ပူးပေါင်းပြီး တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ အင်ခိုင်ဘွမ်တောင်တွင် ဘုရားတည်ဆောက်နေခြင်းကို ရပ်တန့်ပေးရန် ယမန်နေ့က ကချင်ပြည် နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် အထက်ပါအတိုင်း ဝန်ကြီးချုပ်က ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်ခိုင်ဘွမ်နေရာကို ၂၀၁၇ ခုနှစ်တွင် အမျိုးသားဥယျာဉ်ဟူ၍ သတ်မှတ်ထားသည့်နေရာဖြစ်သည့်အတွက် မည်သူတစ်ဦးတစ်ယောက်မှ ကျူးကျော်၍မရသလို ၂၀၁၈ ဇီဝမျိုးစုံမျိုးကွဲ ကာကွယ်ရေးနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) မှလည်း People Media ကို ယမန့်နေ့က ပြောဆိုထားသည်။

အင်ခိုင်ဘွမ်တောင်တွင် ဘုရားစေတီတည်ဆောက်ရန် လူပုဂ္ဂိုလ်တစ်ချို့မှ မြေနေများရှင်းလင်းကာ သံကူ ကွန်ကရစ်များလောင်းထားသည့်အပြင် RC လောင်းရန် သံချောင်းများ ထောင်ထားပြီးဖြစ်သလို ဆောက်လုပ် ရေးပစ္စည်းများသယ်ယူရန် ကားလမ်းများလည်း ဖောက်လုပ်ထားခြင်းကို ကရင်အဖွဲ့အစည်းများက ပြင်းပြင်း ထန်ထန် ကန့်ကွက်နေခြင်းကြောင့် စေတီတည်ဆောက်မှုကို ယာယီရပ်ဆိုင်ထားရသည်။

#PeopleMedia #KNC #အင်ခိုင်ဘွမ်တောင်

(unicode)
……………………………………………………










Share this post