• Follow Us on

Home ျမစ္ႀကီးနားၿမိဳ႕၌ နိုင္ငံဂုဏ္ေဆာင္ အားကစားသမားမ်ား ေမြးထုတ္ရန္ က်ပ္သိန္း တစ္ေသာင္းကိုးေထာင္ေက်ာ္ အကုန္က်ခံကာ ေရကူးကန္ တည္ေဆာက္ ရျခင္း ျဖစ္ေၾကာင္း ျပည္နယ္ အား/ကာမႉး ေျပာ

ျမစ္ႀကီးနားၿမိဳ႕၌ နိုင္ငံဂုဏ္ေဆာင္ အားကစားသမားမ်ား ေမြးထုတ္ရန္ က်ပ္သိန္း တစ္ေသာင္းကိုးေထာင္ေက်ာ္ အကုန္က်ခံကာ ေရကူးကန္ တည္ေဆာက္ ရျခင္း ျဖစ္ေၾကာင္း ျပည္နယ္ အား/ကာမႉး ေျပာ

Share this post

ျမစ္ႀကီးနား၊ ဒီဇင္ဘာ ၄

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ သီတာရပ္ကြက္ရွိ ၿငိမ္းခ်မ္းသာယာ အားကစားကြင္း ယခင္ကားႀကီးကြင္းေဟာင္း ေနရာတြင္ ေငြက်ပ္သိန္းေပါင္း (၁၉၀၀၀) ကုန္က်မည့္ ေရကူးကန္ တစ္ခုတည္ေဆာက္မည္ျဖစ္သည္။

အဆိုပါ ေရကူးကန္ကို ျပည္ေထာင္စုဘတ္ဂ်တ္ျဖင့္ တည္ေဆာက္မည္ျဖစ္ၿပီး ကခ်င္ျပည္နယ္ အေနအထား ျဖင့္ ယခုကဲ့သို႔ က်ပ္သိန္းေပါင္း (၁၉၀၀၀) ကုန္က်ခံကာေရကူးကန္တည္ ေဆာက္ရျခင္းမွာ နိုင္ငံဂုဏ္ေဆာင္ အားကစား ေကာင္းမ်ား ေမြးထုတ္ေပးနိုင္ရန္အတြက္ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ အားကစားႏွင့္ ကာယပညာဦးစီးဌာန ညြန္ၾကားေရးမႉး ဦးေမာင္သူ ကဆိုသည္။

“ေရကူးကန္ကေတာ့ ေျပာရမယ္ဆိုရင္ ေတာ္ေတာ္မ်ားမ်ား ေျပာမွရမယ္။ တစ္ကယ္စၿပီးမွ ေျပာရမယ္ဆိုရင္ ကၽြန္ေတာ္တို႔ အားကစား က႑ကို အရင္ဦးဆုံး ဦးတည္ၿပီး ေျပာရမယ္ အခုကၽြန္ေတာ္တို႔ ျမန္မာနိုင္ငံက အားကစားမွာ အာဆီယံဆယ္နိုင္ငံထဲမွာ အဆင့္ခုႏွစ္ျဖစ္ေနတယ္ ခုႏွစ္ကေန ေျခာက္တက္ဖို႔ကိုေတာ့ လုံးဝမတက္နိုင္ေသးဘူး ကၽြန္ေတာ္တို႔ ရွစ္ကိုက်ဖို႔ပဲ ရွိတယ္ ခုႏွစ္ကို တည္ျမဲဖို႔ကေတာ့ လက္ရွိရရွိတဲ့ ေရႊတံဆိပ္ေတြထက္ ပိုမိုၿပီးေတာ့မွ ရရွိဖို႔အတြက္ မ်ိဳးဆက္သစ္ေတြ ေမြးထုတ္ဖို႔ဆိုတဲ့ အခါမွာ က်န္တဲ့ အားကစား အမ်ိဳးအစားေတြထက္စာရင္ ဘယ္နိုင္ငံကပဲ လုပ္လုပ္ မျဖစ္မေနထည့္ရမယ့္ အားကစားနည္း ႏွစ္မ်ိဳးက ေျပးခုန္ပစ္နဲ႔ ေရကူးအားကစား​ျဖစ္တယ္ အိုလံပစ္အားကစားမ်ိဳး ျဖစ္တဲ့အတြက္ အဲ့ဒီအားကစားနည္း ႏွစ္မ်ိဳးကေတာ့ေဖ်ာက္လို႔ မရဘူး ထည့္ကိုထည့္ရမယ္ ေဘာလုံးက လူေပါင္း ဆယ္ေလာက္ ေမြးမွ ေရႊတံဆိပ္ဆု တစ္ခုပဲရတဲ့အခါမွာ ေရကူးနဲ႔ ေျပးခုန္ပစ္က အနည္းဆုံး အားကစားၿပိဳင္ပြဲတစ္ခုမွာ ေရႊတံဆိပ္ဆု အနည္းဆုံး ေလးဆယ္ေျခာက္ေလာက္ေတာ့ ေပးတယ္ အဲ့ဒါေၾကာင့္ ေျပးခုန္ပစ္ နဲ႔ေရကူးကို ေမြးဖို႔ရွိတယ္။ ေရကူးကန္လုပ္တဲ့အတြက္ ေရကူးအားကစားထဲကေန မ်ိဳးဆက္သစ္ ကစားသမားေတြကို ကၽြန္ေတာ္တို႔ ဆြဲထုတ္လို႔ရတယ္” ဟု ဦးေမာင္သူက ေျပာသည္။

အဆိုပါ ေရကူးကန္မွာ ေရကူးလမ္းဆယ္လမ္း ပါဝင္မည္ျဖစ္ၿပီး အလ်ား (၅၀)မီတာ၊ အနံ(၁၅)
မီတာႏွင့္ ေရကူးကန္ေဘးေလၽွာက္လမ္း၊ ပြဲၾကည့္စင္၊ ေရကူးဝတ္စုံမ်ားငွါးရမ္းေရာင္းခ်မည့္ ဆိုင္ခန္းမ်ား၊အမ်ိဳးသား အမ်ိဳးသမီး အဝတ္လဲခန္းမ်ား၊ ပစၥည္းမ်ား သိမ္းဆည္းမည့္ ေလာ့ကာခန္းမ်ား၊ ေရကူးနည္းျပေနမည့္ အေဆာင္၊ အစည္း အေဝးခန္းမ၊ သင္တန္းခန္းမ မ်ား ပါထည့္သြင္း တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒီၿငိမ္းခ်မ္းသာယာ ကားႀကီးကြင္းေဟာင္းမွာ တည္ေဆာက္မယ့္ ေရကူးကန္တည္ေဆာက္ၿပီး ရင္ေတာ့ ေရကူးအားကစား သမားေတြကို ႏွစ္ေပါက္ ေမြးထုတ္မယ့္ Plan ေတြ ရွိတယ္ ဒီေရကူးကန္နဲ႔တစ္ဆက္တည္းမွာပဲ အားကစားနည္းရွစ္မ်ိဳး ကိုလည္း​ ေဒသရဲ့ Camp တစ္ခုအေနနဲ႔ ႏွစ္ေပါက္စခန္းသြင္း ေလ့က်င့္ဖို႔ Plan ေတြရွိတယ္။” ဟု ျပည္နယ္ အား/ကာမႉး ဦးေအာင္သူက ေျပာသည္။

အဆိုပါ ေရကူးကန္တည္ေဆာက္ရန္အတြက္ နိုဝင္ဘာ (၂၀)ရက္ေန႔ေနာက္ဆုံးထား တင္ဒါေခၚယူခဲ့ၿပီး ဒီဇင္ဘာလ (၁၁)ရက္ေန႔တြင္ တင္ဒါ ဖြင့္ေဖာက္ စိစစ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လြမ္းေအာင္

#PeopleMedia #ျမစ္ႀကီးနား #EPN

(unicode)
မြစ်ကြီးနားမြို့၌ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ရန် ကျပ်သိန်း တစ်သောင်းကိုးထောင်ကျော် အကုန်ကျခံကာ ရေကူးကန် တည်ဆောက် ရခြင်း ဖြစ်ကြောင်း ပြည်နယ် အား/ကာမှူး ပြော ……………………………………………..
မြစ်ကြီးနား၊ ဒီဇင်ဘာ ၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ငြိမ်းချမ်းသာယာ အားကစားကွင်း ယခင်ကားကြီးကွင်းဟောင်း နေရာတွင် ငွေကျပ်သိန်းပေါင်း (၁၉၀၀၀) ကုန်ကျမည့် ရေကူးကန် တစ်ခုတည်ဆောက်မည်ဖြစ်သည်။ အဆိုပါ ရေကူးကန်ကို ပြည်ထောင်စုဘတ်ဂျတ်ဖြင့် တည်ဆောက်မည်ဖြစ်ပြီး ကချင်ပြည်နယ် အနေအထား ဖြင့် ယခုကဲ့သို့ ကျပ်သိန်းပေါင်း (၁၉၀၀၀) ကုန်ကျခံကာရေကူးကန်တည် ဆောက်ရခြင်းမှာ နိုင်ငံဂုဏ်ဆောင် အားကစား ကောင်းများ မွေးထုတ်ပေးနိုင်ရန်အတွက် ဖြစ်ကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးမောင်သူ ကဆိုသည်။ “ရေကူးကန်ကတော့ ပြောရမယ်ဆိုရင် တော်တော်များများ ပြောမှရမယ်။ တစ်ကယ်စပြီးမှ ပြောရမယ်ဆိုရင် ကျွန်တော်တို့ အားကစား ကဏ္ဍကို အရင်ဦးဆုံး ဦးတည်ပြီး ပြောရမယ် အခုကျွန်တော်တို့ မြန်မာနိုင်ငံက အားကစားမှာ အာဆီယံဆယ်နိုင်ငံထဲမှာ အဆင့်ခုနှစ်ဖြစ်နေတယ် ခုနှစ်ကနေ ခြောက်တက်ဖို့ကိုတော့ လုံးဝမတက်နိုင်သေးဘူး ကျွန်တော်တို့ ရှစ်ကိုကျဖို့ပဲ ရှိတယ် ခုနှစ်ကို တည်မြဲဖို့ကတော့ လက်ရှိရရှိတဲ့ ရွှေတံဆိပ်တွေထက် ပိုမိုပြီးတော့မှ ရရှိဖို့အတွက် မျိုးဆက်သစ်တွေ မွေးထုတ်ဖို့ဆိုတဲ့ အခါမှာ ကျန်တဲ့ အားကစား အမျိုးအစားတွေထက်စာရင် ဘယ်နိုင်ငံကပဲ လုပ်လုပ် မဖြစ်မနေထည့်ရမယ့် အားကစားနည်း နှစ်မျိုးက ပြေးခုန်ပစ်နဲ့ ရေကူးအားကစား​ဖြစ်တယ် အိုလံပစ်အားကစားမျိုး ဖြစ်တဲ့အတွက် အဲ့ဒီအားကစားနည်း နှစ်မျိုးကတော့ဖျောက်လို့ မရဘူး ထည့်ကိုထည့်ရမယ် ဘောလုံးက လူပေါင်း ဆယ်လောက် မွေးမှ ရွှေတံဆိပ်ဆု တစ်ခုပဲရတဲ့အခါမှာ ရေကူးနဲ့ ပြေးခုန်ပစ်က အနည်းဆုံး အားကစားပြိုင်ပွဲတစ်ခုမှာ ရွှေတံဆိပ်ဆု အနည်းဆုံး လေးဆယ်ခြောက်လောက်တော့ ပေးတယ် အဲ့ဒါကြောင့် ပြေးခုန်ပစ် နဲ့ရေကူးကို မွေးဖို့ရှိတယ်။ ရေကူးကန်လုပ်တဲ့အတွက် ရေကူးအားကစားထဲကနေ မျိုးဆက်သစ် ကစားသမားတွေကို ကျွန်တော်တို့ ဆွဲထုတ်လို့ရတယ်” ဟု ဦးမောင်သူက ပြောသည်။ အဆိုပါ ရေကူးကန်မှာ ရေကူးလမ်းဆယ်လမ်း ပါဝင်မည်ဖြစ်ပြီး အလျား (၅၀)မီတာ၊ အနံ(၁၅) မီတာနှင့် ရေကူးကန်ဘေးလျှောက်လမ်း၊ ပွဲကြည့်စင်၊ ရေကူးဝတ်စုံများငှါးရမ်းရောင်းချမည့် ဆိုင်ခန်းများ၊အမျိုးသား အမျိုးသမီး အဝတ်လဲခန်းများ၊ ပစ္စည်းများ သိမ်းဆည်းမည့် လော့ကာခန်းများ၊ ရေကူးနည်းပြနေမည့် အဆောင်၊ အစည်း အဝေးခန်းမ၊ သင်တန်းခန်းမ များ ပါထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဒီငြိမ်းချမ်းသာယာ ကားကြီးကွင်းဟောင်းမှာ တည်ဆောက်မယ့် ရေကူးကန်တည်ဆောက်ပြီး ရင်တော့ ရေကူးအားကစား သမားတွေကို နှစ်ပေါက် မွေးထုတ်မယ့် Plan တွေ ရှိတယ် ဒီရေကူးကန်နဲ့တစ်ဆက်တည်းမှာပဲ အားကစားနည်းရှစ်မျိုး ကိုလည်း​ ဒေသရဲ့ Camp တစ်ခုအနေနဲ့ နှစ်ပေါက်စခန်းသွင်း လေ့ကျင့်ဖို့ Plan တွေရှိတယ်။” ဟု ပြည်နယ် အား/ကာမှူး ဦးအောင်သူက ပြောသည်။ အဆိုပါ ရေကူးကန်တည်ဆောက်ရန်အတွက် နိုဝင်ဘာ (၂၀)ရက်နေ့နောက်ဆုံးထား တင်ဒါခေါ်ယူခဲ့ပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် တင်ဒါ ဖွင့်ဖောက် စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ လွမ်းအောင်
#PeopleMedia #မြစ်ကြီးနား #EPN


Share this post