• Follow Us on

Home ျမစ္ႀကီးနားၿမိဳ႕ တာေလာႀကီးေဒသတစ္ေလွ်ာက္ တရားမဝင္ ေ႐ႊတူးေဖာ္၊ဖမ္းရန္ မလြယ္ကူဟု သတၱဳတြင္းဦးစီးဌာနဆို

ျမစ္ႀကီးနားၿမိဳ႕ တာေလာႀကီးေဒသတစ္ေလွ်ာက္ တရားမဝင္ ေ႐ႊတူးေဖာ္၊ဖမ္းရန္ မလြယ္ကူဟု သတၱဳတြင္းဦးစီးဌာနဆို

Share this post

တာေလာႀကီး၊ ေမ ၂၀

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခရိုင္၊ ျမစ္ႀကီးနားၿမိဳနယ္၊ တာေလာႀကီးေဒသ ဧရာဝတီျမစ္ေၾကာတစ္ေလွ်ာက္တြင္ တရားမဝင္ေ႐ႊေဖာ္မႈမ်ားရွိေနၿပီး ယင္းတရားမဝင္တူးေဖာ္မႈကို ဖမ္းမိရန္ မလြယ္ကူေၾကာင္း သတၱဳတြင္းဦးစီးဌာန (ကခ်င္ျပည္နယ္႐ုံးခြဲ)က ေျပာသည္။

ယင္းတရားမဝင္ေ႐ႊတူးေဖာ္မႈမ်ားမွာ ေနာင္တာေလာ၊ ခတ္ခ်ိဳ၊ ေနာင္ဟီး၊ ေခါင္ဖူး၊ တာေလာႀကီး၊ ဟိုကပ္၊ တာပေဒါင္း၊ငါးေပါက္ေတာ၊ ဆြန္ဒူ၊ စံပြား၊ ဆင္ဘို၊ မံကင္း စသည့္ေက်း႐ြာအနီး တစ္ဝိုက္ ဧရာဝတီ ျမစ္ကမ္းေဘး တစ္ေလွ်ာက္တို႔တြင္ တူးေဖာ္လ်က္ရွိၿပီး ယင္းေ႐ႊတူးေဖာ္မႈေၾကာင့္ ဧရာဝတီျမစ္ကို အမွီခိုျပဳ၍ ျမစ္ကမ္းေဘးတစ္တြင္ စိုက္ပ်ိဳးေရးလုပ္ငန္းလုပ္ကိုင္ေနသည့္ ေဒသခံအခ်ိဳ႕ ထိခိုက္နစ္နာမႈမ်ား ရွိေနေၾကာင္းလုံၿခဳံေရးအရ အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးကဆိုသည္။

”ဒီမွာ ေ႐ႊေတြအရမ္းက်င္တယ္။ ေန႕ေတာ့မဟုတ္ဘူး သူတို႔က ညက်ရင္ထြက္က်င္တယ္။ ကြၽန္ေတာ္တို႔ အနီးတဝိုက္မွာရွိတဲ့စိုက္ခင္းသမားေတြ အရမ္းနစ္နာတယ္။ျမစ္ေၾကာင္းေတြလည္း အရမ္းပ်က္စီးတယ္။”ဟု ေဒသခံတစ္ဦးက​​ ေျပာသည္။

ယင္း တရားမဝင္ေ႐ႊတူးေဖာ္သူမ်ားမွာ စက္ေလွမ်ားျဖင့္လုပ္ကိုင္ေနၿပီး စက္ယႏၲရားႀကီးမ်ားျဖင့္ လုပ္ကိုင္သူမ်ားလည္းရွိေနေသာေၾကာင့္ ႏွစ္စဥ္ကမ္းၿပိဳျခင္း၊ ျမစ္ေၾကာင္း ပိတ္ျခင္းစသည့္ အခက္အခဲမ်ားကို ေဒသခံစိုက္ပ်ိဳးေရးလုပ္ကိုင္သူမ်ားက ရင္ဆိုင္ေနရေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။

“ဒီဘက္ကလူေတြက ပဲ၊ ေျပာင္းတို႔ လုပ္ကိုင္စားေသာက္ၾကတဲ့သူေတြ မ်ားပါတယ္။ အဲ့ေတာ့ဒီျမစ္ကို မွီခိုၿပီး လုပ္ကိုင္စားေသာက္ေနရတယ္ျမစ္ေဘးမွာ လုပ္ကိုင္စားေသာက္ရတာ အခုလိုေ႐ႊတူးေတာ့ ကမ္းၿပိဳတာတို႔၊ျမစ္ေၾကာင္းပိတ္တို႔ ေရေႏွာက္တာတို႔ျဖစ္ေတာ့ ေဒသခံေတြအတြက္မ်ားႀကီးကို ထိခိုက္ မႈရွိတယ္။”ဟု ယင္းေဒသခံတစ္ဦးကေျပာသည္။

ဤသို႔တရားမဝင္ ေ႐ႊတူးေဖာ္မႈမ်ားကို သက္ဆိုင္ရာအေနျဖင့္ ထိေရာက္စြာအေရးယူေပးေစလိုေၾကာင္းႏွင့္ ဤသို႔တူးေဖာ္ေနမႈအေပၚ သက္ဆိုင္ရာထံအေၾကာင္းၾကားေပးျခင္းႏွင့္ဖမ္းဆီးအေရးယူေပးရန္ တိုင္စာေပးပို႔မႈမ်ားလည္းရွိခဲ့ေၾကာင္း ယင္းေဒသခံမ်ားထံမွသိရသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ သတၱဳတြင္းဦးစီးဌာန (ကခ်င္ျပည္နယ္႐ုံးခြဲ)သို႔ ေမးျမန္းခဲ့ရာယခုကဲ့သို႔ ေျဖၾကားခဲ့သည္။

“ျမစ္ေခ်ာင္းထဲမွာက်ေတာ့ ပိုင္ရွင္မိဖို႔ကမလြယ္ဘူးသူတို႔က ကြၽန္ေတာ္တို႔ကို အေဝးကျမင္တာနဲ႕့ တခါတည္းေျပးသြားၾကတာ။သူတို႔က ေရလည္းကြၽမ္းက်င္တယ္။ လူမမိဘူး၊ စက္ကေတာ့ ဒီတိုင္းပစ္ထားလိုက္ၾကတာေပါ့”ဟု ဦးေစာယုက ေျပာသည္။

ယင္းေဒသတစ္ေလ်ာက္ တရားမဝင္ေ႐ႊတူးေဖာ္သည့္ သူမ်ားတြင္ ေဒသခံအခ်ိဳ႕ပါဝင္ ၿပီး စက္ယႏၲရားႀကီးႀကီးမားမားျဖင့္ လုပ္ကိုင္သူမ်ားမွာ နယ္ေဝးမွ လာေရာက္လုပ္ကိုင္ၾကသူမ်ား ျဖစ္ေၾကာင္း သိရသည္။

တာေလာႀကီးေဒသ တစ္ေလွ်ာက္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား အေနျဖင့္ ၂၀၁၉ စက္တင္ဘာလတြင္ တစ္ႀကိမ္သြားေရာက္ဖမ္းဆီးရာ၌ စက္ေလွ(၂)စီး၊ဧၿပီလ (၂၃)ရက္ေန႕တြင္ သြားေရာက္ဖမ္းဆီးရာ၌ စက္ေလွ(၂)စီး စုစုေပါင္းစက္ေလွ (၄)စီးႏွင့္ ဆက္စပ္ စက္ယႏၲရားမ်ားကို ပိုင္ရွင္မဲ့ ဖမ္းဆီးရမိခဲ့ေၾကာင္း သတၱဳတြင္းဦးစီးဌာန(ကခ်င္ျပည္နယ္႐ုံးခြဲ)မွ သိရသည္။

လြမ္းေအာင္

#PeopleMedia #ျမစ္ႀကီးနား

[Unicode]
မြစ်ကြီးနားမြို့ တာလောကြီးဒေသတစ်လျှောက် တရားမဝင် ရွှေတူးဖော်၊ဖမ်းရန် မလွယ်ကူဟု သတ္တုတွင်းဦးစီးဌာဆို
…………………………………………………………………………………….

တာလောကြီး၊ မေ ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြိုနယ်၊ တာလောကြီးဒေသ ဧရာဝတီမြစ်ကြောတစ်လျှောက်တွင် တရားမဝင်ရွှေဖော်မှုများရှိနေပြီး ယင်းတရားမဝင်တူးဖော်မှုကို ဖမ်းမိရန် မလွယ်ကူကြောင်း သတ္တုတွင်းဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)က ပြောသည်။

ယင်းတရားမဝင်ရွှေတူးဖော်မှုများမှာ နောင်တာလော၊ ခတ်ချို၊ နောင်ဟီး၊ ခေါင်ဖူး၊ တာလောကြီး၊ ဟိုကပ်၊ တာပဒေါင်း၊ငါးပေါက်တော၊ ဆွန်ဒူ၊ စံပွား၊ ဆင်ဘို၊ မံကင်း စသည့်ကျေးရွာအနီး တစ်ဝိုက် ဧရာဝတီ မြစ်ကမ်းဘေး တစ်လျှောက်တို့တွင် တူးဖော်လျက်ရှိပြီး ယင်းရွှေတူးဖော်မှုကြောင့် ဧရာဝတီမြစ်ကို အမှီခိုပြု၍ မြစ်ကမ်းဘေးတစ်တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံအချို့ ထိခိုက်နစ်နာမှုများ ရှိနေကြောင်းလုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။

”ဒီမှာ ရွှေတွေအရမ်းကျင်တယ်။ နေ့တော့မဟုတ်ဘူး သူတို့က ညကျရင်ထွက်ကျင်တယ်။ ကျွန်တော်တို့ အနီးတဝိုက်မှာရှိတဲ့စိုက်ခင်းသမားတွေ အရမ်းနစ်နာတယ်။မြစ်ကြောင်းတွေလည်း အရမ်းပျက်စီးတယ်။”ဟု ဒေသခံတစ်ဦးက​​ ပြောသည်။

ယင်း တရားမဝင်ရွှေတူးဖော်သူများမှာ စက်လှေများဖြင့်လုပ်ကိုင်နေပြီး စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်သူများလည်းရှိနေသောကြောင့် နှစ်စဉ်ကမ်းပြိုခြင်း၊ မြစ်ကြောင်း ပိတ်ခြင်းစသည့် အခက်အခဲများကို ဒေသခံစိုက်ပျိုးရေးလုပ်ကိုင်သူများက ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒီဘက်ကလူတွေက ပဲ၊ ပြောင်းတို့ လုပ်ကိုင်စားသောက်ကြတဲ့သူတွေ များပါတယ်။ အဲ့တော့ဒီမြစ်ကို မှီခိုပြီး လုပ်ကိုင်စားသောက်နေရတယ်မြစ်ဘေးမှာ လုပ်ကိုင်စားသောက်ရတာ အခုလိုရွှေတူးတော့ ကမ်းပြိုတာတို့၊မြစ်ကြောင်းပိတ်တို့ ရေနှောက်တာတို့ဖြစ်တော့ ဒေသခံတွေအတွက်များကြီးကို ထိခိုက် မှုရှိတယ်။”ဟု ယင်းဒေသခံတစ်ဦးကပြောသည်။

ဤသို့တရားမဝင် ရွှေတူးဖော်မှုများကို သက်ဆိုင်ရာအနေဖြင့် ထိရောက်စွာအရေးယူပေးစေလိုကြောင်းနှင့် ဤသို့တူးဖော်နေမှုအပေါ် သက်ဆိုင်ရာထံအကြောင်းကြားပေးခြင်းနှင့်ဖမ်းဆီးအရေးယူပေးရန် တိုင်စာပေးပို့မှုများလည်းရှိခဲ့ကြောင်း ယင်းဒေသခံများထံမှသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သတ္တုတွင်းဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)သို့ မေးမြန်းခဲ့ရာယခုကဲ့သို့ ဖြေကြားခဲ့သည်။

“မြစ်ချောင်းထဲမှာကျတော့ ပိုင်ရှင်မိဖို့ကမလွယ်ဘူးသူတို့က ကျွန်တော်တို့ကို အဝေးကမြင်တာနဲ့ တခါတည်းပြေးသွားကြတာ။သူတို့က ရေလည်းကျွမ်းကျင်တယ်။ လူမမိဘူး၊ စက်ကတော့ ဒီတိုင်းပစ်ထားလိုက်ကြတာပေါ့”ဟု ဦးစောယုက ပြောသည်။

ယင်းဒေသတစ်လျောက် တရားမဝင်ရွှေတူးဖော်သည့် သူများတွင် ဒေသခံအချို့ပါဝင် ပြီး စက်ယန္တရားကြီးကြီးမားမားဖြင့် လုပ်ကိုင်သူများမှာ နယ်ဝေးမှ လာရောက်လုပ်ကိုင်ကြသူများ ဖြစ်ကြောင်း သိရသည်။

တာလောကြီးဒေသ တစ်လျှောက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ၂၀၁၉ စက်တင်ဘာလတွင် တစ်ကြိမ်သွားရောက်ဖမ်းဆီးရာ၌ စက်လှေ(၂)စီး၊ဧပြီလ (၂၃)ရက်နေ့တွင် သွားရောက်ဖမ်းဆီးရာ၌ စက်လှေ(၂)စီး စုစုပေါင်းစက်လှေ (၄)စီးနှင့် ဆက်စပ် စက်ယန္တရားများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သတ္တုတွင်းဦးစီးဌာန(ကချင်ပြည်နယ်ရုံးခွဲ)မှ သိရသည်။

လွမ်းအောင်

#PeopleMedia #မြစ်ကြီးနား


Share this post