• Follow Us on
Latest News

Home မြစ်ကြီးနားမြို့ ရင်စိန်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည့် လူနာတစ်ဦးကို မန္တလေးမြို့သို့ ပို့ဆောင်စဉ် သေနတ် ဖြင့် လုပ်ကြံခံခဲ့ရသည့် ဧရာဝတီဂရုဏာ လူမှုရှာဖွေကယ်ဆယ်ရေးအသင်းမှ ယာဉ်မောင်းဖြစ်သူကို ယနေ့ သဂြိုလ်

မြစ်ကြီးနားမြို့ ရင်စိန်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည့် လူနာတစ်ဦးကို မန္တလေးမြို့သို့ ပို့ဆောင်စဉ် သေနတ် ဖြင့် လုပ်ကြံခံခဲ့ရသည့် ဧရာဝတီဂရုဏာ လူမှုရှာဖွေကယ်ဆယ်ရေးအသင်းမှ ယာဉ်မောင်းဖြစ်သူကို ယနေ့ သဂြိုလ်

Share this post

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂ (People Media)

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရင်စိန်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည့် လူနာဖြစ်သူ ဦးဒီးလေးကို မန္တလေး မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် ထီးချိုင့်မြို့နယ်၌ ဧရာဝတီဂရုဏာ လူမှုရှာဖွေကယ်ဆယ်ရေးအသင်းမှ ယာဉ်မောင်းဖြစ်သူသည် သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့က မြစ်ကြီးနားမြို့၊ ရင်စိန်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည့် လူနာဖြစ်သူ ဦးဒီးလေးသည် ကျန်းမာရေးအခြေအနေအရ မန္တလေးမြို့ရှိ ပြည်သူ့ဆေးရုံကြီးကို သွားရောက်ဆေးကုသရန် ဧရာဝတီဂရုဏာ လူမှုရှာဖွေကယ်ဆယ်ရေး အသင်းပိုင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

 

ထိုသို့ပို့ဆောင်စဉ် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်၌ မြစ်ကြီးနား-အင်းတော်-ထီးချိုင့်-မန္တလေး ကားလမ်းအတိုင်း မောင်းနင်းလာစဉ် ထီးချိုင့်မြို့နယ် ဘိုတဲကုန်းကျေးရွာအရောက်၌ ဒေသခံ PDF အဖွဲ့က ယာဉ်ကို ရပ်တန့်ပေးခြင်းမရှိဟုဆိုရာ ယာဉ်မောင်းဖြစ်သူကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သလို ယာဉ်ကို လည်း မီးလောင်ဖျက်ဆီးခဲ့သည်။

 

“ယာဉ်မောင်းကို သေနတ်နဲ့ လုပ်ကြံလိုက်တယ်။ ယာဉ်အကူလည်း ကျည်ထိမှန်တယ်။ သေဆုံးသူရဲ့ အ လောင်းကို ထီးချိုင့်မြို့ ပြည်သူ့ဆေးရုံကနေ ပြန်လည်ထုတ်ယူလာပြီး မြစ်ကြီးနားမြို့ မှာ ယနေ့ သဂြိုလ် လိုက်ပါတယ်” လို့ မြို့ခံတစ်ဦးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၌ လူမှုကူညီရေးယာဉ်အချို့ မိုင်းဆွဲတိုက်ခိုက်ခံရခြင်း၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ သံဃာတော်များ လုပ်ကြံခံရလျက်ရှိသည်။

 

Photo – Credit

 

#PeopleMedia #မြစ်ကြီးနားမြို့

 

(unicode)


……………………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post