• Follow Us on

Home မြစ်ကြီးနားမြို့ ၂၁ မိုင် ဂိတ်တွင် တိုက်ပွဲများဖြစ်ပွား၊ ကားသမားနှစ်ဦး သေနတ်ဒဏ်ရာရ

မြစ်ကြီးနားမြို့ ၂၁ မိုင် ဂိတ်တွင် တိုက်ပွဲများဖြစ်ပွား၊ ကားသမားနှစ်ဦး သေနတ်ဒဏ်ရာရ

Share this post

မြစ်ကြီးနား၊ မတ် ၁၉

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၂၁ မိုင် ဂိတ်အနီးတွင် ယနေ့ နံနက် ၄ နာရီခန့်မှ စတင်ကာ တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

 

အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ကားသမား ၂ ဦးမှာလည်း သေနတ်ဒဏ်ရာရရှိထားကြောင်း တိုက်ပွဲဖြစ်ပွားရာ နေရာမှ လှည့်ပြန်ခဲ့ရသည့် ကားသမားတစ်ဦးက ပြောသည်။

 

“ကျွန်တော်တို့က ကားတန်းစီနေရတာ သူတို့ စစ်ဆေးရေးတွေ လုပ်မလို့ပဲရှိသေးတယ်၊ အပြန်အလှန်ပစ်ခတ် နေကြတာတွေ့တာပဲ၊ ကားလမ်းတည့်တည့် ပစ်နေကြတာ၊ ကားတွေ အားလုံးပြန်ကွေ့သွားရတယ်၊ ၁၂ ဘီး ကားနှစ်စီးကျန်ခဲ့တာ၊ တစ်စီးက ရဲကင်းဘက်ကို ရှောင်သွားပြီးလွတ်သွားတယ်၊ တစ်စီးကတော့ ကားသမားရော ကားနောက်လိုက်ရော သေနတ်ဒဏ်ရာရသွားတယ်ကြားတယ်” ဟု ၎င်းက ပြောသည်။

 

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုကြောင့် ယာဉ်အသွားအလာများကို လက်ရှိအချိန်အထိ ယာယီပိတ်ထားပြီး ဖြတ်သန်း ခွင့်မပြုသေးကြောင်း ဖြတ်သန်းရန် စောင့်ဆိုင်းနေသည့် ခရီးသည်တစ်ဦးထံမှ သိရသည်။

 

၂၁ မိုင်ဂိတ်တွင် ယခုဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၂၁ ခုနှစ် ဇွန်လ ကလည်း KIA အဖွဲ့မှ လာရောက်ပစ်ခတ်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဗညားနွဲ့

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 


 


 

#PeopleMedia


Share this post