• Follow Us on

Home မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ကွန်ကရစ်ခင်းရာတွင်ဝါးလုံးများထည့်သွင်းထားခြင်း ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ရှင်းလင်း

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ကွန်ကရစ်ခင်းရာတွင်ဝါးလုံးများထည့်သွင်းထားခြင်း ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ရှင်းလင်း

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ကချင်ပြည်နယ် လမ်းဦးစီးဌာနမှ ကြီးကြပ်၍ အင်ခိုင်ဘွမ်ကုမ္ပဏီမှ ဆောင်ရွက်နေသည့် မြစ်ကြီးနား-ဆွမ်ပရာ ဘွမ်-ပူတာအိုလမ်းအပိုင်း ကွန်ကရစ်ခင်းရာတွင် ဝါးလုံးများ ထည့်သွင်းခင်းထားခြင်းနှင့်ပတ်သက်ပြီး လူမှု ကွန်ယက်စာမျက်နှာတွင် ဝေဖန်မှုများရှိနေသည့်အပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြန်လည်ရှင်းလင်း ချက်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။
အင်ခိုင်ဘွမ်ကုမ္ပဏီမှ ဆောင်ရွက်သည့် လမ်းအရှည် (1km) အနက် (100m)ခန့် အပိုင်းတွင် စိမ့်ရေထွက်၍ လမ်းမျက်နှာပြင် အမြဲစိုစွတ်လျက်ရှိကာ ဗွတ်တန်းများဖြစ်ပေါ်ခြင်း၊ လမ်းအတက်အဆင်း မတ်စောက်၍ (10%)ရှိသဖြင့် မိုးရာသီ ကားကြီးများသွားလာရာတွင် အခတ်အခဲရှိသဖြင့် အတက်အဆင်းပြေပြစ်စေရန် (3.5%) အထိ မူလမြေသားအား Double Cutting ဖြတ်နှိမ့်၍ လမ်းဘေးရေမြောင်းတူးခြင်းကို ဆောင်ရွက်ခဲ့ ကြောင်း ထုတ်ပြန်သည်။
ထို့ကြောင့် ကွန်ကရစ်လမ်းမခင်းမှီ အောက်ခံမြေသားကို သိပ်သည်းစေရန် ဆောင်ရွက်၍မရသဖြင့် ဒေသထွက် သဲကျောက်ဖြင့် (၁)ခန့် ဖြန့်ခင်းကြိတ်၍ ဝါးများကွက်ကြားယက်ဖြန့်ခင်းခြင်း၊ ဝါးကွက်ကြား ကြားထဲတွင် သဲ ကျောက် ညီညာစွာခင်း၍ ၎င်းအပေါ်မှ Geotextile အလွှာခင်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထား သည်။
ယင်းလုပ်ငန်းများမှာ အောက်ခံမြေပျော့သော မြေများတွင် ဆောင်ရွက်ရလေ့ရှိသော လုပ်ငန်းစဉ်များဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-ကျောက်ဖြူလမ်း အပါအဝင် အောက်ခံမြေပျော့များတွင် လမ်းဆောက်လုပ်ခဲ့သည့်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ကွန်ကရစ်ခင်းရာတွက် ဝါးထည့်၍ ခင်းခြင်းမဟုတ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
Photo – Credit
#PeopleMedia
(unicode)
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း ကွန်ကရစ်ခင်းရာတွင်ဝါးလုံးများထည့်သွင်းထားခြင်း ပတ်သက်ပြီး ဆောက်လုပ်ရေးဌာနဝန်ကြီးဌာန ရှင်းလင်း
……………………………………………