• Follow Us on
Latest News

Home မြစ်ကြီးနား-တနိုင်းလမ်း၌ တပ်မတော်နှင့် KIA တို့ ယနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွား

မြစ်ကြီးနား-တနိုင်းလမ်း၌ တပ်မတော်နှင့် KIA တို့ ယနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွား

Share this post

မြစ်ကြီးနား၊ စက်တင်ဘာ ၂၅ (People Media)

 

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်း လမ်းပိုင်း၊ လဝါးကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက တပ်မတော်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

ယနေ့ နံနက် ခြောက်နာရီခန့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နမ္မတီးဘက်မှ တက်လာသည့် စစ်တပ်၏ စစ် ကြောင်းကို KIA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဘက်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦး ကဆိုသည်။

 

“သေနတ်သံတွေကတော့ကြားရတယ်။ တစ်နာရီလောက်တော့ကြာမယ်။ လက်နက်ကြီးတောင် အချက်နှစ် ဆယ်ကျော်ပစ်တယ်။ လဝါးကျေးရွာနဲ့တော့နီးတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

 

ယခုတိုက်ပွဲ ဖြစ်ပွားခဲ့သည့်နေရာသည် သြဂုတ်လ ၂၄ ရက်နေ့က စစ်တပ်၏ ရိက္ခာတင်ကားနှင့် လက်နက်ခဲ ယမ်းများ တင်ဆောင်လာသည့်ကား ကြားဖြတ်တိုက်ခိုက်ခံရသည့်နေရာနှင့် နီးကြောင်းလည်း သိရသည်။

 

ဇော်နောင်(EPN)

 

#PeopleMedia #တပ်မတော် #KIA

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 



Share this post