• Follow Us on

Home မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်ပေးရန် ဒေသခံများနှင့် ကားဆရာများ‌လိုလား

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်ပေးရန် ဒေသခံများနှင့် ကားဆရာများ‌လိုလား

Share this post

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၈

 

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်ပေးရန် ပူတာအိုဒေသခံများနှင့် ကုန်းလမ်းပို့ဆောင်ရေးပြုလုပ်နေသည့် ကားဆရာများ လိုလားနေကြောင်းသိရသည်။

 

မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းအား တိုက်ပွဲများဖြစ်ပွားလာမှုကြောင့် KIA နှင့် PDF အဖွဲ့က ဖြတ်သန်းသွားလာ ခွင့်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့က စတင်ပိတ်ထားခဲ့ကြောင်းသိရသည်။

 

တပ်မတော်နှင့် ပူတာအိုခရိုင်အတွင်းရှိ KIOနှင့်PDFပူး‌ပေါင်းအဖွဲ့တို့တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကုန်းလမ်းပို့ ဆောင်ရေးလမ်းပိုင်းအား ဖေဖော်ဝါရီ ၂၂ရက်နေ့က စတင်ပိတ်ထားသည့်အတွက် ဒေသခံများအခက်အခဲများ ပိုမိုရှိလာသောကြောင့် မြစ်ကြီးနား-ပူတာအိုကားလမ်းအားအမြန်ဆုံးဖွင့်ပေးစေလို‌ကြောင်း ပူတာအိုဒေသခံ တစ်ဦးကပြောသည်။

 

“တိုက်ပွဲတွေ အခုရက်ပိုင်းဖြစ်တာတော့မကြားတော့ဘူး။ မြစ်ကြီးနား-ပူတာအိုလမ်းကိုတော့ ပိတ်ထားတယ်။ အမြန်ဆုံးပြန်ဖွင့်ပေးစေချင်တယ်။ အခုဆို စက်သုံးဆီဆိုင်တွေရောင်းသူမရှိတော့ဘူး။ ဆီပျက်နေပြီ။ ကုန် ဈေးနှုန်းတွေလည်း အဆမတန်ဈေးများတယ်။ စားသောက်ကုန်တွေ ဆန်တွေပျက်ရင် အများကြီးဒုက္ခ ရောက်မယ် ပိုဆိုးတာက သူခိုးတွေ ပူတာအိုမှာ ပိုများလာတယ်။ ကြပ်တည်းလာလို့လားမသိဘူး။ အသီး အနှံတွေကအစ ခိုးလာကြပြီ” ဟု ပူတာအိုဒေသခံတစ်ဦးကပြောသည်။

 

မြစ်ကြီးနား-ပူတာအို ကုန်းလမ်းပိုင်းအား ဆက်လက်ပိတ်ထားပါက ဒေသပြည်သူများအတွက် စားဝတ်နေရေး အခက်အခဲများနှင့် ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း မြစ်ကြီးနား-ပူတာအို ကုန်းလမ်းသယ်ယူပို့ဆောင် ရေးပြေးဆွဲနေသည့် ကားဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။

 

“ကုန်းလမ်းပိုင်း ဆက်လက်ပိတ်ထားရင်တော့ ဒေသခံပြည်သူတွေ အရင်ထက်ပိုမိုခက်ခဲကြမှာ ကုန်စည် ပြက်လပ်တာတွေရှိလာမယ်။ ဈေးအဆမတန်ကြီးမယ်။ အခုဆို လမ်းပိုင်းပိတ်ထားတာ တစ်ပတ်ပြည့်ပြီ ဒေသခံတွေ အတော်လေးခက်ခဲနေကြပြီလို့ကြားတယ်” ဟု ၎င်းကပြောဆိုသည်။

 

မြတ်မင်း

 

#PeopleMedia #EPN

 

(unicode)


………………………………………………

 


 


 


 


 


 


 


 


 

#PeopleMedia #EPN


Share this post