• Follow Us on

Home ျမစ္ႀကီးနား အက်ဉ္းေထာင္တြင္ ေထာင္ဝင္စာ(ဧည့္ေတြ႕)မ်ား ပိတ္ပင္

ျမစ္ႀကီးနား အက်ဉ္းေထာင္တြင္ ေထာင္ဝင္စာ(ဧည့္ေတြ႕)မ်ား ပိတ္ပင္

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၁၀

ျမစ္ႀကီးနား အက်ဉ္းေထာင္တြင္ ကိုဗစ္ ၁၉ ေရာဂါ မျဖစ္ပြားေအာင္ ယခုလ ေသာၾကာေန႔က စၿပီး ေထာင္ဝင္စာ (ဧည့္ေတြ႕) မ်ားပိတ္ပင္ထားေၾကာင္း ျမစ္ႀကီးနားအက်ဉ္းေထာင္မွ သိရသည္။

လက္ရွိ ကိုဗစ္ ၁၉ ေရာဂါအေျခေနဟာ ျပည္တြင္းကူးစက္မႈမ်ားေၾကာင့္ ျမစ္ႀကီးနားအက်ဥ္းေထာင္တြင္ ဧည့္ေတြ႕မ်ားကို ပိတ္ပင္ထားေၾကာင္း ျမစ္ႀကီးနားအက်ဉ္း ေထာင္ပိုင္ႀကီး ဦးေဇာ္ထြန္းဦးက ေျပာသည္။

“ၿပီးခဲ့တဲ့ ေသာၾကာေန႔က လူေတြ႕ ေတြကိုပိတ္ထားတာပါ။ပါဆယ္ေတြ ပစၥည္းေတြေတာ့ ေပးလို႔ရတယ္။ ဘာေၾကာင့္ပိတ္လဲဆိုေတာ့ ကိုဗစ္ျပည္တြင္းကူးစက္မႈေတြျဖစ္လာလို႔ ။တျခားအေၾကာင္းအရာေတာ့ မပါဘူး။ကိုဗစ္က်န္းမာေရးေၾကာင့္” ဟု ၎က ေျပာသည္။

အက်ဉ္းသားမ်ားကိုေတာ့ အရင္ကလိုပဲ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ၫြန္းၾကားထားသည့္အတိုင္း လက္ေဆးျခင္း၊မက္စ္ တပ္ျခင္းတို႔ကို လုပ္ေဆာင္ထားေၾကာင္း ၎ကဆက္လက္ေျပာသည္။

လက္ရွိျဖစ္ေပၚေနသည့္ ကိုဗစ္ေရာဂါ ျပည္တြင္းထိန္းခ်ဳပ္မႈမ်ား ျပန္လည္ျပဳလုပ္နိင္ပါက ေထာင္ဝင္စာ (ဧည့္ေတြ႕)မ်ားကို ျပန္လည္ဖြင့္ေပးသြားမွာျဖစ္ေၾကာင္းသိရသည္။

မင္းမင္း

#PeopleMedia #EPN #ျမစ္ႀကီးနားအက်ဉ္းေထာင္ #COVID

(unicode)
မြစ်ကြီးနား အကျဉ်းထောင်တွင် ထောင်ဝင်စာ(ဧည့်တွေ့)များ ပိတ်ပင်
……………………………………

မြစ်ကြီးနား၊ စက်တင်ဘာ ၁၀

မြစ်ကြီးနား အကျဉ်းထောင်တွင် ကိုဗစ် ၁၉ ရောဂါ မဖြစ်ပွားအောင် ယခုလ သောကြာနေ့က စပြီး ထောင်ဝင်စာ (ဧည့်တွေ့) များပိတ်ပင်ထားကြောင်း မြစ်ကြီးနားအကျဉ်းထောင်မှ သိရသည်။

လက်ရှိ ကိုဗစ် ၁၉ ရောဂါအခြေနေဟာ ပြည်တွင်းကူးစက်မှုများကြောင့် မြစ်ကြီးနားအကျဉ်းထောင်တွင် ဧည့်တွေ့များကို ပိတ်ပင်ထားကြောင်း မြစ်ကြီးနားအကျဉ်း ထောင်ပိုင်ကြီး ဦးဇော်ထွန်းဦးက ပြောသည်။

“ပြီးခဲ့တဲ့ သောကြာနေ့က လူတွေ့ တွေကိုပိတ်ထားတာပါ။ပါဆယ်တွေ ပစ္စည်းတွေတော့ ပေးလို့ရတယ်။ ဘာကြောင့်ပိတ်လဲဆိုတော့ ကိုဗစ်ပြည်တွင်းကူးစက်မှုတွေဖြစ်လာလို့ ။တခြားအကြောင်းအရာတော့ မပါဘူး။ကိုဗစ်ကျန်းမာရေးကြောင့်” ဟု ၎င်းက ပြောသည်။

အကျဉ်းသားများကိုတော့ အရင်ကလိုပဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွန်းကြားထားသည့်အတိုင်း လက်ဆေးခြင်း၊မက်စ် တပ်ခြင်းတို့ကို လုပ်ဆောင်ထားကြောင်း ၎င်းကဆက်လက်ပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်ရောဂါ ပြည်တွင်းထိန်းချုပ်မှုများ ပြန်လည်ပြုလုပ်နိင်ပါက ထောင်ဝင်စာ (ဧည့်တွေ့)များကို ပြန်လည်ဖွင့်ပေးသွားမှာဖြစ်ကြောင်းသိရသည်။

မင်းမင်း

#PeopleMedia #EPN #မြစ်ကြီးနားအကျဉ်းထောင် #COVID


Share this post