• Follow Us on

Home မြန်မာစစ်တပ်ကို ဖေ့စ်ဘွတ်နှင့် အင်စတာဂရမ်တို့မှ အကန့်အသတ်မရှိ ပိတ်ပင်

မြန်မာစစ်တပ်ကို ဖေ့စ်ဘွတ်နှင့် အင်စတာဂရမ်တို့မှ အကန့်အသတ်မရှိ ပိတ်ပင်

Share this post

လော့စ်အိန်ဂျယ်လိစ်၊ ဖေဖော်ဝါရီ ၂၅

 

မြန်မာစစ်တပ်(တပ်မတော်)၏ ကျန်ရှိနေသောနှင့် သူတို့ထိန်းချုပ်ထားသောအစိုးရပိုင်မီဒီယာများ၊ စစ်တပ်ပိုင်စီး ပွားရေးလုပ်ငန်းများ၏ ကြော်ငြာများကို ဖေ့စ်ဘွတ်နှင့် အင်စတာဂရမ်တို့မှ အချိန်အကန့်အသတ်မရှိ ပိတ်ပင် ကြောင်း ဖေ့စ်ဘွတ်ကုမ္ပဏီက ထုတ်ပြန်သည်။

 

လူသေဆုံးမှုရှိခဲ့သည့် အကြမ်းဖက်မှုများအပါအဝင် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်စဉ်များကြောင့် ယခုကဲ့သို့ပိတ်ပင်ရန်လိုအပ်လာခြင်းဖြစ်ကြောင်း ဖေ့စ်ဘွတ်ကုမ္ပဏီ၏ အာရှနှင့် ပစိဖိတ် ဒေသဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ မူဝါဒရေးရာညွှန်ကြားရေးမှူး ရာဖေး ဖရန်ကယ်ကပြောသည်။

 

တပ်မတော်၏ စာမျက်နှာများကို ဖေ့စ်ဘွတ်နှင့် အင်စတာဂရမ်တွင် ဆက်လက်ထားရှိပါက အလွန်အန္တ ရာယ်များသည်ဟုလည်းပြောသည်။

 

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်ရှာဖွေရေးမစ်ရှင်က ၂၀၁၉ ခုနှစ်တွင်ထုတ်ပြန်သည့် အစီရင်ခံ စာကိုကိုးကားပြီး တပ်မတော်နှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းများ၏ကြော်ငြာများကိုလည်း ပိတ် ပင်လိုက်ကြောင်း အသိပေးသည်။

 

တပ်မတော်ကထိန်းချုပ်ခြင်းနှင့် စီမံလည်ပတ်ခြင်းများရှိနေသည့်အကောင့်နှင့် စာမျက်နှာ ၂၃ ခုမှ အကြောင်း အရာများကိုလည်း ဖြန့်ဝေမှုလျှော့ချခဲ့ပြီး လူမြင်တွေ့မှုနည်းစေရန် အရေးယူခဲ့သည်ဟု ပြောသည်။

 

အာဏာသိမ်းမှုနောက်ပိုင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး၊ MRTV နှင့် MRTV Live ဖေ့စ်ဘွတ်စာမျက်နှာ များကို ပူးပေါင်းအန္တရာယ်ဖြစ်စေမှုနှင့် အကြမ်းဖက်မှုများဖြစ်စေရန်လှုံ့ဆော်မှုများတားမြစ်ရေးဆိုင်ရာလူမှု အသိုက်အဝန်းစံနှုန်များ ထပ်ကာထပ်ကာချိုးဖောက်မှုဖြင့် ဖေ့စ်ဘွတ်မှဖယ်ရှားခဲ့သည်။

မရှိမဖြစ်လိုအပ်သော အများပြည်သူဆိုင်ရာဝန်ဆောင်မှုပေးသည့်အစိုးရဌာနများဖြစ်သော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ကဲ့သို့သော စာမျက်နှာများကို ဖယ်ရှားခြင်းမပြုဟု ဖေ့စ်ဘွတ်က ထုတ်ပြန်သည်။

 

Ref : An update on the Situation in Myanmar

 

#PeopleMedia

 

(unicode)

…………………………………………………..








Ref : An update on the Situation in Myanmar

#PeopleMedia


Share this post