• Follow Us on

Home မြန်မာစစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် မြန်မာသံအမတ်ဟောင်းကို နေအိမ်ကထွက်သွားဖို့ ဗြိတိန်အစိုးရ တောင်းဆို

မြန်မာစစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် မြန်မာသံအမတ်ဟောင်းကို နေအိမ်ကထွက်သွားဖို့ ဗြိတိန်အစိုးရ တောင်းဆို

Share this post

နိုင်ငံတကာ၊ မတ် ၁၁

 

ဗြိတိန်နိုင်ငံမှာရှိတဲ့ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို ၎င်းနေထိုင်တဲ့လန်ဒန်က သံအမတ်ကြီးအိမ် ကနေ ထွက်ခွာသွားဖို့ ဗြိတိန်အစိုးရက တောင်းဆိုလိုက်ပါတယ်။

 

ဦးကျော်စွာမင်းဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အစိုးရတက်လာပြီးနောက် သူ့ကိုဖြုတ်ချလိုက်ပေမဲ့လည်း အဲဒီသံအမတ်ကြီးနေအိမ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။

 

အခု ဦးကျော်စွာမင်းကို အဲဒီအိမ်ကနေထွက်သွားဖို့ ဗြိတိန်အစိုးရကတောင်းဆိုလိုက်တာဟာ စစ်အစိုးရထံက ဖိအားတွေကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးဖို့ ဦးကျော်စွာမင်းက တောင်းဆိုခဲ့ပြီးနောက် သူ့ကို ရာထူးကနေထုတ်ပယ်ခဲ့ပြီး သံရုံးကနေ နှင်ထုတ်ခဲ့ပါ တယ်။

 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါသထွက်ခဲ့ကြပြီး ဗြိတိန်အပါအဝင် နိုင်ငံအတော်များများက မြန်မာနိုင်ငံကို စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ နိုင်ငံတစ်ဝန်းမှာ လည်း ဆူပူအုံကြွဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

 

သံအမတ်အဖြစ် ရာထူးကနေ ဖြုတ်ချခံလိုက်ရပြီးကတည်းက ဦးကျော်စွာမင်းဟာ လန်ဒန်အနောက်မြောက် ဘက်မှာရှိတဲ့ အဲဒီသံအမတ်ကြီးနေအိမ်မှာ ဆက်လက်နေထိုင်ခဲ့တာဖြစ်ပါတယ်။

 

ဘလိပ်ဓားသံဆူးကြိုးတွေ၊ CCTV ကင်မရာတွေတပ်ဆင်ထားတဲ့ အဲဒီအိမ်ကို သံရုံးကိုပြန်လည်အပ်နှံခြင်းမရှိဘဲ ဆက်လက်နေထိုင်ခဲ့ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက စစ်အစိုးရဟာ တရားဝင်အစိုးရမဟုတ်တဲ့အတွက် အဲဒီသံအမတ်ကြီးနေအိမ်ကို သံရုံးကိုပြန်အပ် ဖို့ ဦးကျော်စွာမင်းက ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

“မြန်မာသံအမတ်ကြီးအိမ်မှာ လူကြီးမင်းဆက်လက်နေထိုင်နေတာနဲ့ ပတ်သက်ပြီး ဒီပြဿနာကို ရှင်းလင်းပေး ဖို့ စစ်အစိုးရထံက ကျွန်ုပ်တို့ဆီကို ဖိအားပေးနေပါတယ်။” လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိ တစ်ဦးက ဦးကျော်စွာမင်းထံ မတ်လ ၄ ရက်နေ့က ပေးပို့တဲ့ အီးမေးလ်ထဲမှာ ရေးသားထားပါတယ်။

 

ဦးကျော်စွာမင်း အဲဒီသံအမတ်ကြီးအိမ်မှာ ဆက်လက်နေထိုင်နေတာဟာ ဗြိတိန်နိုင်ငံအတွက် တရားရေးပြဿ နာတွေ အငြင်းပွားဖွယ်ရာရှိနေကြောင်း ဖော်ပြထားပြီး လွန်ခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက ဗြိတိန်အစိုးရ က ဦးကျော်စွာမင်းထံ စာပေးပို့ထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။

 

Ref: EXCLUSIVE-UK urges ex-Myanmar ambassador to leave London home citing junta ‘pressure’

 

#PeopleMedia

 

(unicode)


…………………………………..

 


 


 


 


 


 


 



 


 

Ref: EXCLUSIVE-UK urges ex-Myanmar ambassador to leave London home citing junta ‘pressure’

 

#PeopleMedia


Share this post