• Follow Us on

Home မြန်မာစစ်အစိုးရနှင့် သွားရောက်တွေ့ဆုံမှုကို ဝေဖန်ခဲ့သည့် မလေးရှားဝန်ကြီးကို မောက်မာရိုင်းစိုင်းသူဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောဆို

မြန်မာစစ်အစိုးရနှင့် သွားရောက်တွေ့ဆုံမှုကို ဝေဖန်ခဲ့သည့် မလေးရှားဝန်ကြီးကို မောက်မာရိုင်းစိုင်းသူဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောဆို

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၂ (People Media)

 

မြန်မာနိုင်ငံမှ စစ်အစိုးရနှင့် အငြင်းပွားဖွယ်ရာ သွားရောက်တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မိကြောင်း ဝေ ဖန်ခဲ့သည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မောက်မာရိုင်းပျပြီး ယဉ်ကျေးမှုမရှိခြင်းအပေါ်  ကမ္ဘောဒီးယား  ဝန်  ကြီးချုပ် ဟွန်ဆန်က မလေးရှားဝန်ကြီးအား တိုက်ရိုက်ဝေဖန်ပြောဆိုလိုက်သည်။

 

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေစဉ်အတွင်း ဇန်နဝါရီ လ ၇ ရက်နေ့ကသွားရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်သည် အာဆီယံအဖွဲ့က မြန်မာစစ်အစိုးရကို တရားဝင်အ သိအမှတ်ပြုသယောင် အဓိပ္ပာယ်ကောက်ယူသွားနိုင်သည့်အန္တရာယ်ရှိသည်ဟု အာဆီယံနိုင်ငံအချို့က သံသယ ရှိနေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖက်ဒင်အဗ္ဗဒူလာက လွန်ခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့ ခြင်းဖြစ်သည်။

 

ဟွန်ဆန်အနေဖြင့် မြန်မာနိုင်ငံသို့ မသွားရောက်မီ အာဆီယံနိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် အရင်ဆုံးဆွေးနွေး တိုင်ပင်သင့်ကြောင်း ဝန်ကြီး ဆိုင်ဖက်ဒင်အဗ္ဗဒူလာက ပြောသည်။

 

ဟွန်ဆန်က အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုကိုနှင့် ဇန်နဝါရီလ ၂၁ ရက်နေ့က ဖုန်းပြောကြားရာတွင် ၎င်း၏ မြန်မာ နိုင်ငံခရီးစဉ်အကြောင်းကို ကာကွယ်ပြောဆိုသွားသလို မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖက်ဒင်အဗ္ဗဒူလာ ပြောဆိုမှုကိုလည်း ပြစ်တင်ဝေဖန်ခဲ့ကြောင်း အစိုးရပိုင် TVK ရုပ်သံဌာနက ထုတ်လွှင့်သွားသည်။

 

“မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အာဆီယံခေါင်းဆောင်တွေအပေါ် အထူးသဖြင့် အာဆီယံဥက္ကဋ္ဌအပေါ် ဒီလို မသင့်လျော်တဲ့မှတ်ချက်တွေနဲ့အတူ အလွန်မောက်မာရိုင်းပျစွာမပြောဆိုသင့်ဘူး။ သူက ယဉ်ကျေးမှုမရှိတဲ့ သူပဲဗျ။” ဟု ဟွန်ဆန်စကားကို ကိုးကား၍ သတင်းဌာနကဖော်ပြခဲ့သည်။

 

ဝန်ကြီးချုပ်ဟွန်ဆန်၏ မှတ်ချက်စကားနှင့်ပတ်သက်၍ မလေးရှားနိုင်ငံခြားရေးဝန်ကြီးထံမှ တုံ့ပြန်ပြောကြားမှု မရရှိသေးပေ။

 

အာဆီယံအဖွဲ့အနေဖြင့် မတူကွဲပြားမှုများ၊ ပေါင်းစည်းမှုများ၊ စစ်မှန်ထိရောက်သော စီးပွားရေးနှင့် နိုင်ငံရေးပေါင်း စည်းမှုများနှင့် နိုင်ငံတကာအလယ်တွင် ပုံရိပ်မြှင့်တင်ရန်နည်းလမ်းများရှာဖွေနေစဉ် လွန်ခဲ့သည့် နှစ်က မြန်မာ  နိုင်ငံတွင် စစ်အာဏာသိမ်းမှုမှာ အာဆီယံအဖွဲ့အတွက် အဓိကပြဿနာတစ်ခုဖြစ်ခဲ့သည်။

 

မြန်မာနိုင်ငံကို အကောင်းဆုံးဖြစ်အောင် မည်သို့ိုကိုင်တွယ်ဆောင်ရွက်မည်ဆိုသည့်အရေးနှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာခဲ့သည်။

 

ဘရူနိုင်းနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသည့် လွန်ခဲ့သည့်နှစ်က အာဆီယံကချမှတ် ထားသည့် ငြိမ်းချမ်းရေးဆိုင်ရာဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရန်ပျက်ကွက်သည်ဆို သည့်အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံအား အရေးကြီးသည့်အာဆီယံအစည်းအဝေးများတက်ရောက်ခွင့်ကို ပိတ်ပင်တားမြစ်ခဲ့သည်။

 

အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ် ကမ္ဘောဒီးယားနိုင်ငံကမူ မြန်မာစစ်ဗိုလ်ချုပ်များအား အထီးကျန်ပစ်မထားဘဲ မြန်မာစစ်အစိုးရနှင့် ဆက်ဆံလိုကြောင်း သဘောထားထုတ်ဖော်ပြသခဲ့သည်။

 

ဝန်ကြီးချုပ်ဟွန်ဆန်က ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ သစ်ပင်စိုက်ပျိုးရန် သွားရောက်ခြင်းဖြစ်ပြီး သစ်ပင်ခုတ်ရန် သွားရောက်ခြင်းမဟုတ်ကြောင်း၊ ဆိုင်ဖက်ဒင်၏ ပြောဆိုချက်များမှာ အာဆီယံမူဘောင်နှင့် ကိုက်ညီမှုမရှိ ကြောင်း ပြောဆိုခဲ့သည်။

 

Ref: Cambodia PM chides ‘arrogant’ Malaysia minister for questioning junta visit

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Cambodia PM chides ‘arrogant’ Malaysia minister for questioning junta visit

 

#PeopleMedia


Share this post