• Follow Us on

Home မြန်မာစစ်အစိုးရ အာဆီယံအစည်းအဝေးများ တက်ခွင့်ရှိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

မြန်မာစစ်အစိုးရ အာဆီယံအစည်းအဝေးများ တက်ခွင့်ရှိကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၆ (People Media)

 

မြန်မာစစ်ခေါင်းဆောင်များနှင့် ဆွေးနွေးရန် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်နိုင်ရေးစီစဉ်နေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပြောဆိုလိုက်ပြီးနောက် အာဆီယံအစည်းအဝေးများ တက်ရောက်ရန်အ တွက် မြန်မာစစ်အစိုးရအရာရှိများကို ဖိတ်ကြားသင့်ကြောင်း ပြောကြားလိုက်သည်။

 

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံထဲတွင်ပါဝင်သော မြန်မာနိုင်ငံသည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာ ဏာသိမ်းခဲ့ပြီးနောက် အာဆီယံနိုင်ငံများကြား သဘောတူညီမှုမရခဲ့သဖြင့် အောက်တိုဘာလအတွင်းက ဘရူ နိုင်းတွင်ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များနှစ်ပတ်လည်အစည်းအဝေးသို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဖိတ်ကြားခဲ့ခြင်းမရှိပေ။

 

ကမ္ဘောဒီးယားနိုင်ငံသည် လာမည့်နှစ်တွင် ဒေသတွင်းအာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန် ထမ်း ဆောင်ရမည်ဖြစ်သည်။ သို့သော် အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးသည် အာဆီယံကို ကိုယ်စားပြုကြောင်း ဒီဇင်ဘာ  ၆ ရက်နေ့တွင် ဟွန်ဆန်က ပြောသည်။

 

“မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံဖြစ်ပါတယ်။ သူတို့ (မြန်မာစစ်ခေါင်းဆောင်များ) မှာ အာဆီယံ အ စည်းအဝေးတွေကို တက်ရောက်ဖို့ အခွင့်အရေးရှိရပါမယ်” ဟု တရုတ်နိုင်ငံကထောက်ပံ့ထားသည့် ဆောက် လုပ်ရေးလုပ်ငန်းစီမံချက်တစ်ခု၏ ဖွင့်ပွဲအခမ်းအနားတွင် ဟွန်ဆန်က ပြောသည်။

 

မြန်မာစစ်ခေါင်းဆောင်က ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံသို့ ဒီဇင်ဘာလ ၇ ရက် နေ့တွင် သွားရောက်လည်ပတ်ရန်စီစဉ်ထားပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကလည်း ၎င်းအနေဖြင့် မြန်မာ  နိုင်ငံသို့ မကြာမီသွားရောက်လည်ပတ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

“နေပြည်တော်မှာရှိတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ ရှိနေ ပါတယ်။ အဲဒီစစ်ခေါင်းဆောင်တွေနဲ့ ပူးတွဲအလုပ်မလုပ်ဘူးဆိုရင် ကျွန်တော် ဘယ်သူနဲ့အလုပ်လုပ်ရမှာလဲ” ဟု ဟွန်ဆန်ကပြောသည်။

 

နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရဟူသော အာဆီယံက ကာလရှည်ကိုင်စွဲထား သည့် သဘောတူညီချက်ကို ဟွန်ဆန်က ရည်ညွှန်းပြောဆိုခဲ့သည်။ “အာဆီယံချာတာအရ ဘယ်နိုင်ငံကမှ တ ခြားအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို ထုတ်ပယ်ခွင့်မရှိပါဘူး” ဟု ၎င်းကပြောသည်။

 

နိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်အစိုးရကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြုတ်ချခဲ့ပြီးနောက် မြန်မာနိုင်ငံသည် အကြပ်အတည်းကာလအတွင်းသို့ရောက်ရှိခဲ့ရသည်။

 

Ref: Cambodian PM says Myanmar junta has right to attend ASEAN

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Cambodian PM says Myanmar junta has right to attend ASEAN

 

#PeopleMedia


Share this post