• Follow Us on

Home မြန်မာစစ်ခေါင်းဆောင်များ နောက်ပြန်ဆုတ်မည့်အရိပ်လက္ခဏာမတွေ့ရ

မြန်မာစစ်ခေါင်းဆောင်များ နောက်ပြန်ဆုတ်မည့်အရိပ်လက္ခဏာမတွေ့ရ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉ (People Media)

 

အာဏာသိမ်းနှစ်ပတ်လည်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၁ ရက်နေ့ နီးကပ်လာသော်လည်း မြန်မာနိုင်ငံမှ အာဏာ သိမ်းစစ်ခေါင်းဆောင်များအနေဖြင့် ပြည်တွင်း/ ပြည်ပမှ ဖိအားများကို လက်လျှော့အရှုံးပေးသွားမည့်အရိပ်လက္ခ ဏာမတွေ့ရပေ။

 

နိုင်ငံတွင်းရှိ ပြည်သူအများစုနှင့် ကင်းကွာနေသည့်တိုင် အာဏာသိမ်းစစ်အစိုးရသည် အနာဂတ်အတွက် ၎င်းတို့ ကြေညာထားသည့်စီမံချက်အတိုင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည့်ပုံရှိသည်။ မြန်မာ့တပ်မတော် သည် အနာဂတ်ကာလနိုင်ငံရေးအခန်းကဏ္ဍတွင်လည်း အဓိကနေရာရာက ပါဝင်သွားမည်ဖြစ်သည်။

 

ရွေးကောက်ခံအစိုးရကိုဖြုတ်ချလိုက်ပြီးနောက် နိုင်ငံတစ်ဝန်းဆန္ဒုပြပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး ယခု အချိန်တွင် ကြိုကြားကြိုကြား ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ ထိုးကျလာသောစီးပွားရေးနှင့်အတူ မြန်မာငွေ ကြေးတန်ဖိုးမှာလည်း ၆၀ ရာခိုင်နှုန်းအထိ နိမ့်ဆင်းလာခဲ့သည်။

 

စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော NLD ပါတီဝင် အများအပြားသည် မြေ အောက်သို့အများအပြားရောက်ရှိသွားပြီး မြန်မာ့တပ်မတော်ကို နှစ်ပေါင်းများစွာတိုက်ခိုက်နေသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သွားရောက်ပူးပေါင်းခဲ့ကြရာ ပြည်တွင်းစစ်ပွဲကြီးတစ်ခု မကြာမီဖြစ် ပေါ် လာနိုင်သည်ဟု ယုံကြည်ရသည်။ စစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ရန် ၂၀၂၁ ခုနှစ် မေလတွင် အမျိုးသား ညီညွတ်ရေးအစိုး၇ NUG နှင့် အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ NDF တို့ကို ဖွဲ့ စည်းခဲ့ကြသည်။

 

NUG အစိုးရက မြန်မာ့တပ်မတော် နိုင်ငံရေးလောကမှထွက်ခွာသွားရန်တောင်းဆိုလိုက်ပြီး တပ်မတော်က နိုင်ငံ ရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမှသာ NUG က တပ်မတော်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောသည်။ က ချင်တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ဖြစ်သော KIA နှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော KNA တို့မှာ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ NDF နှင့် ပူးပေါင်းပြီး အရပ်သားအတိုက်အခံများကို ပံ့ပိုးလျက်ရှိပြီး လတ် တလောကာလတွင် မြန်မာ့တပ်မတော်ကိုအရှိန်မြှင့်တိုက်ခိုက်လျက်ရှိသည်။  ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA ကလည်း မြန်မာ့တပ်မတော်ကို ကြိုကြားကြိုကြား တိုက်ခိုက်လျက်ရှိသည်။

 

သို့သော် တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့က စစ်လက်နက်ပစ္စည်းများထောက်ပံ့ထားပြီး တိုက်ပွဲအတွေ့အကြုံ များပြားသလို လက်နက်ခဲယမ်းကောင်းစွာတပ်ဆင်ထားသော အင်အား ၃၅၀,၀၀၀ ဝန်းကျင်ရှိ မြန်မာ့တပ်မ တော်ခေါင်းဆောင်များမှာ နောက်ပြန်ဆုတ်မည့်အရိပ်လက္ခဏာ မတွေ့ရပေ။

 

မြန်မာစစ်အစိုးရနှင့် ဆက်လက်အလုပ်လုပ်ကိုင်နေသည့် အိန္ဒိယနိုင်ငံမှ Bharat Electronics Limited ကုမ္ပဏီ ကို စီးပွားရေးပိတ်ဆို့အရေးယူရန် အတိုက်အခံအုပ်စုတစ်စုက အမေရိကန်အစိုးရကို တောင်းဆိုခဲ့သည်။ ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံကိုလက်နက်ရောင်းချခြင်းမပြုရန်၂၀၂၁ ခုနှစ် ဇွန်လတွင် ကုလသ မဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်ချမှတ်ခဲ့ရာ မဲမပေးဘဲ ကြားနေခဲ့သည့် နိုင်ငံပေါင်း ၃၆ နိုင်ငံတွင် အိန္ဒိယ၊ တရုတ်နှင့် ရုရှားနိုင်ငံတို့ပါဝင်သည်။

 

ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခွင့်မရဘဲ နေအိမ်အကျဉ်ချုပ်ကျနေသည့် ဒေါ်အောင်ဆန်းစုကြည်မှာလည်း မရေရာ သောနိုင်ငံရေးအနာဂတ်နှင့် ရင်ဆိုင်နေရသည်။ ဒီဇင်ဘာလ ပထမပတ်တွင် “လှုံ့ဆော်မှု” ၊ COVID-19 စည်း ကမ်းများချိုးဖောက်မှုတို့ဖြင့် ၎င်းအား အပြစ်ရှိကြောင်း တရားရုံးကဆုံးဖြတ်ခဲ့သည်။ အသက် ၇၆ နှစ်ရှိပြီဖြစ် သော ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၄ နှစ်၊ နိုင်ငံတော်သမ္မတဟောင်းဦးဝင်းမြင့်အား ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သည်။ NLD အစိုးရအဖွဲ့ဝင်အများအပြားမှာလည်း တရားစွဲဆိုခံထားရပြီး နိုင်ငံရေးသမားနှင့် တက်   ကြွလှုပ်ရှားသူ ၁၀၅၀၀ ကျော်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်။

 

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းမှ နိုင်ငံအများအပြားက ပြစ် တင်ရှုတ်ချခဲ့ကြသည်။ မြန်မာစစ်အစိုးရကို သတိကြီးကြီးထား ဆက်ဆံနေသည့် အိန္ဒိအစိုးရပင်လျှင် သိပ်မပြင်း ထန်သည့် ဝေဖန်ရေးကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

 

အိန္ဒိယအစိုးရအနေဖြင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို သြဇာလွှမ်းမိုးမှု ပိုမိုရရှိသွားမည်ကိုလည်း စိုးရိမ်ပါသည်။ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာဖိုရမ်များတွင် ပြစ်တင်ဝေဖန်ခံနေရသော မြန်မာစစ်အစိုးရဘက်က ကူညီရပ်တည်လျက်ရှိသည်။ ကုလသမဂ္ဂတွင် မြန်မာစစ်အစိုးရကို စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မည့်အဆိုအား အိန္ဒိနိုင်ငံကလည်း ပယ်ချခဲ့သည်။

 

Ref: Myanmar’s military leadership shows no sign of backing down as the first anniversary of its coup approaches

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Myanmar’s military leadership shows no sign of backing down as the first anniversary of its coup approaches

 

#PeopleMedia


Share this post