• Follow Us on

Home မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၄ ရက်နေ့အထိ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသူဦးရေ ၅၀ ကျော်အထိ ရှိလာဟု AAPP ထုတ်ပြန်

မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၄ ရက်နေ့အထိ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သေဆုံးသူဦးရေ ၅၀ ကျော်အထိ ရှိလာဟု AAPP ထုတ်ပြန်

Share this post

ရန်ကုန်၊ မတ် ၅ (People Media)

 

တပ်မတော်မှ အရေးပေါ်အခြေအနေကြေညာကာ နိုင်ငံတော်အာဏာအားရယူပြီးနောက် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် အသက်သေဆုံးသူဦးရေ ၅၀ ကျော် အထိရှိလာကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)မှ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ်လ ၄ ရက်နေ့အထိ စုစုပါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ် ဒဏ်ချမှတ်ခြင်းခံထားရသူ ၁၅၀၇ ဦးအထိရှိပြီး၊ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ ၃ ဦး၊ ဖမ်းဝရမ်းထုတ်ခြင်းခံ ထားရသောကြောင့် တိမ်းရှောင်နေသူ ၆၁ ဦးနှင့် ပြန်လည်လွတ်မြောက်လာသူ ၃၀၇ ဦးရှိကြောင်း ဖော်ပြထား သည်။

 

မတ် ၃ ရက်တွင် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မုံရွာ၊ မော်လမြိုင်၊ လွိုင်ကော်၊ ရေးမြို့၊ မြစ်ကြီးနား၊ ဖား ကန့်၊ ပြည်၊ ပုသိမ်၊ တောင်တွင်းကြီး၊ ရွှေဘို၊ မြန်အောင်နှင့်စလင်းမြို့တွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ဆန္ဒထုတ်သူများကို အင်အားသုံး ဖြိုးခွဲခဲ့ပြီး အဆိုပါဖြိုခွဲမှုကြောင့် သေဆုံးသူအများဆုံးမှာ ရန်ကုန်၊ မန္တလေးနှင့် မုံရွာမြို့များမှာ သေဆုံးမှုအများဆုံးဖြစ်သည်။

 

#PeopleMedia

 

(unicode)

……………………………………………………………………





#PeopleMedia


Share this post