• Follow Us on

Home မြန်မာတပ်မတော်တင့်တပ်ဖွဲ့မှ International Army Games 2021 ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တတ်ရောက်

မြန်မာတပ်မတော်တင့်တပ်ဖွဲ့မှ International Army Games 2021 ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တတ်ရောက်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂ (People Media)

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သြဂုတ်လ ၂၂ ရက်မှ စတင်ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games 2021 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေလျက်ရှိသော တင့်ကားပြိုင်ပွဲတွင် မြန်မာတပ်မတော် တင့် တပ်ဖွဲ့အနေဖြင့် အုပ်စုပွဲစဉ်များကို အဆင့်ဆင့်ကျော်ဖြတ်ကာ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ တတ်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရပါတယ်။

 

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် အုပ်စုပွဲစဉ်များဖြစ် တစ်စီးချင်းမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ (Individual Race) တွင် မာလီ၊ ကာဂျစ်စတန်နှင့် လာအို နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ ယှဉ်ပြိုင်ခဲ့ရာ သြဂုတ်လ ၂၂ ရက်တွင် တိုက်ယာဉ်အဖွဲ့ (၁) ပြိုင်ပွဲဝင်စံချိန် ၂၈ မိနစ် ၅၇ စက္ကန့်ဖြင့် ပထမနေရာ၌လည်းကောင်း၊ ဩဂုတ် ၂၅ ရက်တွင် တိုက်ယာဉ်အဖွဲ့(၂) သည် ပြိုင်ပွဲဝင်စံချိန် ၂၆ မိနစ် ၄၇ စက္ကန့်ဖြင့် ဒုတိယနေရာ၌လည်းကောင်း၊ ဩဂုတ် ၂၇ ရက်တွင် တိုက်ယာဉ်အဖွဲ့(၃) သည် ပြိုင်ပွဲဝင်စံချိန် ၃၀ မိနစ် ၄၅ စက္ကန့်ဖြင့် ဒုတိယနေရာ၌ လည်း ကောင်း စံချိန်များ အသီးသီးရရှိခဲ့ပြီး ယင်းပြိုင်ပွဲတွင် တိုက်ယာဉ်အဖွဲ့ ၃ ဖွဲ့ပေါင်း စံချိန် ၈၆ မိနစ် ၂၉ စက္ကန့်ဖြင့် အုပ်စု(၂) အသင်း ၈ သင်းတွင် ဒုတိယ ရရှိခဲ့သဖြင့် ကာဂျစ်စတန်၊ တာဂျစ် ကစ္စတန်၊ လာအို၊ တောင်အော့ ဆက်တီးယားနိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များနှင့်အတူ အကြိုဗိုလ်လုပွဲ တတ်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါ တယ်။

 

ထိုအကြိုဗိုလ်လုပွဲအဖြစ် လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race) သည် မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မမ အမြောက်အား ယာဉ်မောင်းလျက် ကျည် ၃ တောင့်ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ်ပစ် စက်သေနတ်ကျည် ၂၀ တောင့်အား ရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ်တွဲစက် သေနတ်ကျည် ၃၀ တောင့်အား ရပ်လျက်ပစ်ခတ်ခြင်းတို့ကို ယှဉ်ပြိုင်ရမည့် ပတ်လမ်းပုံစံ ၄ ခုအနက်မှ မဲနှိုက်၍ ကျရာပတ်လမ်းတွင် ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါ အကြိုဗိုလ်လုပွဲ ပွဲစဉ် ၂ ကို စက်တင်ဘာလ ၁ ရက်နေ့တွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော်တင့် တပ်ဖွဲ့ဝင်များသည် တင့်၏ လက်နက်စနစ်ချို့ယွင်းမှု၊ မိုးရွာသွန်း၍ ရာသီဥတုအခြေအနေအရ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ခဲ့ရမှုများကို မဆုတ်မနစ်သော ဇွဲလုံ့လများဖြင့် ရင်ဆိုင်ဖြတ်ကျော်လျက် ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၂၈ မိနစ် ၂၀ စက္ကန့်ဖြင့် (Division-2) ၏ အကြိုဗိုလ်လုပွဲ ပွဲစဉ် ၂ တွင် ပထမနေရာမှ ပန်းဝင်နိုင်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ထိ မှန်မှု အကောင်းဆုံးအသင်းလည်း ဖြစ်ခဲ့ကာ (Division-2) ၏ အုပ်စု ဒုတိယနေရာမှရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲ အဆင့်သို့ တတ်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

တင့်ကားမောင်းနှင်ပစ်ခက်ခြင်းပြိုင်ပွဲ Tank BiathIon (Division-2) ဗိုလ်လုပွဲ ပွဲစဉ်ကို မြန်မာ၊ ကာဂျစ်စတန်၊ တောင်အော့ဆတ်တီးယား ၊ တာဂျစ်ကစ္စတန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များက စက်တင်ဘာ ၃ ရက်နေ့တွင် လည်း ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး၊ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် တင့်ကား မောင်းနှင်ပစ်ခတ် ခြင်းများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia# International Army Games 2021#ရုရှားနိုင်ငံ

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post