• Follow Us on

Home မြန်မာတပ်မတော်နှင့် ချိတ်ဆက်မှုရှိနိုင်သော စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် စီးပွားရေးဒဏ် ခတ်မှုများကြုံနိုင်ချေရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ထုတ်ပြန်

မြန်မာတပ်မတော်နှင့် ချိတ်ဆက်မှုရှိနိုင်သော စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် စီးပွားရေးဒဏ် ခတ်မှုများကြုံနိုင်ချေရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ထုတ်ပြန်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၇ (People Media)

 

မြန်မာတပ်မတော်နှင့် ချိတ်ဆက်မှုရှိနိုင်သော စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးဒဏ်ခတ်မှုများ ကြုံနိုင်ချေရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ ရုံးမှ ထုတ်ပြန်လိုက်သည်။

 

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်သည့်အခါ ကြုံတွေ့နိုင်သည့် အန္တရာယ်များတိုးပွားလာမှု စပ်လျဉ်းပြီး အများပြည်သူသိရှိနိုင်စေရန် စီးပွားရေးအကြံပြုချက်တစ်ခုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ အမိမြေလုံခြုံရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကုန်သွယ်ရေးအထူး ခံစားခွင့်ဆိုင်ရာအစီအစဉ်၏ အုပ်ချုပ်ရေးမှူး၏ရုံးတော်နှင့် အတူဘဏ္ဍာရေးဝန်ကြီးဌာနမှ ပူးပေါင်းထုတ် ပြန်လိုက်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

အဂတိလိုက်စားမှုနှင့် အခြားသော တားမြစ်ထားသည့်ဘဏ္ဍာရေး ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး အကြီးမားဆုံး အန္တရာယ်ရှိနိုင်သည့် လုပ်ငန်းများမှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ ကျောက်မျက်နှင့် တန်ဖိုးကြီး ဓါတ် သတ္တုများ၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းများ စစ်လက်နက်ပစ္စည်းကိရိယာများနှင့် ဆက်စပ်သော အမှုကိစ္စရပ်များဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

စစ်တပ်နှင့် ထိတွေ့ဆက်ဆံမှုရှိနိုင်သော သို့မဟုတ် အတူလုပ်ကိုင်ဆောင်ရွက်မှုရှိနိုင်သော သို့မဟုတ် ထောက်ပံ့ဖြည့်ဆည်းကွင်းဆက် ချိတ်ဆက်မှုရှိနိုင်သော စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အနေဖြင့် လိုအပ်သောအသေးစိတ်စိစစ်အကဲဖြတ်လေ့လာမှုများ မပြုလုပ်ထားလျှင် အမေရိကန်ပြည်ထောင်စု ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် စီးပွားရေးဒဏ်ခတ်မှုများအပါအဝင် ကျော်ဇောမှု၊ ငွေကြေးနှင့် တရားဥပဒေကြောင်းဆိုင်ရာ အန္တရာယ်များကို ကြီးကြီးမားမားတွေ့ကြုံနိုင်ချေရှိကြောင်း ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးကို ချုပ်ကိုင်ရန် ကြိုးပမ်းအားထုတ်နေသော စစ်တပ်ကြောင့် တိုးပွား လာသောအန္တရာယ်များကို ပြန်လည်အကဲဖြတ်ရန်နှင့် လျှော့ချရန် စီပွားရေးလုပ်ငန်းများနှင့် ငွေကြေးအဖွဲ့ အစည်းများကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အားပေးတိုက်တွန်းကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံရုံး

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


Share this post