• Follow Us on

Home ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕မွ ပစ္ခတ္၍ ဘဂၤလားေဒ့ရ္ၷိဳင္ငံသားတစ္ဦးေသဆုံး

ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕မွ ပစ္ခတ္၍ ဘဂၤလားေဒ့ရ္ၷိဳင္ငံသားတစ္ဦးေသဆုံး

Share this post

ဘဂၤလားေဒ့ရ္ၷိဳင္ငံ အေရွ႕ေတာင္ပိုင္း ေကာ့ဘဇာၿမိဳ႕က တကၠနက္ဥပါဇီလာေဒသမွာ ဘဂၤလားေဒ့ရွ္ အမ်ိဳးသားတစ္ဦးကို ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕က ပစ္သတ္ခဲ့တယ္လို႔ dhakatribune ကေဖာ္ျပခဲ့ပါ တယ္။

အသက္ ၃၅ ႏွစ္အရြယ္ ႏူအာ မူဟာမက္ ဟာ နာ႔ဖ္ျမစ္အတြင္း ငါးဖမ္းေနစဉ္ ၾကာသပေတးေန႔ မနက္အေစာပိုင္းက ပစ္သတ္ခံခဲ့ရတာျဖစ္ၿပီး ေနာက္ထပ္ အသက္ ၃၀ အရြယ္ အေဖာ္တစ္ဦးလည္း ဒဏ္ရာရရွိခဲ့တယ္လို႔ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ဖြဲ႕အရာရွိတစ္ဦးက အတည္ျပဳေျပာၾကားခဲ့ပါတယ္။

အခုျဖစ္ရပ္ကို ၾကားသိခဲ့ၿပီးေနာက္ တကၠနက္ေဒသခံ ရဲတပ္ဖြဲ႕က ႏူအာအေလာင္းကို ဆယ္ယူခဲ့ၿပီး ဒဏ္ရာရသူကိုလည္း ေဆး႐ုံပို႔ေဆာင္ထားပါတယ္။

အခုျဖစ္ရပ္အတြက္ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္က ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ကို ေျဖရွင္းခ်က္ေတာင္းခံထားတယ္လို႔ dhakatribune မွာ ေဖာ္ျပထားပါတယ္။

Ref; dhakatribune

#PeopleMedia

[Unicode]
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ပစ်ခတ်၍ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားတစ်ဦးသေဆုံး
—————————–
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇာမြို့က တက္ကနက်ဥပါဇီလာဒေသမှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားတစ်ဦးကို မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တယ်လို့ dhakatribune ကဖော်ပြခဲ့ပါ တယ်။

အသက် ၃၅ နှစ်အရွယ် နူအာ မူဟာမက် ဟာ နာ့ဖ်မြစ်အတွင်း ငါးဖမ်းနေစဉ် ကြာသပတေးနေ့ မနက်အစောပိုင်းက ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး နောက်ထပ် အသက် ၃၀ အရွယ် အဖော်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့အရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။

အခုဖြစ်ရပ်ကို ကြားသိခဲ့ပြီးနောက် တက္ကနက်ဒေသခံ ရဲတပ်ဖွဲ့က နူအာအလောင်းကို ဆယ်ယူခဲ့ပြီး ဒဏ်ရာရသူကိုလည်း ဆေးရုံပို့ဆောင်ထားပါတယ်။

အခုဖြစ်ရပ်အတွက် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ဖြေရှင်းချက်တောင်းခံထားတယ်လို့ dhakatribune မှာ ဖော်ပြထားပါတယ်။
Ref; dhakatribune

#PeopleMedia


Share this post