• Follow Us on
Latest News

Home မြန်မာနိုင်ငံကို ရန်သူသဖွယ်ဆက်ဆံနေရင်တောင် မိတ်ဆွေဖြစ်အောင်ကြိုးစားဆောင်ရွက်မည်ဟု ဗိုလ်ချုပ်ဇော် မင်းထွန်း ပြောကြား

မြန်မာနိုင်ငံကို ရန်သူသဖွယ်ဆက်ဆံနေရင်တောင် မိတ်ဆွေဖြစ်အောင်ကြိုးစားဆောင်ရွက်မည်ဟု ဗိုလ်ချုပ်ဇော် မင်းထွန်း ပြောကြား

Share this post

နေပြည်တော်၊ မတ် ၂၄

 

မြန်မာနိုင်ငံကို ရန်သူသဖွယ် ဆက်ဆံနေရင်တောင် ယင်းနိုင်ငံအား မိတ်ဆွေဖြစ်အောင် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယနေ့ နေပြည်တော်၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့၏ (၁၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော် မင်းထွန်းက ပြောသည်။

 

“ကျွန်တော်တို့နိုင်ငံအနေနဲ့  အယူအဆကတော့ မိတ်ဆွေနိုင်ငံဘဲရှိပါတယ်။ ရန်သူနိုင်ငံရယ်လို့ မရှိပါဘူး။ ကျွန် တော်တို့ နိုင်ငံအပေါ်မှာ ရန်သူသဖွယ် ဆက်ဆံရင်တောင် အဲ့ဒီနိုင်ငံတွေရဲ့ သဘောထား ပြောင်းလဲလာအောင် မိတ်ဆွေဖြစ်လာအောင် အတက်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

နိုင်ငံခြားရေးမူဝါဒအနေဖြင့် မိမိနိုင်ငံသည် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံ အချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းသည့် မူဝါဒ(၃)ရပ်ကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကိုလည်း ဖွဲ့စည်းပုံအခြေခံ (၂၀၀၈) ပုဒ်မ ၄၁ တွင် အတိအလင်း ပြဠာန်း ထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

(unicode)


…………………………………………

 


 


 


 



Share this post