• Follow Us on

Home မြန်မာနိုင်ငံကို အာဆီယံနိုင်ငံများနှင့် ဥရောပနိုင်ငံများက လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ဒေါ်လာ ၄ သန်းကျော် အကူအညီပေးမည်

မြန်မာနိုင်ငံကို အာဆီယံနိုင်ငံများနှင့် ဥရောပနိုင်ငံများက လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ဒေါ်လာ ၄ သန်းကျော် အကူအညီပေးမည်

Share this post

နေပြည်တော်၊ သြဂုတ် ၁၉ (People Media)

 

မြန်မာနိုင်ငံကို အာဆီယံနိုင်ငံများနှင့် ဥရောပနိုင်ငံများက လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ဒေါ်လာ ၄ သန်းကျော် ငွေကြေးအကူအညီပေးမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရန် အာဆီယံအစည်းအဝေးကို နေပြည်တော်၌ သြဂုတ်လ ၁၈ ရက်နေ့တွင် Video Conference ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များ၏ သဘောတူညီချက် ၅ ချက်မှ စတုတ္ထမြောက်အချက် နှင့်အညီ အာဆီယံလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာနမှတစ်ဆင့် မြန်မာ နိုင်ငံသို့ အကူအညီများပေးအပ်ရေးများကို ဆွေးနွေးခဲ့ကြသည်။

 

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးနှင့်ပတ်သက်ပြီး ဘရူးနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် နယူးဇီလန်းနိုင်ငံတို့မှ ငွေကြေး အထောက်အပံ့အားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၀၀၀၀၀၊ သြစတြေးလျဒေါ်လာ ၅ သန်းနှင့်၊ ယူရို ၃၇၀၀၀၀ လှူဒါန်းမည်ဟု ကတိပြုပြောကြားခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုအကူအညီများကို မြန်မာနိုင်ငံအနေဖြင့် အဆင့်ဆင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဦးစားပေးအနေဖြင့် COVID-19 ရောဂါကူးစက်မှုအတွက် အရေးပေါ်လိုအပ်ချက်များကို အဓိကထားကူညီပေးမည်ဖြစ်ကြောင်း ယင်းထုတ် ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

အလားတူ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ လည်း ပစ္စည်းအားဖြင့် ကူညီမည်ဖြစ်ပြီး ငွေကြေးနှင့် ပစ္စည်းအထောက်အပံ့များအားလုံးကို စာနာထောက်ထား မှုအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန(AHA) မှတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #အာဆီယံ #နိုင်ငံခြားရေးဝန်ကြီးဌာန

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 



Share this post