• Follow Us on
Latest News

Home မြန်မာနိုင်ငံကို ဖြတ်သန်းထားသည့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးလမ်းကြောင်းသစ် စမ်းသပ်အောင်မြင်

မြန်မာနိုင်ငံကို ဖြတ်သန်းထားသည့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးလမ်းကြောင်းသစ် စမ်းသပ်အောင်မြင်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၆ (People Media)

 

မြန်မာနိုင်ငံကို ဖြတ်သန်းထားသည့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးလမ်းကြောင်းသစ် စမ်းသပ်အောင်မြင်ခဲ့ ကြောင်း Myanmar Logistics Guide မှ ထုတ်ပြန်ထားပါတယ်။

 

အဆိုပါလမ်းကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကိုဖြတ်သန်းထားသည့် ကုန်တွင်းကုန်သွယ်ရေးလမ်းကြောင်းသစ် တစ်ခုအဖြစ် ပထမဆုံးအနေဖြင့် အစမ်းသုံးကြည့်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် သင်္ဘောများအနေဖြင့် တောင်တရုတ်ပင်လယ်ဘက်မှ တစ်ပတ် ပတ်သွားပြီ တရုတ်နိုင်ငံပင်လယ် ကမ်းခြေဒေသမှတစ်ဆင့် ကုန်တွင်းပိုင်းပြည်နယ်တွေထံ အချိတ်အဆက်ပြုထားပြီး ရက်ရှည်ကြာသည့် လမ်း ကြောင်းများဖြစ်နေပြီး မြန်မာနိုင်ငံမှဖောက်ထွက်သည့်အတွက် ရက်ပေါင်း ၂၀ မှ ၂၂ ရက်အထိ ပိုမြန်ဆန်သွား သည်ဟု ဆိုသည်။

 

ဆက်လက်ပြီး သြဂုတ်လတွင် ပထမဆုံးအကြိမ် စမ်းသပ်မှုကို တရုတ်-မြန်မာစြင်္ကံတွင်ပြုလုပ်ခဲ့ပြီး အိန္ဒိယသမုဒ္ဒ ရာမှတစ်ဆင့် ရန်ကုန်ဆိမ်ကမ်းကိုရောက်ရှိလာသည့် ကွန်တိန်နာအလုံး ၆၀ ဝန်းကျင်ကို တရုတ်နယ်စပ် ချင်း ရွှေဟော်သို့ ကုန်းလမ်းဖြင့် ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ် နယ်စပ်မြို့ဖြစ်သည့် လင်ချမ်းမြို့သို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

အလားတူ တရုတ်-မြန်မာလမ်းကြောင်းသစ်ဟု အမည်ပေးထားသည့် ယူနန်ပြည်နယ်၊ လင်ချမ်းခရိုင်နှင့် မြန်မာ ပြည်တွင်းဆက်သွယ်မည့် တရုတ်ဘက်အခြမ်း ရထားလမ်းပိုင်းဖွင့်ပွဲကို ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းရှိ နယ် စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် ချင်းရွှေဟော်၏တစ်ဖက်ကမ်းတွင် တရုတ်နိုင်ငံ လင်ချမ်းခရိုင် အာဏာပိုင်တွေမှ သြဂုတ်လ ၂၅ ရက် နေ့လည်ပိုင်းအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Photo – Myanmar Logistics Guide

 

#PeopleMedia #MyanmarLogisticsGuide

 

(unicode)


……………………………………………………………………………

 


 


 


 


 


 


 

Photo – Myanmar Logistics Guide

 

#PeopleMedia #MyanmarLogisticsGuide


Share this post