• Follow Us on

Home မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာကြားနာပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက် ရောက်

မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာဆိုင်ရာကြားနာပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက် ရောက်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ (People Media)

 

ဂမ်ဘီယာနိုင်ငံသည် မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide) ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထား ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ် လျက်ရှိသည်။

 

အဆိုပါ ကြားနာပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်က ကိုယ်စားလှယ် (Agent) အဖြစ် လည်းကောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အလှည့်ကျကိုယ်စားလှယ် (Alternate Agent) အဖြစ် လည်းကောင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။

 

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ကနဦးကန့်ကွက်လွှာဆိုင်ရာ ကြားနာပွဲတွင်  “မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ တရားရုံးက ဤအမှုကို စီရင်ပိုင်ခွင့် မရှိကြောင်း (သို့မဟုတ်) လက်ခံကြားနာနိုင်မှုမရှိကြောင်း  ကန ဦးကန့်ကွက်လွှာ တင်သွင်းခြင်းသည် တရားရုံး၏ တရားစီရင်မှုလုပ်ထုံးလုပ်နည်းများအပေါ် ဆင်ခြေပေးကန့် သတ်ရန်အတွက် မဟုတ်ဘဲ တရားမျှတမှုကို တော်တည့်မှန်ကန်စွာ ဖော်ဆောင်နိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ နောင်ရက်များအတွင်း ပြုလုပ်သွားမည့် ကြားနာမှုများသည် အရေးပါပြီး ဤတရားရုံး၏ အနာဂတ် တရားစီရင်ရေးလုပ်ငန်းစဉ်များအပေါ် ထူးခြားသည့် အကျိုးသက်ရောက်မှုများစွာရှိမည်သာမက နိုင်ငံများ အကြား အပြည်ပြည်ဆိုင်ရာတရားရုံး (သို့မဟုတ်) ခုံရုံးများသို့ တင်သွင်းမည့် အမှုများအပေါ်လည်း အမှန်ပင် အကျိုးသက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း”  ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရအနေဖြင့် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အပေါ် ကိုလိုနီခေတ်အုပ်ချုပ်မှုမှ စတင်၍ အကြောင်းအကျိုးဆက်ကာ ဖြစ်ပေါ်လာခဲ့သည့် ရှည်လျားရှုပ်ထွေးလှသော ဤပြဿနာအား စေ့စပ်ညှိနှိုင်းအဖြေရှာ၍ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် ကြိုးစားလျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာ-တရုတ်-ဘင်္ဂလားဒေ့ရှ် (၃) နိုင်ငံအကြား သုံးပွင့်ဆိုင် သံတမန်ဆွေးနွေးပွဲများ ကျင်းပ၍လည်းကောင်း၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ လုပ်ငန်းအဖွဲ့များအကြား နှစ်နိုင်ငံသဘောတူညီချက်အရ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသည့် လူဦးရေစာရင်း ပြုစုမှုကို ပူးပေါင်း ဆောင်ရွက်၍ လည်းကောင်း ဖော်ဆောင်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ IDP စခန်းများတွင် နေထိုင် လျှက်ရှိသူများကို အခြားပြည်သူများနှင့်တန်းတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း၊ ယင်း IDP စခန်းများကို ရုပ်သိမ်းနိုင်ရေးအတွက်လည်း စတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဖြစ်ပေါ် တိုးတက်မှုများကိုကြည့်လျှင် မြန်မာနိုင်ငံအစိုးရ၏ ထိရောက်ပြီး အပြုသဘောဆောင်သည့် အဖြေရှာမှုနည်း လမ်းများအပေါ် အလေးအနက်ထားသည့် ဆန္ဒမှန်ကို သိရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် ယခုတရားစွဲဆိုမှုနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ ဆက်လက်လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို လိုက်နာဆောင်ရွက်လျက်ရှိကာ တရားရုံးမှ ချမှတ်ခဲ့သော ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်အတိုင်း အလေး ထား အကောင်အထည်ဖော်လျက်ရှိပြီး ပုံမှန်တင်သွင်းရမည့် အစီရင်ခံစာများကိုလည်း ဆက်လက် တင်သွင်း လျက်ရှိကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံတကာရှေ့နေများမှလည်း တရားရုံးသို့ လျှောက်လဲချက်ကို ဆက်လက် တင်သွင်းခဲ့ကြသည်။

 

ဂမ်ဘီယာနိုင်ငံ၏ ပထမအကြိမ် နှုတ်ဖြင့် လျှောက်လဲမှုကို ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲမှုများအပေါ် တန်ပြန်လျှောက်လဲမှုကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 

#PeopleMedia


Share this post