• Follow Us on

Home မြန်မာနိုင်ငံဆိုင်ရာအကြပ်အတည်းကို အာဆီယံတွင်ဆွေးနွေးမည်

မြန်မာနိုင်ငံဆိုင်ရာအကြပ်အတည်းကို အာဆီယံတွင်ဆွေးနွေးမည်

Share this post

ဂျာကာတာ၊ ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံမှအခြေအနေများကို အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)ဖိုရမ်တွင် ဆွေးနွေးရန် ဘရူနိုင်းနှင့်အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးများက သဘောတူကြောင်း ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သည်။
နှစ်နိုင်ငံဆက်ဆံရေးနှင့် မြန်မာနိုင်ငံအရေးတို့ကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး၏ ဘရူနိုင်းနိုင်ငံခရီးစဉ်တွင် ဆွေးနွေးမည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သည်။
အာဆီယံဖိုရမ်တွင် မြန်မာနိုင်ငံအရေးဆွေးနွေးရန် မြှင့်တင်သွားရေး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန်တို မာဆူဒီနှင့် ဘရူနိုင်ငံနိုင်ငံခြားရေးဝန်ကြီး အီရီဝမ် ယူဆွတ်တို့က သဘောတူခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ဘရူနိုင်းနိုင်ငံသည် ယခုနှစ်အတွက် အာဆီယံအဖွဲ့အလှည့်ကျဥက္ကဌဖြစ်သည်။
ဖေဖော်ဝါရီ ၁ ရက်တွင် စစ်အာဏာသိမ်းမှုမှစတင်သောအကြပ်အတည်းမှ မြန်မာနိုင်ငံထွက်နိုင်စေရန်နှင့် ဒီမိုကရေစီအသွင်ပြောင်းမှုများဆက်လုပ်နိုင်စေရန် အာဆီယံက ကူညီနိုင်ကြောင်း မာဆူဒီက အလေးအနက်ပြောသည်။
မြန်မာနိုင်ငံတွင် အကြပ်အတည်းစဖြစ်ပြီးနောက်ပိုင်း အာဆီယံနိုင်ငံများ၊ အခြားနိုင်ငံများနှင့်သာမက ထိပ်တန်းကုလသမဂ္ဂအရာရှိများနှင့် အင်ဒိုနီးရှားနိုင်ငံကဆက်သွယ်ခားသည်။
Ref : ‘Myanmar crisis to be discussed on ASEAN forum’
#PeopleMedia
(unicode)
………………………
Ref : ‘Myanmar crisis to be discussed on ASEAN forum’

Share this post